Skip to main content
ပါရ်ီရဲတပ်ဖွဲ့ကို သတ်ပြစ်မယ်လို့ ခြိမ်းခြောက်တဲ့ ဓါးကိုင်အမျိုးသားအား ရဲတပ်ဖွဲ့က ပစ်ခတ်
Ads Block

ပါရ်ီရဲတပ်ဖွဲ့ကို သတ်ပြစ်မယ်လို့ ခြိမ်းခြောက်တဲ့ ဓါးကိုင်အမျိုးသားအား ရဲတပ်ဖွဲ့က ပစ်ခတ်

 



Unicode Version 

 

 

ပါရီမြို့ အပြင်ဘက်မှာ  ရဲအရာရှိတွေကို အမျိုးသား တစ်ယောက်က လက်နက်ကိုင်ပြီး  ခြိမ်းခြောက် ခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ သိရပါတယ်။ 
ဒီမတော်တဆမူဟာ လားဒစ်ဖန့်ခရိုင်ရဲ့ မြို့တော်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အခင်းဖြစ်နေရာမှာ စစ်ဆေးမူတွေ ဆက်လုပ်နေပါတယ်လို့ ပဲရစ် ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။ ဓားကိုင်ဆောင်သူ အမျိုးသားဟာ ရဲတပ်ဖွဲ့ဆီကို ဓားကိုင်လျက်နဲ့ တဟုန်ထိုး ပြေးဝင်လာတာကြောင့် ရဲအရာရှိက သေနတ်နဲ့ အမျိုးသားရဲ့ လက်မောင်းကို ပစ်ခတ်ခဲ့ပါတယ်လို့ ဒေသဆိုင်ရာ မီဒီယာက ပြောပါတယ်။ အမျိုးသားဟာ သေနတ်ထိမှန်ပြီး မြေပြင်ပေါ် လဲကျသွားတာတောင် ရဲတပ်ဖွဲ့ကို သတ်ပြစ်မယ်လို့ အော်ဟစ်နေတုန်းပဲလို့ ရဲအရာရှိက ပြောပါတယ်။
အခင်းဖြစ်ရာ နေရာကို ဘေးကင်းလုံခြုံတဲ့အထိ ရှောင်ရှားကြဖို့ ရဲတပ်ဖွဲ့က အကြံပေးခဲ့ပါတယ်။

--  ခိုင်ခိုင် ( အကုန်သိ သတင်းဌာန ) | Ref : rt.com   

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။