Skip to main content
လူလုပ္ ေနေရာင္ျခည္ျဖင့္ ပလပ္စတစ္ကုိ ၿပိဳကြဲေစမည့္ နည္းလမ္းေတြ႕ရွိဟု သိပၸံပညာရွင္မ်ား ေျပာဆုိ 
Ads Block

လူလုပ္ ေနေရာင္ျခည္ျဖင့္ ပလပ္စတစ္ကုိ ၿပိဳကြဲေစမည့္ နည္းလမ္းေတြ႕ရွိဟု သိပၸံပညာရွင္မ်ား ေျပာဆုိ 

 

လူလုပ္ ေနေရာင္ျခည္တုကုိ သုံးကာ ပလပ္စတစ္ကုိ လွ်ပ္စစ္ဓါတ္အားထုတ္ေပးႏုိင္တဲ့ ဓါတုပစၥည္းေတြအျဖစ္ ၿပိဳကြဲေစမယ့္ ပတ္၀န္းက်င္နဲ႕ သဟဇာတျဖစ္ေစေသာ နည္းလမ္းတစ္ခုကုိ ေတြ႕ရွိခဲ့ေၾကာင္း သိပၸံပညာရွင္ေတြက  ထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။ ယခုအခ်ိန္မွာ ကမာၻတလႊားက ႏုိင္ငံမ်ားစြာဟာ ပလပ္စတစ္ စြန္႕ပစ္ပစၥည္း ေလွ်ာ့ခ်ပစ္ဖုိ ့အတြက္ တုိက္ပြဲ၀င္ေနရတဲ့ ကာလ ျဖစ္ပါတယ္။ 
ပမာဏ အေတာ္မ်ားတဲ့ ပလပ္စတစ္အမႈိက္ေတြဟာ ကမာၻတ၀န္းက ေျမျပင္ေတြေပၚ စုပုံေနၿပီျဖစ္ သလုိ ပင္လယ္သမုဒၵရာေတြထဲမွာလည္း ေရာက္ရွိေနခဲ့ကာ အထူးသျဖင့္ ယင္း ျပႆနာကုိ ကုိင္တြယ္ေျဖရွင္းမႈ အားနည္းေနတဲ့ အာရွႏုိင္ငံေတြဟာ ေ၀ဖန္မႈေတြနဲ႕ ရင္ဆုိင္ေနရပါတယ္။ 
ပလပ္စတစ္ကုိ လွ်ပ္စစ္ဓါတ္အား ထုတ္လုပ္ေရး စက္ရုံေတြမွာ အသုံးျပဳႏုိင္တဲ့ ေဖာမစ္အက္ဆစ္အျဖစ္ အသြင္ေျပာင္းေစကာ ပတ္၀န္းက်င္ကုိလည္း မထိခုိက္၊ ေငြအကုန္အက်လည္း မမ်ားတဲ့ ဓါတ္ကူပစၥည္းတစ္ခု အျဖစ္ အသုံးျပဳမွာျဖစ္တယ္လုိ ့ စင္ကာပူႏုိင္ငံမွ သုေတသနပညာရွင္ေတြက ေျပာဆုိပါတယ္။ 
ဓါတ္ခြဲခန္း စမ္းသပ္မႈေတြအရ နန္ယမ္းနည္းပညာ တကၠသုိလ္မွ သုေတသီေတြဟာ ပလပ္စတစ္ ကုိ ဓါတုပစၥည္းေတြနဲ႕ ေရာေႏွာကာ အရည္ပုံစံ ေျပာင္းလုိက္ၿပီးေနာက္ ယင္း အရည္ကုိ ေနေရာင္ျခည္တု ေပးကာ ၿပိဳကြဲေစႏုိင္မွာျဖစ္ပါတယ္။ ပလပ္စတစ္ ၿပိဳကြဲဖုိ ့ ၆ ရက္ေလာက္ၾကာမွာျဖစ္ၿပီး ေနာင္မွာ ေနေရာင္ျခည္ အစစ္ အသုံးျပဳကာ လုပ္ေဆာင္သြားႏုိင္ဖုိ ့ သိပၸံပညာရွင္ေတြ ေမွ်ာ္မွန္းထားပါတယ္။ 
“သမုဒၵရာေတြကုိ ညစ္ညမ္းမႈျဖစ္ေနေစတဲ့ ပလပ္စတစ္ေတြကုိ အသုံး၀င္တဲ့ ဓါတုပစၥည္းေတြအျဖစ္ ကၽြန္ေတာ္တုိ ့ ေျပာင္းလုိက္ႏုိင္ပါၿပီ” လုိ ၂ ႏွစ္ၾကာတဲ့ ယခု သုေတသနပေရာဂ်က္ကုိ ဦးေဆာင္ခဲ့သူ ဆုိးဟန္ဆန္က ေျပာဆုိခဲ့ပါတယ္။ 
ပုံမွန္အားျဖင့္ ပလပ္စတစ္ကုိ recycliig လုပ္တဲ့ နည္းေတြမွာ ရုပ္ၾကြင္းေလာင္စာေတြ အသုံးျပဳ အရည္ေပ်ာ္ေစရတာျဖစ္ကာ ယင္းနည္းလမ္းေတြဟာ ရာသီဥတုေျပာင္းလဲမႈကုိ ျဖစ္ေစတဲ့ ဖန္လုံအိမ္ဓါတ္ေငြ႕ ထြက္ေပၚေစပါတယ္။ 
ဒါေပမဲ့လည္း အခုစမ္းသပ္မႈမွာ ပလပ္စတစ္ ပမာဏ အနည္းငယ္ေလာက္ကုိပဲ ေဖာမစ္အက္ဆစ္ အျဖစ္ ေျပာင္းေစထားတာျဖစ္ၿပီး ပုိမုိႀကီးမားတဲ့ ပလပ္စတစ္ ပမာဏကုိ အသြင္းေျပာင္းေစဖုိ ့ေတာ့ စိန္ေခၚမႈေတြ ရွိေနတယ္လုိ ့ ဆုိး က ၀န္ခံခဲ့ပါတယ္။ ယခု နည္းလမ္း ေအာင္ျမင္ေပါက္ေျမာက္ဖုိ ့အတြက္ လူအား ေငြအား လုိအပ္ၿပီး သိပၸံပညာရွင္ေတြဟာ အခုစမ္းသပ္မႈမွာ စြန္ ့ပစ္ ပလပ္စတစ္မဟုတ္ဘဲ ပလပ္စတစ္ အသန္႕ အပုိင္းအစေတြနဲ႕သာ စမ္းသပ္ခဲ့တာျဖစ္ေၾကာင္းလည္း သိရပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : CNA

Unicode Version

 

လူလုပ် နေရောင်ခြည်တုကို သုံးကာ ပလပ်စတစ်ကို လျှပ်စစ်ဓါတ်အားထုတ်ပေးနိုင်တဲ့ ဓါတုပစ္စည်းတွေအဖြစ် ပြိုကွဲစေမယ့် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်စေသော နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း သိပ္ပံပညာရှင်တွေက  ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယခုအချိန်မှာ ကမ္ဘာတလွှားက နိုင်ငံများစွာဟာ ပလပ်စတစ် စွန့်ပစ်ပစ္စည်း လျှော့ချပစ်ဖို့အတွက် တိုက်ပွဲဝင်နေရတဲ့ ကာလ ဖြစ်ပါတယ်။ 
ပမာဏ အတော်များတဲ့ ပလပ်စတစ်အမှိုက်တွေဟာ ကမ္ဘာတဝန်းက မြေပြင်တွေပေါ် စုပုံနေပြီဖြစ် သလို ပင်လယ်သမုဒ္ဒရာတွေထဲမှာလည်း ရောက်ရှိနေခဲ့ကာ အထူးသဖြင့် ယင်း ပြဿနာကို ကိုင်တွယ်ဖြေရှင်းမှု အားနည်းနေတဲ့ အာရှနိုင်ငံတွေဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 
ပလပ်စတစ်ကို လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး စက်ရုံတွေမှာ အသုံးပြုနိုင်တဲ့ ဖောမစ်အက်ဆစ်အဖြစ် အသွင်ပြောင်းစေကာ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်၊ ငွေအကုန်အကျလည်း မများတဲ့ ဓါတ်ကူပစ္စည်းတစ်ခု အဖြစ် အသုံးပြုမှာဖြစ်တယ်လို့ စင်ကာပူနိုင်ငံမှ သုတေသနပညာရှင်တွေက ပြောဆိုပါတယ်။ 
ဓါတ်ခွဲခန်း စမ်းသပ်မှုတွေအရ နန်ယမ်းနည်းပညာ တက္ကသိုလ်မှ သုတေသီတွေဟာ ပလပ်စတစ် ကို ဓါတုပစ္စည်းတွေနဲ့ ရောနှောကာ အရည်ပုံစံ ပြောင်းလိုက်ပြီးနောက် ယင်း အရည်ကို နေရောင်ခြည်တု ပေးကာ ပြိုကွဲစေနိုင်မှာဖြစ်ပါတယ်။ ပလပ်စတစ် ပြိုကွဲဖို့ ၆ ရက်လောက်ကြာမှာဖြစ်ပြီး နောင်မှာ နေရောင်ခြည် အစစ် အသုံးပြုကာ လုပ်ဆောင်သွားနိုင်ဖို့ သိပ္ပံပညာရှင်တွေ မျှော်မှန်းထားပါတယ်။ 
“သမုဒ္ဒရာတွေကို ညစ်ညမ်းမှုဖြစ်နေစေတဲ့ ပလပ်စတစ်တွေကို အသုံးဝင်တဲ့ ဓါတုပစ္စည်းတွေအဖြစ် ကျွန်တော်တို့ ပြောင်းလိုက်နိုင်ပါပြီ” လို ၂ နှစ်ကြာတဲ့ ယခု သုတေသနပရောဂျက်ကို ဦးဆောင်ခဲ့သူ ဆိုးဟန်ဆန်က ပြောဆိုခဲ့ပါတယ်။ 
ပုံမှန်အားဖြင့် ပလပ်စတစ်ကို recycliig လုပ်တဲ့ နည်းတွေမှာ ရုပ်ကြွင်းလောင်စာတွေ အသုံးပြု အရည်ပျော်စေရတာဖြစ်ကာ ယင်းနည်းလမ်းတွေဟာ ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေတဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ ထွက်ပေါ်စေပါတယ်။ 
ဒါပေမဲ့လည်း အခုစမ်းသပ်မှုမှာ ပလပ်စတစ် ပမာဏ အနည်းငယ်လောက်ကိုပဲ ဖောမစ်အက်ဆစ် အဖြစ် ပြောင်းစေထားတာဖြစ်ပြီး ပိုမိုကြီးမားတဲ့ ပလပ်စတစ် ပမာဏကို အသွင်းပြောင်းစေဖို့တော့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ဆိုး က ဝန်ခံခဲ့ပါတယ်။ ယခု နည်းလမ်း အောင်မြင်ပေါက်မြောက်ဖို့အတွက် လူအား ငွေအား လိုအပ်ပြီး သိပ္ပံပညာရှင်တွေဟာ အခုစမ်းသပ်မှုမှာ စွန့်ပစ် ပလပ်စတစ်မဟုတ်ဘဲ ပလပ်စတစ် အသန့် အပိုင်းအစတွေနဲ့သာ စမ်းသပ်ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။