Skip to main content
စက္ရံုေဟာင္းမွာ ေတြ႔ရွိခဲ့တဲ့ပိုင္ရွင္မဲ့ ေငြေၾကးမ်ားကို မိဘမဲ့ေဂဟာမ်ားတြင္ လွဴဒါန္းမည္
Ads Block

စက္ရံုေဟာင္းမွာ ေတြ႔ရွိခဲ့တဲ့ပိုင္ရွင္မဲ့ ေငြေၾကးမ်ားကို မိဘမဲ့ေဂဟာမ်ားတြင္ လွဴဒါန္းမည္

 

ဧၿပီလက အဂၤလန္ႏိုင္ငံရဲ႕Ipswichစက္ရံုေဟာင္း  အနီးမွာ ေငြပိုက္ဆံမ်ား၊ အေၾကြေစ့မ်ားနဲ႔ ျပည့္ေနတဲ့ ပံုးတစ္ပံုးကို စြန္႔ပစ္ပစၥည္း ေကာက္ယူသူေတြက ေတြ႕ရွိခဲ႔ပါတယ္။ ေတြ႕ရွိခဲ့တဲ့ ေငြစကၠဴေတြကို ဧၿပီလ ကတည္းက  ရဲစခန္းမွာ ထားရွိၿပီး ပိုင္ရွင္အစစ္အမွန္ကို ေစာင္႔ခဲ့ေသးေသာ္လည္း ဘယ္သူမွ ေရာက္မလာခဲ႔ ပါဘူး။ ဒါေၾကာင္႔ ဒီေငြေတြကို East Anglian Children’s Hospice နဲ St Elizabeth Hospice ဆိုတဲ႔ မိဘမဲ႔ေဂဟာ ၂ ခုကို လွဴဒါန္းဖို႔ ဆံုးျဖတ္လိုက္ပါတယ္။ Great Blakenhamရဲ႕ မန္ေနးဂ်င္း ဒါရိုက္တာ ေဒးဗစ္ေဒါ႔ က ပရဟိတ ေဂဟာ ၂ ခု အတြက္ စတာလင္ေပါင္ ၁၅၀၀၀ နဲ႔ ၂၀၀၀၀ ၾကားထိ လွဴဒါန္းႏိုင္မယ္လို႔ ေျပာခဲ႔ပါတယ္။ 
ေငြစကၠဴမ်ားဟာ တရား၀င္ ေငြစကၠဴအေဟာင္းမ်ား ျဖစ္ပါတယ္။“ေငြစကၠဴေတြဟာ ဒီေနရာမွာပဲ ႏွစ္ေပါက္ေအာင္ရွိေနခဲ႔တာေၾကာင္႔ အနည္းငယ္ ညစ္ပတ္ေနၿပီး မိုးဒဏ္ေၾကာင္႔ အနည္းငယ္ စိုစြတ္ေနပါတယ္” လို႔ ေတြ႕ရွိမူမွာ ပါ၀င္တဲ့ ေျပာေရးဆိုခြင္႔ရွိသူ အမ်ဳိးသမီးတစ္ဦး က ေျပာၾကားခဲ႔ပါတယ္။ “ ေတြ႕ရွိတဲ႔ေနရာဟာ ၿဖိဳဖ်က္ထားတဲ႔ စက္ရံုအေဟာင္းတစ္ခုျဖစ္ၿပီး ေငြပိုက္ဆံပံုးေတြဟာ အဲ႔ဒီစက္ရံုရံုးခန္းရဲ႕ ေထာင္႔စြန္းမွာ ရွိေနျခင္းျဖစ္ႏိုင္တယ္”လို႕ မစၥတာေဒါ႔ က ေျပာပါတယ္။ 
ရဲတပ္ဖြဲ႕ကို ေတြ႕ရွိခဲ႔တဲ႔ ေငြစကၠဴေတြ အားလံုးကို လႊဲေျပာင္းေပးအပ္ခဲ႔တယ္လို႔ မစၥတာေဒါ႔ က ေျပာပါတယ္။ တရားရံုးက ပိုက္ဆံေတြကို ပိုင္ရွင္မဲ႔အျဖစ္ သတ္မွတ္ခဲ႔ၿပီး အဂၤလန္ႏိုင္ငံ လန္ဒန္ၿမိဳ႕က ဘဏ္မွာ ေငြစကၠဴ၊ ဒဂၤါးေတြကို ပရဟိတအတြက္ လွဴဒါန္းရန္ ေငြစကၠဴအသစ္အျဖစ္ ေျပာင္းလဲခဲ႔ပါတယ္။  
St Elizabeth Hospice က အမူေဆာင္ လစ္ဘက္စ္၀င္းက “အံ႔ၾသစရာေကာင္းတဲ႔ ေတြ႕ရွိမူပဲ” “ကၽြန္မတို႔ အရမ္းကိုေပ်ာ္ရႊင္ရပါတယ္၊ ဒီလွဴဒါန္းေငြေတြကို မိဘမဲ႔ေဂဟာမ်ားျဖစ္တဲ႔ St Elizabeth Hospice နဲ႔ EACH Hospice တို႕က မွ်ေ၀ယူၾကမွာ ျဖစ္ပါတယ္” “ ဒီ ခရစ္စမက္မွာ ကၽြန္မတို႔အတြက္ အရမ္းနွစ္သက္စရာ ေကာင္းတဲ႔ အံ႔ၾသဖြယ္ရာတစ္ခု ျဖစ္လာခဲ႔ပါတယ္” လို႔ သူက ေျပာပါတယ္။ 

- ခိုင္ခိုင္ ( အကုန္သိ သတင္းဌာန )  | Ref : bbc.com

Unicode Version

 

ဧပြီလက အင်္ဂလန်နိုင်ငံရဲ့Ipswichစက်ရုံဟောင်း  အနီးမှာ ငွေပိုက်ဆံများ၊ အကြွေစေ့များနဲ့ ပြည့်နေတဲ့ ပုံးတစ်ပုံးကို စွန့်ပစ်ပစ္စည်း ကောက်ယူသူတွေက တွေ့ရှိခဲ့ပါတယ်။ တွေ့ရှိခဲ့တဲ့ ငွေစက္ကူတွေကို ဧပြီလ ကတည်းက  ရဲစခန်းမှာ ထားရှိပြီး ပိုင်ရှင်အစစ်အမှန်ကို စောင့်ခဲ့သေးသော်လည်း ဘယ်သူမှ ရောက်မလာခဲ့ ပါဘူး။ ဒါကြောင့် ဒီငွေတွေကို East Anglian Children’s Hospice နဲ St Elizabeth Hospice ဆိုတဲ့ မိဘမဲ့ဂေဟာ ၂ ခုကို လှူဒါန်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Great Blakenhamရဲ့ မန်နေးဂျင်း ဒါရိုက်တာ ဒေးဗစ်ဒေါ့ က ပရဟိတ ဂေဟာ ၂ ခု အတွက် စတာလင်ပေါင် ၁၅၀၀၀ နဲ့ ၂၀၀၀၀ ကြားထိ လှူဒါန်းနိုင်မယ်လို့ ပြောခဲ့ပါတယ်။ 
ငွေစက္ကူများဟာ တရားဝင် ငွေစက္ကူအဟောင်းများ ဖြစ်ပါတယ်။“ငွေစက္ကူတွေဟာ ဒီနေရာမှာပဲ နှစ်ပေါက်အောင်ရှိနေခဲ့တာကြောင့် အနည်းငယ် ညစ်ပတ်နေပြီး မိုးဒဏ်ကြောင့် အနည်းငယ် စိုစွတ်နေပါတယ်” လို့ တွေ့ရှိမူမှာ ပါဝင်တဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦး က ပြောကြားခဲ့ပါတယ်။ “ တွေ့ရှိတဲ့နေရာဟာ ဖြိုဖျက်ထားတဲ့ စက်ရုံအဟောင်းတစ်ခုဖြစ်ပြီး ငွေပိုက်ဆံပုံးတွေဟာ အဲ့ဒီစက်ရုံရုံးခန်းရဲ့ ထောင့်စွန်းမှာ ရှိနေခြင်းဖြစ်နိုင်တယ်”လို့ မစ္စတာဒေါ့ က ပြောပါတယ်။ 
ရဲတပ်ဖွဲ့ကို တွေ့ရှိခဲ့တဲ့ ငွေစက္ကူတွေ အားလုံးကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ မစ္စတာဒေါ့ က ပြောပါတယ်။ တရားရုံးက ပိုက်ဆံတွေကို ပိုင်ရှင်မဲ့အဖြစ် သတ်မှတ်ခဲ့ပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့က ဘဏ်မှာ ငွေစက္ကူ၊ ဒင်္ဂါးတွေကို ပရဟိတအတွက် လှူဒါန်းရန် ငွေစက္ကူအသစ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။  
St Elizabeth Hospice က အမူဆောင် လစ်ဘက်စ်ဝင်းက “အံ့သြစရာကောင်းတဲ့ တွေ့ရှိမူပဲ” “ကျွန်မတို့ အရမ်းကိုပျော်ရွှင်ရပါတယ်၊ ဒီလှူဒါန်းငွေတွေကို မိဘမဲ့ဂေဟာများဖြစ်တဲ့ St Elizabeth Hospice နဲ့ EACH Hospice တို့က မျှဝေယူကြမှာ ဖြစ်ပါတယ်” “ ဒီ ခရစ်စမက်မှာ ကျွန်မတို့အတွက် အရမ်းနှစ်သက်စရာ ကောင်းတဲ့ အံ့သြဖွယ်ရာတစ်ခု ဖြစ်လာခဲ့ပါတယ်” လို့ သူက ပြောပါတယ်။ 

- ခိုင်ခိုင် ( အကုန်သိ သတင်းဌာန ) | Ref : bbc.com

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။