Skip to main content
အိႏၵိယႏိုင္ငံသားဥပေဒျပ႒ာန္းၿပီးေနာက္ ၿမိဳ႕ေတာ္ နယူးေဒလီတြင္ အစၥလာမ္တကၠသိုလ္ ေက်ာင္းသားမ်ားႏွင့္ အဓိက႐ုန္းျဖစ္ပြား
Ads Block

အိႏၵိယႏိုင္ငံသားဥပေဒျပ႒ာန္းၿပီးေနာက္ ၿမိဳ႕ေတာ္ နယူးေဒလီတြင္ အစၥလာမ္တကၠသိုလ္ ေက်ာင္းသားမ်ားႏွင့္ အဓိက႐ုန္းျဖစ္ပြား

 

လြန္ခဲ့သည့္ ေသာၾကာေန႔ အိႏၵိယႏိုင္ငံၿမိဳ႔ေတာ္ နယူးေဒလီတြင္ အသစ္ျပ႒ာန္းလိုက္သည့္ ႏိုင္ငံသားဥပေဒအား ကန္႔ကြက္ဆႏၵျပသည့္ အစၥလာမ္တကၠသိုလ္ေက်ာင္းသားမ်ားႏွင့္ ရဲတပ္ဖြဲ႔၀င္မ်ားအၾကား အၾကမ္းဖက္႐ုန္႔ရင္း ဆန္ခတ္မွဳမ်ား ျဖစ္ပြားခဲ့သည္ဟု ဘဂၤလားအေျခစိုက္ bdnews24 ဒစ္ဂ်စ္တယ္မီဒီယာက ယေန႔ေရးသားသည္။
ဥပေဒသစ္ျပ႒ာန္းျခင္းျဖင့္ ဘာသာေရးခြဲျခားမွဳမရွိေသာ အိႏၵိယ၏ လူမွဳအေျခခံတည္ရွိမွဳကို ေလွ်ာ့ပါးေစသည္ဟု ေဖာ္ျပလွ်က္ ဂ်မီးယားမီလီယာ အစၥလာမ္မီးယားတကၠသိုလ္ေက်ာင္းသားမ်ားက ကန္႔ကြက္ဆႏၵျပလွ်က္ရွိသည္။ ၿမိဳ႔ေတာ္အခ်က္အခ်ာေနရာတြင္ မၿငိမ္မသက္မွဳမ်ားျဖစ္ေပၚလွ်က္ရွိျခင္းေၾကာင္း တနဂၤေႏြေန႔တြင္ အိႏၵိယႏိုင္ငံသို႔ လာေရာက္လည္ပတ္မည့္ ဂ်ပန္၀န္ႀကီးခ်ဳပ္ အာေဘး၏ တရား၀င္ခ်စ္ၾကည္ေရးခရီးစဥ္ကို ဖ်က္သိမ္းလိုက္ရသည္ ဟုဆိုသည္။
အသစ္ျပ႒ာန္းသည့္ ႏိုင္ငံသားခံယူခြင့္ ေနာက္ဆက္တြဲျပင္ဆင္ခ်က္ ဥပေဒၾကမ္း CAB အရ ၂၀၁၄ ခုႏွစ္ ဒီဇင္ဘာ ၃၁ ရက္ မတိုင္မီ ပါကစၥတန္-ဘဂၤလားဒက္ရွ္ႏွင့္ အာဖဂန္နစၥတန္တို႔မွ ၀င္ေရာက္လာခဲ့ၿပီး ျပည္တြင္းနယ္ေျမ အစိတ္အပိုင္း၌ အေျခခ်ေနထိုင္သူမ်ားအား ႏိုင္ငံသားျပဳခြင့္ ေပးထားသည္။ ထို႔သို႔ ႏိုင္ငံသားျပဳခြင့္ ရရွိႏိုင္သူမ်ားမွာ ဟိႏၵဴ-ခရစ္ယာန္-ဆစ္ခ္-ဗုဒၶဘာသာ-ဂ်ိန္းႏွင့္ ဇို႐ိုအက္စတာဘာသာ၀င္ စသည့္ျဖင့္ ဘာသာ၀င္ ၆မ်ိဳးတို႔အတြက္ ျဖစ္သည္။ အစၥလာမ္ဘာသာ၀င္မ်ား ပါ၀င္ျခင္း မရွိေခ်။
ႏိုင္ငံသားဥပေဒသစ္သည္ ဘာသာလူမ်ိဳး ခြဲျခားျခင္းမရွိသည့္ အိႏၵိယ၏ လူေနမွဳစနစ္အား ျပက္ရယ္ျပဳလွ်က္ ရွိသည္ဟု အစၥလာမ္မီးယားတကၠသိုလ္ေက်ာင္းသားမ်ားက ကန္႔ကြက္ေသာအားျဖင့္ စုေ၀းခ်ီတက္ခဲ့ၾကသည္။ ဂ်မီးယားတကၠသိုလ္မွ အိႏၵိယပါလီမန္ရံုးသို႔ သြားရာလမ္းမ်ားအား ရဲတပ္ဖြဲ႔၀င္မ်ားက အရံအတားမ်ားျဖင့္ ကာဆီး ပိတ္ဆို႔ထားသည့္အတြက္ ေက်ာင္းသားမ်ားက ဖိနပ္၊ အုတ္ခဲက်ိဳးမ်ားျဖင့္ ပစ္ေပါက္ၾကသည္။ ရဲတပ္ဖြဲ႔က မ်က္ရည္ယိုဗံုးမ်ား အသံုးျပဳခဲ့ၿပီး ႐ုန္႔ရင္းဆန္ခတ္ျဖစ္ပြားရာတြင္ နံပါတ္ဒုတ္ႏွင့္ ႐ိုက္ႏွက္ျခင္းေၾကာင့္ လူ ၁၀၀ ေက်ာ္ ဒါဏ္ရာရရွိ၍ ေက်ာင္းသား ၅၀ ခန္႔ဖမ္းဆီးခံခဲ့ရသည္။
နာရင္ျဒာမိုဒီအစိုးရသည္ “ ဟိႏၵဴ ဦးစားေပး မူဝါဒ “ ကို က်င့္သံုးလွ်က္ရွိၿပီး ႏိုင္ငံသားျပဳခြင့္ဥပေဒတြင္ မြတ္စလင္ ဘာသာ၀င္မ်ားကို ခ်န္လွပ္ထားျခင္းမွာ အိႏၵိယရွိ မြတ္စလင္ သန္း ၁၇၀ တို႔အား မ်က္ကြယ္ျပဳ ဘက္လိုက္သည္ဟု စြပ္စြဲျခင္းခံရသည္။ မိုဒီ၏ ဘာရတ္တီယာဂ်ာနတာပါတီ BJP ကမူ စြပ္စြဲခ်က္မ်ားကို ပယ္ခ်ခဲ့ၿပီး ႏိုင္ငံသား ဥပေဒသစ္မွာ အိမ္နီးခ်င္း မြတ္စလင္ ၃ ႏိုင္ငံမွ ခြဲျခားဆက္ဆံျခင္းခံရေသာ လူနည္းစုမ်ားအား ကူညီရာ ေရာက္ေၾကာင္း ဆင္ေျခေပးခဲ့သည္။
ဂ်ပန္ႏိုင္ငံသည္ လတ္တေလာႏွစ္မ်ားတြင္ အိႏၵိယအာသံျပည္နယ္၌ စီးပြားေရး အေျခခံအေဆာက္အအံုမ်ား တိုးႁမွင့္တည္ေဆာက္လွ်က္ရွိေၾကာင္း၊ အာသံျပည္နယ္၌လည္း ႏိုင္ငံသားဥပေဒသစ္ျပ႒ာန္းျခင္းအေပၚ ဆန္႔က်င္ ကန္႔ကြက္ရာမွ အဓိက႐ုန္းမ်ားျဖစ္ပြားလွ်က္ရွိၾကာင္း သတင္း၌ ဆက္လက္ေဖာ္ျပသည္။

 

- Htay Oung (အကုန္သိ သတင္းဌာန)

Unicode Version

 

လွန်ခဲ့သည့် သောကြာနေ့ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီတွင် အသစ်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံသားဥပဒေအား ကန့်ကွက်ဆန္ဒပြသည့် အစ္စလာမ်တက္ကသိုလ်ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အကြမ်းဖက်ရုန့်ရင်း ဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 ဒစ်ဂျစ်တယ်မီဒီယာက ယနေ့ရေးသားသည်။
ဥပဒေသစ်ပြဋ္ဌာန်းခြင်းဖြင့် ဘာသာရေးခွဲခြားမှုမရှိသော အိန္ဒိယ၏ လူမှုအခြေခံတည်ရှိမှုကို လျှော့ပါးစေသည်ဟု ဖော်ပြလျှက် ဂျမီးယားမီလီယာ အစ္စလာမ်မီးယားတက္ကသိုလ်ကျောင်းသားများက ကန့်ကွက်ဆန္ဒပြလျှက်ရှိသည်။ မြို့တော်အချက်အချာနေရာတွင် မငြိမ်မသက်မှုများဖြစ်ပေါ်လျှက်ရှိခြင်းကြောင်း တနင်္ဂနွေနေ့တွင် အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပတ်မည့် ဂျပန်ဝန်ကြီးချုပ် အာဘေး၏ တရားဝင်ချစ်ကြည်ရေးခရီးစဉ်ကို ဖျက်သိမ်းလိုက်ရသည် ဟုဆိုသည်။
အသစ်ပြဋ္ဌာန်းသည့် နိုင်ငံသားခံယူခွင့် နောက်ဆက်တွဲပြင်ဆင်ချက် ဥပဒေကြမ်း CAB အရ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပါကစ္စတန်-ဘင်္ဂလားဒက်ရှ်နှင့် အာဖဂန်နစ္စတန်တို့မှ ဝင်ရောက်လာခဲ့ပြီး ပြည်တွင်းနယ်မြေ အစိတ်အပိုင်း၌ အခြေချနေထိုင်သူများအား နိုင်ငံသားပြုခွင့် ပေးထားသည်။ ထို့သို့ နိုင်ငံသားပြုခွင့် ရရှိနိုင်သူများမှာ ဟိန္ဒူ-ခရစ်ယာန်-ဆစ်ခ်-ဗုဒ္ဓဘာသာ-ဂျိန်းနှင့် ဇိုရိုအက်စတာဘာသာဝင် စသည့်ဖြင့် ဘာသာဝင် ၆မျိုးတို့အတွက် ဖြစ်သည်။ အစ္စလာမ်ဘာသာဝင်များ ပါဝင်ခြင်း မရှိချေ။
နိုင်ငံသားဥပဒေသစ်သည် ဘာသာလူမျိုး ခွဲခြားခြင်းမရှိသည့် အိန္ဒိယ၏ လူနေမှုစနစ်အား ပြက်ရယ်ပြုလျှက် ရှိသည်ဟု အစ္စလာမ်မီးယားတက္ကသိုလ်ကျောင်းသားများက ကန့်ကွက်သောအားဖြင့် စုဝေးချီတက်ခဲ့ကြသည်။ ဂျမီးယားတက္ကသိုလ်မှ အိန္ဒိယပါလီမန်ရုံးသို့ သွားရာလမ်းများအား ရဲတပ်ဖွဲ့ဝင်များက အရံအတားများဖြင့် ကာဆီး ပိတ်ဆို့ထားသည့်အတွက် ကျောင်းသားများက ဖိနပ်၊ အုတ်ခဲကျိုးများဖြင့် ပစ်ပေါက်ကြသည်။ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့ပြီး ရုန့်ရင်းဆန်ခတ်ဖြစ်ပွားရာတွင် နံပါတ်ဒုတ်နှင့် ရိုက်နှက်ခြင်းကြောင့် လူ ၁၀၀ ကျော် ဒါဏ်ရာရရှိ၍ ကျောင်းသား ၅၀ ခန့်ဖမ်းဆီးခံခဲ့ရသည်။
နာရင်ဒြာမိုဒီအစိုးရသည် “ ဟိန္ဒူ ဦးစားပေး မူဝါဒ “ ကို ကျင့်သုံးလျှက်ရှိပြီး နိုင်ငံသားပြုခွင့်ဥပဒေတွင် မွတ်စလင် ဘာသာဝင်များကို ချန်လှပ်ထားခြင်းမှာ အိန္ဒိယရှိ မွတ်စလင် သန်း ၁၇၀ တို့အား မျက်ကွယ်ပြု ဘက်လိုက်သည်ဟု စွပ်စွဲခြင်းခံရသည်။ မိုဒီ၏ ဘာရတ်တီယာဂျာနတာပါတီ BJP ကမူ စွပ်စွဲချက်များကို ပယ်ချခဲ့ပြီး နိုင်ငံသား ဥပဒေသစ်မှာ အိမ်နီးချင်း မွတ်စလင် ၃ နိုင်ငံမှ ခွဲခြားဆက်ဆံခြင်းခံရသော လူနည်းစုများအား ကူညီရာ ရောက်ကြောင်း ဆင်ခြေပေးခဲ့သည်။
ဂျပန်နိုင်ငံသည် လတ်တလောနှစ်များတွင် အိန္ဒိယအာသံပြည်နယ်၌ စီးပွားရေး အခြေခံအဆောက်အအုံများ တိုးမြှင့်တည်ဆောက်လျှက်ရှိကြောင်း၊ အာသံပြည်နယ်၌လည်း နိုင်ငံသားဥပဒေသစ်ပြဋ္ဌာန်းခြင်းအပေါ် ဆန့်ကျင် ကန့်ကွက်ရာမှ အဓိကရုန်းများဖြစ်ပွားလျှက်ရှိကြာင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

- Htay Oung (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။