Skip to main content
တရုတ္ ၀ီဂါမြတ္ဆလင္အေရးနဲ႕ပတ္သက္ၿပီး အုိေဇး၏ မွတ္ခ်က္မ်ားမွာ အသင္းႏွင့္ မသက္ဆုိင္ဟု အာဆင္နယ္ ေျဖရွင္းခ်က္ထုတ္ 
Ads Block

တရုတ္ ၀ီဂါမြတ္ဆလင္အေရးနဲ႕ပတ္သက္ၿပီး အုိေဇး၏ မွတ္ခ်က္မ်ားမွာ အသင္းႏွင့္ မသက္ဆုိင္ဟု အာဆင္နယ္ ေျဖရွင္းခ်က္ထုတ္ 

 

၀ီဂါ မြတ္ဆင္ လူနည္းစုေတြအေပၚ တရုတ္အစုိးရရဲ႕ ေပၚလစီေတြနဲ႕ပတ္သက္ၿပီး ၄င္းတုိ ့အသင္းရဲ႕ ကြင္းလယ္ကစားသမား မီဆြတ္ အုိေဇးက တြစ္တာနဲ႕ အင္စတာဂရမ္ေတြမွာ ေ၀ဖန္မွတ္ခ်က္ျပဳခဲ့တာေတြဟာ အသင္းနဲ႕ မသက္ဆုိင္ပါေၾကာင္း အဂၤလန္ေဘာလုံးကလပ္ အာဆင္နယ္အသင္းက စေနေန ့မွာ ေျဖရွင္းခ်က္ ထုတ္ခဲ့ပါတယ္။ 
“သူ ထုတ္ေဖာ္ေျပာဆုိတဲ့ အေၾကာင္းအရာဟာ အုိေဇးရဲ႕ ပုဂၢဳိလ္ေရး အျမင္သက္သက္သာျဇစ္ပါတယ္” လုိ ့ အာဆင္နယ္အသင္းက တရုတ္ႏုိင္ငံသုံး Weibo လူမႈကြန္ရက္ေပၚရွိ ၄င္းတုိ ့ကုိယ္ပုိင္အေကာင့္မွာ ပုိ ့စ္တင္ ေျပာဆုိခဲ့ပါတယ္။ ေဘာလုံးအသင္း တစ္သင္းအေနနဲ႕ အာဆင္နယ္ဟာ ႏုိင္ငံေရးကိစၥေတြမွာ ၀င္မပါဘူးဆုိတဲ့ စည္းမ်ဥ္းကုိ အစဥ္က်င့္သုံးပါေၾကာင္း ဆုိခဲ့ပါတယ္။ အုိေဇးရဲ႕ မွတ္ခ်က္ေတြနဲ႕ ပတ္သက္ၿပီး တြစ္တာမွာေတာ့ တနဂၤေႏြမနက္ပုိင္းအထိ ကလပ္အသင္းက ေျဖရွင္းခ်က္တင္ခဲ့ျခင္းမရွိေသးပါဘူး။ 
အုိေဇးတင္ခဲ့တဲ့ ပုိ ့စ္ေတြမွာ ၀ီဂါေတြကုိ “ဖိႏွိမ္မႈကုိ တြန္းလွန္ေသာ စစ္သည္ေတာ္မ်ား” လုိ ့ ေခၚဆုိခဲ့ကာ ၄င္းတုိ ့ေတြအေပၚ ႏွိပ္ကြပ္တဲ့ တရုတ္အစုိးရနဲ႕ ယင္းျဖစ္ရပ္ေတြအေပၚ ႏႈတ္ဆိတ္ေနၾကတဲ့ မြတ္ဆလင္ေတြကုိပါ ေ၀ဖန္ခဲ့ပါတယ္။ တရုတ္ႏုိင္ငံမွာ ကုိရမ္က်မ္းေတြ မီးရႈိ႕ခံရ၊ ဗလီေတြ ပိတ္သိမ္းခံရ၊ အစၥလာမ္မစ္ စာသင္ေက်ာင္းေတြ  ပိတ္ခံရ၊ ဘာသာေရး ေက်ာင္းသားေတြ တစ္ေယာက္ၿပီး တစ္ေယာက္ အသတ္ခံေနရေၾကာင္း၊ ဒါမ်ဳိးေတြျဖစ္ေနတာေတာင္ မြတ္ဆလင္ေတြ အခုထိ ၿငိမ္ေနၾကေၾကာင္း ကုိယ္တုိင္ မြတ္ဆလင္တစ္ဦးျဖစ္တဲ့ အုိေဇးက သူ႕ပုိ ့စ္ေတြမွာ ေျပာဆုိထားခဲ့ပါတယ္။ 
အာဆင္နယ္ရဲ႕ Weibo ပုိ ့စ္အေပၚ ေဒါသတႀကီး တုန္ ့ျပန္မွတ္ခ်က္ေပးမႈေတြ ရွိခဲ့ကာ အုိေဇးရဲ႕ ဂ်ာစီအကၤ်ီကုိ ကပ္ေၾကးနဲ႕ ကုိက္ျဖတ္ထားပုံကုိ တစ္ဦးက ျပသခဲ့ၿပီး၊ အျခားသူေတြကလည္း အုိေဇးကုိ အသင္းကေန ထုတ္ပယ္ပစ္ဖုိ ့ ေတာင္းဆုိခဲ့ၾကပါတယ္။ 
အုိေဇးရဲ႕ မွတ္ခ်က္စကားေတြဟာ စိတ္ပ်က္ ေဒါသထြက္စရာျဖစ္ၿပီး ဒီမွတ္ခ်က္ေတြဟာ ဆီေလ်ာ္မွန္ကန္မႈမရွိေၾကာင္း တရုတ္ေဘာလုံးအဖြဲ႕ခ်ဳပ္က The Paper သတင္းဌာနကုိ ေျပာဆုိပါတယ္။ အုိးေဇးရဲ႕ မွတ္ခ်က္ေတြေၾကာင့္ သူ႕ကုိ ႏွစ္သက္အားေပးေနၾကတဲ့ တရုတ္ပရိသတ္ေတြ နာက်င္ရမယ္ဆုိတာ သံသယျဖစ္စရာမရွိသလုိ တစ္ခ်ိန္တည္းမွာပဲ တရုတ္ျပည္သူေတြလည္း စိတ္ထိခုိက္ခံစားၾကရမွာျဖစ္ေၾကာင္း ဒီ အေၾကာင္းအရာကုိ မိမိတုိ ့ လက္မခံႏုိင္ပါေၾကာင္း တရုတ္ေဘာလုံးအဖြဲ႕ခ်ဳပ္မွ အမည္မေဖာ္လုိတဲ့ တာ၀န္ရွိသူတစ္ဦးက ေျပာဆုိခဲ့ပါတယ္။ 
ကုလသမဂၢနဲ႕ လူအခြင့္အေရးအုပ္စုေတြရဲ႕ အဆုိအရ ေပက်င္းရဲ႕ အၾကမ္းဖက္၀ါဒ  တုိက္ဖ်က္ေရး အစီအမံအရ ရွင္က်န္ျပည္နယ္မွာ ၀ီဂါမြတ္ဆလင္အမ်ားစုပါ၀င္တဲ့ လူဦးေရ တစ္သန္းကေန ႏွစ္သန္း ၾကားေလာက္ဟာ  ဆုိး၀ါးတဲ့အေျခအေနေတြနဲ႕ ထိန္းသိမ္းခံထားရတယ္လုိ ့ ဆုိပါတယ္။ တရုတ္အစုိးရကေတာ့ ၀ီဂါေတြအေပၚ မတရားဖိႏွိပ္တာမ်ဳိးမရွိေၾကာင္း အႀကိမ္ႀကိမ္ ျငင္းပယ္ထားပါတယ္။ 

- ကုိလင္း(အကုန္သိ သတင္းဌာန)  | Ref : Reuters 

Unicode Version 

 

 

ဝီဂါ မွတ်ဆင် လူနည်းစုတွေအပေါ် တရုတ်အစိုးရရဲ့ ပေါ်လစီတွေနဲ့ပတ်သက်ပြီး ၎င်းတို့အသင်းရဲ့ ကွင်းလယ်ကစားသမား မီဆွတ် အိုဇေးက တွစ်တာနဲ့ အင်စတာဂရမ်တွေမှာ ဝေဖန်မှတ်ချက်ပြုခဲ့တာတွေဟာ အသင်းနဲ့ မသက်ဆိုင်ပါကြောင်း အင်္ဂလန်ဘောလုံးကလပ် အာဆင်နယ်အသင်းက စနေနေ့မှာ ဖြေရှင်းချက် ထုတ်ခဲ့ပါတယ်။ 
“သူ ထုတ်ဖော်ပြောဆိုတဲ့ အကြောင်းအရာဟာ အိုဇေးရဲ့ ပုဂ္ဂိုလ်ရေး အမြင်သက်သက်သာဇြစ်ပါတယ်” လို့ အာဆင်နယ်အသင်းက တရုတ်နိုင်ငံသုံး Weibo လူမှုကွန်ရက်ပေါ်ရှိ ၎င်းတို့ကိုယ်ပိုင်အကောင့်မှာ ပို့စ်တင် ပြောဆိုခဲ့ပါတယ်။ ဘောလုံးအသင်း တစ်သင်းအနေနဲ့ အာဆင်နယ်ဟာ နိုင်ငံရေးကိစ္စတွေမှာ ဝင်မပါဘူးဆိုတဲ့ စည်းမျဉ်းကို အစဉ်ကျင့်သုံးပါကြောင်း ဆိုခဲ့ပါတယ်။ အိုဇေးရဲ့ မှတ်ချက်တွေနဲ့ ပတ်သက်ပြီး တွစ်တာမှာတော့ တနင်္ဂနွေမနက်ပိုင်းအထိ ကလပ်အသင်းက ဖြေရှင်းချက်တင်ခဲ့ခြင်းမရှိသေးပါဘူး။ 
အိုဇေးတင်ခဲ့တဲ့ ပို့စ်တွေမှာ ဝီဂါတွေကို “ဖိနှိမ်မှုကို တွန်းလှန်သော စစ်သည်တော်များ” လို့ ခေါ်ဆိုခဲ့ကာ ၎င်းတို့တွေအပေါ် နှိပ်ကွပ်တဲ့ တရုတ်အစိုးရနဲ့ ယင်းဖြစ်ရပ်တွေအပေါ် နှုတ်ဆိတ်နေကြတဲ့ မွတ်ဆလင်တွေကိုပါ ဝေဖန်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ကိုရမ်ကျမ်းတွေ မီးရှို့ခံရ၊ ဗလီတွေ ပိတ်သိမ်းခံရ၊ အစ္စလာမ်မစ် စာသင်ကျောင်းတွေ  ပိတ်ခံရ၊ ဘာသာရေး ကျောင်းသားတွေ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံနေရကြောင်း၊ ဒါမျိုးတွေဖြစ်နေတာတောင် မွတ်ဆလင်တွေ အခုထိ ငြိမ်နေကြကြောင်း ကိုယ်တိုင် မွတ်ဆလင်တစ်ဦးဖြစ်တဲ့ အိုဇေးက သူ့ပို့စ်တွေမှာ ပြောဆိုထားခဲ့ပါတယ်။ 
အာဆင်နယ်ရဲ့ Weibo ပို့စ်အပေါ် ဒေါသတကြီး တုန့်ပြန်မှတ်ချက်ပေးမှုတွေ ရှိခဲ့ကာ အိုဇေးရဲ့ ဂျာစီအင်္ကျီကို ကပ်ကြေးနဲ့ ကိုက်ဖြတ်ထားပုံကို တစ်ဦးက ပြသခဲ့ပြီး၊ အခြားသူတွေကလည်း အိုဇေးကို အသင်းကနေ ထုတ်ပယ်ပစ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ 
အိုဇေးရဲ့ မှတ်ချက်စကားတွေဟာ စိတ်ပျက် ဒေါသထွက်စရာဖြစ်ပြီး ဒီမှတ်ချက်တွေဟာ ဆီလျော်မှန်ကန်မှုမရှိကြောင်း တရုတ်ဘောလုံးအဖွဲ့ချုပ်က The Paper သတင်းဌာနကို ပြောဆိုပါတယ်။ အိုးဇေးရဲ့ မှတ်ချက်တွေကြောင့် သူ့ကို နှစ်သက်အားပေးနေကြတဲ့ တရုတ်ပရိသတ်တွေ နာကျင်ရမယ်ဆိုတာ သံသယဖြစ်စရာမရှိသလို တစ်ချိန်တည်းမှာပဲ တရုတ်ပြည်သူတွေလည်း စိတ်ထိခိုက်ခံစားကြရမှာဖြစ်ကြောင်း ဒီ အကြောင်းအရာကို မိမိတို့ လက်မခံနိုင်ပါကြောင်း တရုတ်ဘောလုံးအဖွဲ့ချုပ်မှ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။ 
ကုလသမဂ္ဂနဲ့ လူအခွင့်အရေးအုပ်စုတွေရဲ့ အဆိုအရ ပေကျင်းရဲ့ အကြမ်းဖက်ဝါဒ  တိုက်ဖျက်ရေး အစီအမံအရ ရှင်ကျန်ပြည်နယ်မှာ ဝီဂါမွတ်ဆလင်အများစုပါဝင်တဲ့ လူဦးရေ တစ်သန်းကနေ နှစ်သန်း ကြားလောက်ဟာ  ဆိုးဝါးတဲ့အခြေအနေတွေနဲ့ ထိန်းသိမ်းခံထားရတယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရကတော့ ဝီဂါတွေအပေါ် မတရားဖိနှိပ်တာမျိုးမရှိကြောင်း အကြိမ်ကြိမ် ငြင်းပယ်ထားပါတယ်။ 

- ကိုလင်း(အကုန်သိ သတင်းဌာန)  | Ref : Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။