Skip to main content
လိင္ပုိင္းဆုိင္ရာ အၾကမ္းဖက္ျဖစ္စဥ္ေတြေၾကာင့္ ကုိယ္ခံပညာ သင္လာၾကတဲ့ အိႏၵိယ အမ်ဳိးသမီးမ်ား 
Ads Block

လိင္ပုိင္းဆုိင္ရာ အၾကမ္းဖက္ျဖစ္စဥ္ေတြေၾကာင့္ ကုိယ္ခံပညာ သင္လာၾကတဲ့ အိႏၵိယ အမ်ဳိးသမီးမ်ား 

 

အိႏၵိယႏုိင္ငံမွာ အမ်ဳိးသမီးနဲ႕ ကေလးေတြအေပၚ ကာလၾကာရွည္ ပစ္မွတ္ထားခံေနရတဲ့ လိင္ပုိင္းဆုိင္ရာ အၾကမ္းဖက္မႈ ျဖစ္စဥ္ေတြေၾကာင့္ ကုိယ့္ကုိယ္ကုိယ္ ခုခံကာကြယ္ႏုိင္မယ့္ ကုိယ္ခံပညာသင္တန္းတက္သူ အမ်ဳိးသမီးအေရအတြက္ ျမင့္တက္လာေၾကာင္း သိရပါတယ္။ 
ဟုိက္ဒရာဘတ္ၿမိဳ႕အနီးမွာ တိေမြးကု ဆရာ၀န္မတစ္ဦးကုိ မုဒိမ္းက်င့္ သတ္ျဖတ္ခဲ့မႈနဲ႕ ဖမ္းဆီးခံထား ရတဲ့ အမ်ဳိးသား ေလးဦးကုိ ၿပီးခဲ့တဲ့ ေသာၾကာေန ့မွာ ရဲက ပစ္သတ္ခဲ့ပါတယ္။ အမ်ဳိးသမီးေတြအေပၚ အၾကမ္းဖက္ျဖစ္စဥ္ေတြ ျမင့္တက္လာမႈေၾကာင့္ ေဒါသထြက္ေနတဲ့ ျပည္သူမ်ားစြာနဲ႕ မုဒိမ္းက်င့္ သတ္ျဖတ္ ခံခဲ့ရတဲ့ ဆရာ၀န္မရဲ႕ မိသားစုကေတာ့ ရဲတပ္ဖြဲ႕ရဲ႕ လုပ္ကုိ ၾသဘာေပးခဲ့ၾကပါတယ္။ ဒါေပမဲ့ အခ်ဳိ႕ လူ႕အခြင့္အေရး အဖြဲ႕ေတြကေတာ့ ရဲတပ္ဖြဲ႕ရဲ႕ လုပ္ရပ္ကုိ ေ၀ဖန္ခဲ့ၿပီး တရားစီရင္ေရးဆုိင္ရာ လုပ္ထုံးလုပ္နည္း ေတြ ဖယ္က်ဥ္ခံရမယ့္အေရး စုိးရိမ္ေၾကာင္း ေျပာဆုိခဲ့ၾကပါတယ္။ 
၂၀၁၂ ခုႏွစ္က ေဒလီၿမိဳ႕ ဘတ္စ္ကားတစ္စီးေပၚမွာ အမ်ဳိးသမီးတစ္ဦး အုပ္စုဖြဲ႕ မုဒိမ္းက်င့္ခံခဲ့ရ မႈေၾကာင့္ ႏုိင္ငံတ၀န္း ေဒါသတႀကီး ဆႏၵျပမႈေတြ ေပၚေပါက္ခဲ့ပါတယ္။ ယင္းျဖစ္စဥ္ေနာက္ပုိင္းမွာ အိႏၵိယဟာ လိင္အၾကမ္းဖက္မႈဆုိင္ရာ ဥပေဒေတြကုိ တင္းၾကပ္ခဲ့ပါတယ္။ 
ဒါေပမဲ့လည္း လတ္တေလာျဖစ္ပ်က္သြားခဲ့တဲ့ တုန္လႈပ္ဖြယ္ ျဖစ္စဥ္ေတြေၾကာင့္ အိႏၵိယတ၀န္းက အမ်ဳိးသမီးထုအတြက္ ေဒါသအမ်က္ထြက္ရမႈေတြ တေက်ာ့ျပန္ျဖစ္ခဲ့ကာ ကရာေတး သင္တန္းေတြ တက္ေရာက္ၾကျခင္းမွသည္ ငရုတ္ေကာင္းဖ်န္းဗူးေတြ ေဆာင္ၾကျခင္းတုိ ့လုိ တုိက္ခုိက္လာမႈကုိ ျပန္လည္ခုခံမယ့္ အရာေတြလုပ္ေဆာင္လာၾကပါတယ္။ 
ကုိယ္ခံပညာရပ္ေတြ သင္ၾကားဖုိ ့အတြက္ တနဂၤေႏြေန ့က ကုိလ္ကတၱာရွိ သင္တန္းႏွစ္ခုကုိ အမ်ဳိးသမီး ၁၀၀ ေက်ာ္ ေရာက္ရွိလာခဲ့ပါတယ္။ ဒါ့အျပင္ ေစတနာ၀န္ထမ္း အဖြဲ႕အစည္းေတြက ႏုိင္ငံရဲ႕ အျခား ေဒသေတြမွာ ယင္းကဲ့သုိ ့ သတင္းတန္းစခန္းေတြ ဖြင့္လာၾကပါတယ္။ 
လက္ကုိင္အိတ္၊ လည္စီးပ၀ါတုိ ့လုိ ေန ့စဥ္သုံး ပစၥည္းေတြနဲ႕ ကုိယ့္ကုိယ္ကုိ ဘယ္လုိ ျပန္လည္ခုခံႏုိင္တယ္ဆုိတာေတြ သင္ၾကားေနေၾကာင္း ဒါ့အျပင္ ဒူးသုံးၿပီး ကုိယ့္ကုိယ္ကုိ ကာကြယ္ႏုိင္ပုံကုိလည္း မိမိတုိ ့ သင္ၾကရေၾကာင္း ကုိလ္ကတၱာရွိ သင္တန္းတစ္ခုမွာ တက္ေရာက္ေနတဲ့ အသက္ ၃၂ ႏွစ္အရြယ္ အန္နီတာရြဳိင္က ေျပာဆုိပါတယ္။ ဥတာပရာဒက္ရွိျပည္နယ္ အန္နာအုိၿမိဳ႕က အမ်ဳိးသမီးတစ္ဦး မုဒိမ္းက်င့္ သတ္ျဖတ္ခံရကာ အေလာင္းကုိ မီးရႈိ႕ခံခဲ့ရတဲ့ျဖစ္စဥ္၊ ဟုိက္ဒရာဘတ္မွာ တိေမြးကု ဆရာ၀န္မ အုပ္စုဖြဲ႕ မုဒိမ္းက်င့္ခံရကာ သတ္ျဖတ္ခံရတဲ့ ျဖစ္စဥ္နဲ႕ အျခား လိင္အၾကမ္းဖက္ျဖစ္စဥ္ သတင္းေတြ ဖတ္မိၿပီးေနာက္မွာ ကုိယ္ခံပညာသင္တန္းေတြ ဖြင့္လွစ္ဖုိ ့ သူ စီစဥ္ေနေၾကာင္း ဖာရီဒါဘတ္မွ ေျခာက္ႏွစ္အရြယ္ အျမြာသမီးႏွစ္ဦး မိခင္ အာကန္႕ရွာ ကတ္သူရီယာက ေျပာဆုိခဲ့ပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : CNA

Unicode Version

 

အိန္ဒိယနိုင်ငံမှာ အမျိုးသမီးနဲ့ ကလေးတွေအပေါ် ကာလကြာရှည် ပစ်မှတ်ထားခံနေရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်မယ့် ကိုယ်ခံပညာသင်တန်းတက်သူ အမျိုးသမီးအရေအတွက် မြင့်တက်လာကြောင်း သိရပါတယ်။ 
ဟိုက်ဒရာဘတ်မြို့အနီးမှာ တိမွေးကု ဆရာဝန်မတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့မှုနဲ့ ဖမ်းဆီးခံထား ရတဲ့ အမျိုးသား လေးဦးကို ပြီးခဲ့တဲ့ သောကြာနေ့မှာ ရဲက ပစ်သတ်ခဲ့ပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်ဖြစ်စဉ်တွေ မြင့်တက်လာမှုကြောင့် ဒေါသထွက်နေတဲ့ ပြည်သူများစွာနဲ့ မုဒိမ်းကျင့် သတ်ဖြတ် ခံခဲ့ရတဲ့ ဆရာဝန်မရဲ့ မိသားစုကတော့ ရဲတပ်ဖွဲ့ရဲ့ လုပ်ကို သြဘာပေးခဲ့ကြပါတယ်။ ဒါပေမဲ့ အချို့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ပြီး တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း တွေ ဖယ်ကျဉ်ခံရမယ့်အရေး စိုးရိမ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။ 
၂၀၁၂ ခုနှစ်က ဒေလီမြို့ ဘတ်စ်ကားတစ်စီးပေါ်မှာ အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရ မှုကြောင့် နိုင်ငံတဝန်း ဒေါသတကြီး ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ယင်းဖြစ်စဉ်နောက်ပိုင်းမှာ အိန္ဒိယဟာ လိင်အကြမ်းဖက်မှုဆိုင်ရာ ဥပဒေတွေကို တင်းကြပ်ခဲ့ပါတယ်။ 
ဒါပေမဲ့လည်း လတ်တလောဖြစ်ပျက်သွားခဲ့တဲ့ တုန်လှုပ်ဖွယ် ဖြစ်စဉ်တွေကြောင့် အိန္ဒိယတဝန်းက အမျိုးသမီးထုအတွက် ဒေါသအမျက်ထွက်ရမှုတွေ တကျော့ပြန်ဖြစ်ခဲ့ကာ ကရာတေး သင်တန်းတွေ တက်ရောက်ကြခြင်းမှသည် ငရုတ်ကောင်းဖျန်းဗူးတွေ ဆောင်ကြခြင်းတို့လို တိုက်ခိုက်လာမှုကို ပြန်လည်ခုခံမယ့် အရာတွေလုပ်ဆောင်လာကြပါတယ်။ 
ကိုယ်ခံပညာရပ်တွေ သင်ကြားဖို့အတွက် တနင်္ဂနွေနေ့က ကိုလ်ကတ္တာရှိ သင်တန်းနှစ်ခုကို အမျိုးသမီး ၁၀၀ ကျော် ရောက်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် စေတနာဝန်ထမ်း အဖွဲ့အစည်းတွေက နိုင်ငံရဲ့ အခြား ဒေသတွေမှာ ယင်းကဲ့သို့ သတင်းတန်းစခန်းတွေ ဖွင့်လာကြပါတယ်။ 
လက်ကိုင်အိတ်၊ လည်စီးပဝါတို့လို နေ့စဉ်သုံး ပစ္စည်းတွေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လို ပြန်လည်ခုခံနိုင်တယ်ဆိုတာတွေ သင်ကြားနေကြောင်း ဒါ့အပြင် ဒူးသုံးပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပုံကိုလည်း မိမိတို့ သင်ကြရကြောင်း ကိုလ်ကတ္တာရှိ သင်တန်းတစ်ခုမှာ တက်ရောက်နေတဲ့ အသက် ၃၂ နှစ်အရွယ် အန်နီတာရွိုင်က ပြောဆိုပါတယ်။ ဥတာပရာဒက်ရှိပြည်နယ် အန်နာအိုမြို့က အမျိုးသမီးတစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရကာ အလောင်းကို မီးရှို့ခံခဲ့ရတဲ့ဖြစ်စဉ်၊ ဟိုက်ဒရာဘတ်မှာ တိမွေးကု ဆရာဝန်မ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရကာ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်နဲ့ အခြား လိင်အကြမ်းဖက်ဖြစ်စဉ် သတင်းတွေ ဖတ်မိပြီးနောက်မှာ ကိုယ်ခံပညာသင်တန်းတွေ ဖွင့်လှစ်ဖို့ သူ စီစဉ်နေကြောင်း ဖာရီဒါဘတ်မှ ခြောက်နှစ်အရွယ် အမြွာသမီးနှစ်ဦး မိခင် အာကန့်ရှာ ကတ်သူရီယာက ပြောဆိုခဲ့ပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန )  | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။