Skip to main content
အေမရိကန္မွာ ေကာလိပ္ပထမႏွစ္ ေက်ာင္းသူတစ္ဦးကို သတ္ျဖတ္မူေၾကာင္႔ အသက္ ၁၃ ႏွစ္အရြယ္ ေယာက်ၤားေလးတစ္ဦး ဖမ္းဆီးခံရ 
Ads Block

အေမရိကန္မွာ ေကာလိပ္ပထမႏွစ္ ေက်ာင္းသူတစ္ဦးကို သတ္ျဖတ္မူေၾကာင္႔ အသက္ ၁၃ ႏွစ္အရြယ္ ေယာက်ၤားေလးတစ္ဦး ဖမ္းဆီးခံရ 

 

အသက္ ၁၃ ႏွစ္ အရြယ္ရွိ ေယာက်ၤားေလးတစ္ဦးဟာ နယူးေယာက္ၿမိဳ႕ရဲ႕ ဘားနက္ေကာလိပ္က ေက်ာင္းသူ တစ္ေယာက္ကို ပန္းျခံထဲမွာ လုယက္ သတ္ျဖတ္မူေၾကာင္႔ ဖမ္းဆီး အေရးယူျခင္း ခံရပါတယ္လို႔ ဥပေဒဆိုင္ရာ အရာရွိက  ေသာၾကာေန႔မွာ ေျပာၾကားခဲ႔ပါတယ္။
အသက္ ၁၃ ႏွစ္အရြယ္ ေကာင္္ေလးဟာ အသက္ ၁၈ ႏွစ္အရြယ္ရွိတဲ႔ ပထမႏွစ္ ေက်ာင္းသူ တက္ဆာေမဂ်ာ အား လုယက္တိုက္ခိုက္သတ္ျဖတ္မူေၾကာင္႔ တရားရံုးမွာ တရားစြဲဆိုခံရမွာ ျဖစ္တယ္လို႕ ေျပာေရးဆိုခြင္႔ရွိသူ တစ္ဦးက ေျပာပါတယ္။  ေမဂ်ာဟာ လက္နက္ကိုင္ လုယက္မူ ျဖစ္ေနစဥ္မွာ ဓားထိုးခံလိုက္ရျခင္း ျဖစ္တယ္လို႕ ဘားနက္ေကာလိပ္ရဲ႕ ဥကၠဌတစ္ဦးက ေျပာခဲ႔ပါတယ္။  “ ဒီအမူကို ကၽြန္ေတာ္တို႔ ေသခ်ာကိုင္တြယ္ေနပါတယ္။ သိပ္မၾကာခင္အခ်ိန္တြင္းမွာ အားလံုးသိႏိုင္အာင္ ေၾကညာ ပါ႔မယ္”လို႕ ရဲအရာရွိခ်ဳပ္ ဒါးမြတ္ရွဲက  ေျပာခဲ႔ပါတယ္။ 
ေမဂ်ာ(ဗာဂ်ီးနီးယားျပည္နယ္ ခ်ားေလာ႔စေဗာၿမိဳ႕မွာ ေနထိုင္သူ) ဟာ နယူးေယာက္ရဲ႕ ေရာ႔ဂီတ တီး၀ိုင္းမွာ ပါ၀င္တီးခတ္ေလ႔ရွိသူ တစ္ဦးျဖစ္ၿပီး ေကာလိပ္မွာ စာနယ္ဇင္းအဓိက ဘာသာရပ္ကို တက္ေရာက္ သင္ယူေနသူတစ္ဦးလည္း ျဖစ္ပါတယ္္လို႕ အထက္တန္းေက်ာင္း သတင္းစာတိုက္ရဲ႕ အယ္ဒီတာက ေျပာပါတယ္။ ေက်ာင္း၀န္းထဲမွာ ေသာၾကာေန႔က ပန္းေတြ၊ ဖေယာင္းတိုင္ေတြနဲ႔ ေမဂ်ာရဲ႕ အသုဘ အခမ္းအနားကို ျပဳလုပ္ခဲ႔ၾကပါတယ္။ ေမဂ်ာရဲ႕ မိသားစု၀င္ေတြက “ကၽြန္ေတာ္တို႔ရဲ႕ လွပၿပီး အရည္အခ်င္းရွိတဲ႔ ေမဂ်ာကို ဆံုးရံႈးလိုက္ရၿပီ”လို႕ ၀မ္းနည္းစြာ ေျပာခဲ႔ပါတယ္။ 
ၿပီးခဲ႔တဲ႔ ဗုဒၶဟူးေန႔ ရဲ႕ မနက္ခင္း ၇ နာရီ ေလာက္က ေမဂ်ာဟာ မက္ဟန္တန္ ပန္းျခံထဲမွာ လမ္းေလွ်ာက္ေနစဥ္ သူမကို ခ်ဥ္းကပ္တိုက္ခိုက္ၿပီး  ဓါးထိုးခံလိုက္ရျခင္း ျဖစ္တယ္လို႔ စံုေထာက္ အရာရွိ ေရာ႔ေနဟာရီဆန္က ေျပာပါတယ္။ သူမက အနီးအနားက လမ္းေပၚမွာရွိတဲ႔ ေလွကားေပၚကို ေျပးတက္ၿပီး ၉၁၁ကို ဖုန္းဆက္ေခၚခဲ႔တယ္လို႔ ဟာရီဆန္က ေျပာပါတယ္။ ေမဂ်ာဟာ ေဆးရံုမွာ ေသဆံုးခဲ႔ပါတယ္။ 
ေမဂ်ာကို သတ္ခဲ႔တယ္လို႔ သံသယရွိသူ အသက္ ၁၃ ႏွစ္အရြယ္ ေကာင္ေလးဟာ ဒီအမူမွာ လူသတ္မႈအပါအ၀င္ အျခား ရာဇ၀တ္မူမ်ားႏွင္႔ အတူ ဆြဲခ်က္တင္ ခံထားရတာပဲျဖစ္ပါတယ္။ ျပည္နယ္ ဥပေဒအရ အျပည္ျပည္ဆိုင္ရာလူသတ္မူနဲ႔ ဆြဲခ်က္တင္မယ္ဆိုရင္ေတာ႔ သူဟာ အသက္မျပည္႔ေသးတဲ႔ ဆယ္ေက်ာ္သက္ တစ္ေယာက္ ျဖစ္တဲ႔အတြက္ အေရးယူလို႔ မရပါဘူး။ ဒါ႔ေၾကာင္႔ နယူးေယာက္ၿမိဳ႕က လူငယ္ထိမ္းသိမ္းေရး စခန္းကို ပို႔ၿပီး  အသက္ ၂၁ ႏွစ္ မျပည္႔ခင္အထိ အရင္ထိန္းသိမ္းခံရမွာပဲ ျဖစ္ပါတယ္။ 

- ခိုင္ခိုင္ ( အကုန္သိ သတင္းဌာန ) | Ref : straitstimes.com

Unicode Version

 

အသက် ၁၃ နှစ် အရွယ်ရှိ ယောင်္ကျားလေးတစ်ဦးဟာ နယူးယောက်မြို့ရဲ့ ဘားနက်ကောလိပ်က ကျောင်းသူ တစ်ယောက်ကို ပန်းခြံထဲမှာ လုယက် သတ်ဖြတ်မူကြောင့် ဖမ်းဆီး အရေးယူခြင်း ခံရပါတယ်လို့ ဥပဒေဆိုင်ရာ အရာရှိက  သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
အသက် ၁၃ နှစ်အရွယ် ကောင်လေးဟာ အသက် ၁၈ နှစ်အရွယ်ရှိတဲ့ ပထမနှစ် ကျောင်းသူ တက်ဆာမေဂျာ အား လုယက်တိုက်ခိုက်သတ်ဖြတ်မူကြောင့် တရားရုံးမှာ တရားစွဲဆိုခံရမှာ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။  မေဂျာဟာ လက်နက်ကိုင် လုယက်မူ ဖြစ်နေစဉ်မှာ ဓားထိုးခံလိုက်ရခြင်း ဖြစ်တယ်လို့ ဘားနက်ကောလိပ်ရဲ့ ဥက္ကဌတစ်ဦးက ပြောခဲ့ပါတယ်။  “ ဒီအမူကို ကျွန်တော်တို့ သေချာကိုင်တွယ်နေပါတယ်။ သိပ်မကြာခင်အချိန်တွင်းမှာ အားလုံးသိနိုင်အာင် ကြေညာ ပါ့မယ်”လို့ ရဲအရာရှိချုပ် ဒါးမွတ်ရှဲက  ပြောခဲ့ပါတယ်။ 
မေဂျာ(ဗာဂျီးနီးယားပြည်နယ် ချားလော့စဗောမြို့မှာ နေထိုင်သူ) ဟာ နယူးယောက်ရဲ့ ရော့ဂီတ တီးဝိုင်းမှာ ပါဝင်တီးခတ်လေ့ရှိသူ တစ်ဦးဖြစ်ပြီး ကောလိပ်မှာ စာနယ်ဇင်းအဓိက ဘာသာရပ်ကို တက်ရောက် သင်ယူနေသူတစ်ဦးလည်း ဖြစ်ပါတယ်လို့ အထက်တန်းကျောင်း သတင်းစာတိုက်ရဲ့ အယ်ဒီတာက ပြောပါတယ်။ ကျောင်းဝန်းထဲမှာ သောကြာနေ့က ပန်းတွေ၊ ဖယောင်းတိုင်တွေနဲ့ မေဂျာရဲ့ အသုဘ အခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။ မေဂျာရဲ့ မိသားစုဝင်တွေက “ကျွန်တော်တို့ရဲ့ လှပပြီး အရည်အချင်းရှိတဲ့ မေဂျာကို ဆုံးရှုံးလိုက်ရပြီ”လို့ ဝမ်းနည်းစွာ ပြောခဲ့ပါတယ်။ 
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ရဲ့ မနက်ခင်း ၇ နာရီ လောက်က မေဂျာဟာ မက်ဟန်တန် ပန်းခြံထဲမှာ လမ်းလျှောက်နေစဉ် သူမကို ချဉ်းကပ်တိုက်ခိုက်ပြီး  ဓါးထိုးခံလိုက်ရခြင်း ဖြစ်တယ်လို့ စုံထောက် အရာရှိ ရော့နေဟာရီဆန်က ပြောပါတယ်။ သူမက အနီးအနားက လမ်းပေါ်မှာရှိတဲ့ လှေကားပေါ်ကို ပြေးတက်ပြီး ၉၁၁ကို ဖုန်းဆက်ခေါ်ခဲ့တယ်လို့ ဟာရီဆန်က ပြောပါတယ်။ မေဂျာဟာ ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။ 
မေဂျာကို သတ်ခဲ့တယ်လို့ သံသယရှိသူ အသက် ၁၃ နှစ်အရွယ် ကောင်လေးဟာ ဒီအမူမှာ လူသတ်မှုအပါအဝင် အခြား ရာဇဝတ်မူများနှင့် အတူ ဆွဲချက်တင် ခံထားရတာပဲဖြစ်ပါတယ်။ ပြည်နယ် ဥပဒေအရ အပြည်ပြည်ဆိုင်ရာလူသတ်မူနဲ့ ဆွဲချက်တင်မယ်ဆိုရင်တော့ သူဟာ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက် တစ်ယောက် ဖြစ်တဲ့အတွက် အရေးယူလို့ မရပါဘူး။ ဒါ့ကြောင့် နယူးယောက်မြို့က လူငယ်ထိမ်းသိမ်းရေး စခန်းကို ပို့ပြီး  အသက် ၂၁ နှစ် မပြည့်ခင်အထိ အရင်ထိန်းသိမ်းခံရမှာပဲ ဖြစ်ပါတယ်။ 

- ခိုင်ခိုင် ( အကုန်သိ သတင်းဌာန ) | Ref : straitstimes.com

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။