Skip to main content
ဂမ္ဘီယာႏုိင္ငံမွတင္သြင္းေသာသက္ေသခံမ်ားေၾကာင့္ ႏုိင္ငံတကာကအေရးယူပိတ္ဆို႔လာမည္ကို စိုးရိမ္မိဟု ဆို 
Ads Block

ဂမ္ဘီယာႏုိင္ငံမွတင္သြင္းေသာသက္ေသခံမ်ားေၾကာင့္ ႏုိင္ငံတကာကအေရးယူပိတ္ဆို႔လာမည္ကို စိုးရိမ္မိဟု ဆို 

 

ICJ တြင္ ဂမ္ဘီယာႏုိင္ငံမွတင္သြင္းေသာသက္ေသခံမ်ားေၾကာင့္ ႏုိင္ငံတကာကအေရးယူပိတ္ဆို႔လာမည္ကို စိုးရိမ္မိေၾကာင္း ျမန္မာႏုိင္ငံေရွ႕ေနမ်ားႏွင့္ဥပေဒအေထာက္အကူျပဳေရးအဖြဲ႕မွဥကၠ႒ တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္က ေျပာသည္။
ရန္ကုန္ၿမိဳ႕ရွိစီးတီးဟိုတယ္တြင္ ဒီဇင္ဘာလ (၁၄)ရက္ကက်င္းပေသာ “ ICJ ဂယက္ႏွင့္ ျမန္မာျပည္အနာဂတ္” ေခါင္းစဥ္ျဖင့္ ဒီဗီြဘီဒီဘိတ္အစီအစဥ္တြင္ အထက္ပါအတိုင္းေျပာၾကားျခင္းျဖစ္သည္။
“တရားရုံးတင္တဲ့အခါ သက္ေသခံ၀င္ဖို႔ကအဓိကပဲေလ။ ဒါေၾကာင့္ အျပင္မွာျမင္ေနတာေတြ၊ ၾကားေနတာေတြ ေလွ်ာက္ေျပာလို႔မရဘူး။ သက္ေသခံအေထာက္အထားေပးရမယ္။ က်ဳပ္တို႔ေပးတယ္။ ခင္ဗ်ားတို႔မေခ်ပဘူး။ ခင္ဗ်ားတို႔သေဘာပဲဆိုတဲ့အေပၚမွာ ကၽြန္ေတာ္ကစိုးရိမ္တယ္။ ဒါေၾကာင့္ ေပါ့ေပါ့တန္တန္ေျဖရွင္းတဲ့ခံုရုံးလို႔ေတာ့ အမည္တပ္မထားဘူး။ သူကအက္ရွင္ရွိတယ္။ ဘာအက္ရွင္လဲဆိုရင္ ၾကားျဖတ္အမိန္႔ခ်ခြင့္ရွိတယ္။ မလိုက္နာရင္ UN Secruity ေကာင္စီကိုသြားဖို႕ရွိတယ္။ ဒီလိုမဟုတ္ရင္ ICC ကိုပို႔မွာ။ လံုၿခံဳေရးေကာင္စီမွာ ဗီတိုနဲ႔ပယ္သည့္တိုင္ေအာင္ ႏုိင္ငံတကာက ICJ ရဲ႕ဆံုးျဖတ္ခ်က္ကိုျငင္းပယ္တဲ့ႏုိင္ငံဆိုၿပီး တစ္ႏုိင္ငံခ်င္းေသာ္လည္းေကာင္း၊ အစုအဖြဲ႕ခ်င္းေသာ္လည္းေကာင္း၊ စီးပြားေရး၊ ႏုိင္ငံေရး၊ လူမႈေရးေတြကိုပိတ္ဆိုမွာကိုစိုးရိမ္တယ္။”ဟုျမန္မာႏုိင္ငံေရွ႕ေနမ်ားႏွင့္ ဥပေဒအေထာက္အကူျပဳေရးအဖြဲ႕မွ ဥကၠ႒ တရားလႊတ္ေတာ္ေရွ႕ေနဦးႀကီးျမင့္က ေျပာသည္။
ဂမ္ဘီယာႏုိင္ငံသည္ ျမန္မာႏုိင္ငံ၊ ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားခဲ့ေသာကိစၥရပ္မ်ားကိုစံုစမ္းထားသည့္ ကုလသမဂၢမွ ဖြဲ႕စည္းေပးထားသည့္ Facts Finding Mission(FFM)၏ အခ်က္အလက္မ်ားႏွင့္ ကုလသမဂၢျမန္မာႏုိင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ မစၥယန္ဟီးလီ၏ အစီရင္ခံစာမ်ားကိုတရားရုံးသို႔ သက္ေသခံအျဖစ္တင္သြင္းခဲ့ျခင္းျဖစ္သည္။ 
ဂမ္ဘီယာႏုိင္ငံသည္ ျမန္မာႏုိင္ငံအား ကုလသမၼဂလူမ်ိဳးတံုးသတ္ျဖတ္ေရးကိုကန္႔ကြက္သည့္စာခ်ဳပ္ Genocide Convention ကိုခ်ိဳးေဖာက္သည္ဆိုကာ အျပည္ျပည္ဆိုင္ရာတရားရုံး(ICJ)တြင္တရားစြဲဆိုထားျခင္း ျဖစ္သည္။

-- ထက္ေ၀လင္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

ICJ တွင် ဂမ်ဘီယာနိုင်ငံမှတင်သွင်းသောသက်သေခံများကြောင့် နိုင်ငံတကာကအရေးယူပိတ်ဆို့လာမည်ကို စိုးရိမ်မိကြောင်း မြန်မာနိုင်ငံရှေ့နေများနှင့်ဥပဒေအထောက်အကူပြုရေးအဖွဲ့မှဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
ရန်ကုန်မြို့ရှိစီးတီးဟိုတယ်တွင် ဒီဇင်ဘာလ (၁၄)ရက်ကကျင်းပသော “ ICJ ဂယက်နှင့် မြန်မာပြည်အနာဂတ်” ခေါင်းစဉ်ဖြင့် ဒီဗွီဘီဒီဘိတ်အစီအစဉ်တွင် အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။
“တရားရုံးတင်တဲ့အခါ သက်သေခံဝင်ဖို့ကအဓိကပဲလေ။ ဒါကြောင့် အပြင်မှာမြင်နေတာတွေ၊ ကြားနေတာတွေ လျှောက်ပြောလို့မရဘူး။ သက်သေခံအထောက်အထားပေးရမယ်။ ကျုပ်တို့ပေးတယ်။ ခင်ဗျားတို့မချေပဘူး။ ခင်ဗျားတို့သဘောပဲဆိုတဲ့အပေါ်မှာ ကျွန်တော်ကစိုးရိမ်တယ်။ ဒါကြောင့် ပေါ့ပေါ့တန်တန်ဖြေရှင်းတဲ့ခုံရုံးလို့တော့ အမည်တပ်မထားဘူး။ သူကအက်ရှင်ရှိတယ်။ ဘာအက်ရှင်လဲဆိုရင် ကြားဖြတ်အမိန့်ချခွင့်ရှိတယ်။ မလိုက်နာရင် UN Secruity ကောင်စီကိုသွားဖို့ရှိတယ်။ ဒီလိုမဟုတ်ရင် ICC ကိုပို့မှာ။ လုံခြုံရေးကောင်စီမှာ ဗီတိုနဲ့ပယ်သည့်တိုင်အောင် နိုင်ငံတကာက ICJ ရဲ့ဆုံးဖြတ်ချက်ကိုငြင်းပယ်တဲ့နိုင်ငံဆိုပြီး တစ်နိုင်ငံချင်းသော်လည်းကောင်း၊ အစုအဖွဲ့ချင်းသော်လည်းကောင်း၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတွေကိုပိတ်ဆိုမှာကိုစိုးရိမ်တယ်။”ဟုမြန်မာနိုင်ငံရှေ့နေများနှင့် ဥပဒေအထောက်အကူပြုရေးအဖွဲ့မှ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောသည်။
ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောကိစ္စရပ်များကိုစုံစမ်းထားသည့် ကုလသမဂ္ဂမှ ဖွဲ့စည်းပေးထားသည့် Facts Finding Mission(FFM)၏ အချက်အလက်များနှင့် ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ၏ အစီရင်ခံစာများကိုတရားရုံးသို့ သက်သေခံအဖြစ်တင်သွင်းခဲ့ခြင်းဖြစ်သည်။ 
ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံအား ကုလသမ္မဂလူမျိုးတုံးသတ်ဖြတ်ရေးကိုကန့်ကွက်သည့်စာချုပ် Genocide Convention ကိုချိုးဖောက်သည်ဆိုကာ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင်တရားစွဲဆိုထားခြင်း ဖြစ်သည်။

- ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။