Skip to main content
ေဒလီရဲ႕ ေလထုညစ္ညမ္းမႈေၾကာင့္ အသက္တုိေနၿပီျဖစ္သည့္အတြက္ ေသဒဏ္ေပးမႈကုိ ျပန္သုံးသပ္ေပးရန္ မုဒိမ္းသမား အသနားခံ 
Ads Block

ေဒလီရဲ႕ ေလထုညစ္ညမ္းမႈေၾကာင့္ အသက္တုိေနၿပီျဖစ္သည့္အတြက္ ေသဒဏ္ေပးမႈကုိ ျပန္သုံးသပ္ေပးရန္ မုဒိမ္းသမား အသနားခံ 

 

၂၀၁၂ ခုႏွစ္က ဟုိးေလးတေၾကာ္ေၾကာ္ျဖစ္ခဲ့တဲ့ ေဒလီ အုပ္စုဖြဲ႕ မုဒိမ္းမႈနဲ႕ပတ္သက္ၿပီး ေသဒဏ္ခ်မွတ္ ခံထားရတဲ့ အိႏၵိယ အမ်ဳိးသားေလးဦးအနက္ တစ္ဦးဟာ အဂၤါေန ့က သူ႕ရဲ႕ ျပစ္ဒဏ္အေပၚ အသနားခံေလွ်ာက္လဲရာမွာ ၿမိဳ႕ေတာ္ေဒလီရဲ႕ ေလထုညစ္ညမ္းမႈျဖစ္စဥ္ကုိ ေထာက္ျပ ေျပာဆုိသြားခဲ့ေၾကာင္း သိရပါတယ္။ 
အက္ခ္ေရွး ကူးမားဆင္းဟာ လြန္ခဲ့တဲ့ ၇ ႏွစ္ခန္ ့ ဒီဇင္ဘာ ညတစ္ညက အိႏၵိယႏုိင္ငံ ၿမိဳ႕ေတာ္ ေဒလီရဲ႕ ဘတ္စ္ကားတစ္စီးေပၚမွာ အသက္ ၂၃ ႏွစ္အရြယ္ အမ်ဳိးသမီးကုိ အုပ္စုဖြဲ႕ မုဒိမ္းက်င့္ခဲ့ၾကတဲ့ အမ်ဳိးသားေတြထဲက တစ္ဦးျဖစ္ပါတယ္။ 
အမ်ဳိးသမီးျဖစ္သူဟာ အခင္းျဖစ္ၿပီး ၁၂ ရက္အၾကာမွာ ျပင္းထန္တဲ့ အတြင္းဒဏ္ရာေတြေၾကာင့္ ေသဆုံးခဲ့ရၿပီး ယင္းျဖစ္ရပ္ေၾကာင့္ ႏုိင္ငံတ၀န္း ဆႏၵျပမႈေတြေပၚေပါက္ခဲ့ကာ ႏုိင္ငံတကာကုိ ရုိက္ခတ္ခဲ့တဲ့ တုန္လႈပ္ဖြယ္ျဖစ္ရပ္ျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္ ဒီျဖစ္ရပ္ဟာ အမ်ဳိးသမီးေတြအေပၚ လိင္ အၾကမ္းဖက္မႈႏႈန္း ျမင့္မားစြာျဖစ္ေပၚေနတဲ့ အိႏၵိယႏုိင္ငံနဲ႕ တြဲျမင္စရာ အမႈအခင္းတစ္ခု ျဖစ္ခဲ့ပါတယ္။ 
ယခုအခါ အသက္ ၃၁ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ တရားခံက ေရွ႕ေနမွတဆင့္ တရားရုံးခ်ဳပ္ထံ အသနားခံေလွ်ာက္လဲခ်က္ တင္ခဲ့ရာမွာ နယူးေဒလီရဲ႕ ေလထုအရည္အေသြးဟာ ဓါတ္ေငြ႕ခန္းႀကီးလုိ ျဖစ္ေနၿပီး ၿမိဳ႕ေတာ္ရဲ႕ ေသာက္သုံးေရဟာလည္း လုံး၀ အဆိပ္သင့္ေနတာျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။ ေလထုနဲ႕ ေရအရည္အေသြးကုိ သတိျပဳမိေနၾကမႈနဲ႕အတူ ၿမိဳ႕ေတာ္ေဒလီ၀န္းက်င္မွာ ဘာျဖစ္ေနတယ္ဆုိတာ လူတုိင္း သိေနၾကေၾကာင္း၊ ဒါေတြေၾကာင့္ အသက္တုိေနၿပီျဖစ္လုိ ့ ဘာေၾကာင့္ ေသဒဏ္ေပးမွာလဲလုိ ့ အသနားခံစာမွာ ဆက္လက္ေဖာ္ျပခဲ့ပါတယ္။ 
အက္ခ္ေရွးဟာ ယခုအမႈမွာ ေသဒဏ္က်ခံရတဲ့ ေလးဦးအနက္ တရားရုံးခ်ဳပ္က ဆုံးျဖတ္ခ်က္မခ်မီ အသနားခံ သုံးသပ္ေပးေရး ေနာက္ဆုံး ေလွ်ာက္လဲထုေခ် ရသူျဖစ္ပါတယ္။ အသနားခံေလွ်ာက္လဲခ်က္ဟာ ပယ္ခ်ခံရမယ္လုိ ့လည္း ေသခ်ာေပါက္နီးပါး ေမွ်ာ္လင့္ထားတာပါ။ 
ယခုသီတင္းပတ္အတြင္း မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ တရားခံ အမ်ဳိးသားေတြဟာ ႏွစ္မကုန္ခင္ ႀကိဳးေပးခံရႏုိင္တယ္လုိ ့ ဆုိၿပီး အမႈျဖစ္ခဲ့တဲ့ ႏွစ္ပတ္လည္ေန ့ဒီဇင္ဘာ ၁၆ ရက္မွာ ျဖစ္ႏုိင္ေၾကာင္း ခန္ ့မွန္းၾကပါတယ္။ အခ်ဳိ႕သတင္းေတြကလည္း ၄င္းတုိ ့ကုိ ခ်ဳပ္ေႏွာင္ထားရာ Tihar အက်ဥ္းေထာင္မွာ စက္တုိင္ေတြ၊ အထူးျပဳလုပ္ထားတဲ့ ႀကိဳးေတြကုိ စမ္းသပ္ရင္း ကြပ္မ်က္မႈပုံစံကုိ အႀကိဳဇာတ္တုိိက္က်င့္ ေနေၾကာင္း ေဖာ္ျပၾကပါတယ္။ ဒါေပမဲ့လည္း Tihar အက်ဥ္းေထာင္ အရာရွိတစ္ဦးကေတာ့ သူတုိ ့အေနနဲ႕ ဘယ္လုိႀကိဳတင္ျပင္ဆင္မႈမ်ဳိးကုိမွ် သိမထားပါေၾကာင္း AFP သတင္းကုိ ေျပာဆုိခဲ့ပါတယ္။ 

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : CNA

Unicode Version

 

 

၂၀၁၂ ခုနှစ်က ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့တဲ့ ဒေလီ အုပ်စုဖွဲ့ မုဒိမ်းမှုနဲ့ပတ်သက်ပြီး သေဒဏ်ချမှတ် ခံထားရတဲ့ အိန္ဒိယ အမျိုးသားလေးဦးအနက် တစ်ဦးဟာ အင်္ဂါနေ့က သူ့ရဲ့ ပြစ်ဒဏ်အပေါ် အသနားခံလျှောက်လဲရာမှာ မြို့တော်ဒေလီရဲ့ လေထုညစ်ညမ်းမှုဖြစ်စဉ်ကို ထောက်ပြ ပြောဆိုသွားခဲ့ကြောင်း သိရပါတယ်။ 
အက်ခ်ရှေး ကူးမားဆင်းဟာ လွန်ခဲ့တဲ့ ၇ နှစ်ခန့် ဒီဇင်ဘာ ညတစ်ညက အိန္ဒိယနိုင်ငံ မြို့တော် ဒေလီရဲ့ ဘတ်စ်ကားတစ်စီးပေါ်မှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြတဲ့ အမျိုးသားတွေထဲက တစ်ဦးဖြစ်ပါတယ်။ 
အမျိုးသမီးဖြစ်သူဟာ အခင်းဖြစ်ပြီး ၁၂ ရက်အကြာမှာ ပြင်းထန်တဲ့ အတွင်းဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရပြီး ယင်းဖြစ်ရပ်ကြောင့် နိုင်ငံတဝန်း ဆန္ဒပြမှုတွေပေါ်ပေါက်ခဲ့ကာ နိုင်ငံတကာကို ရိုက်ခတ်ခဲ့တဲ့ တုန်လှုပ်ဖွယ်ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဖြစ်ရပ်ဟာ အမျိုးသမီးတွေအပေါ် လိင် အကြမ်းဖက်မှုနှုန်း မြင့်မားစွာဖြစ်ပေါ်နေတဲ့ အိန္ဒိယနိုင်ငံနဲ့ တွဲမြင်စရာ အမှုအခင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ 
ယခုအခါ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တရားခံက ရှေ့နေမှတဆင့် တရားရုံးချုပ်ထံ အသနားခံလျှောက်လဲချက် တင်ခဲ့ရာမှာ နယူးဒေလီရဲ့ လေထုအရည်အသွေးဟာ ဓါတ်ငွေ့ခန်းကြီးလို ဖြစ်နေပြီး မြို့တော်ရဲ့ သောက်သုံးရေဟာလည်း လုံး၀ အဆိပ်သင့်နေတာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ လေထုနဲ့ ရေအရည်အသွေးကို သတိပြုမိနေကြမှုနဲ့အတူ မြို့တော်ဒေလီဝန်းကျင်မှာ ဘာဖြစ်နေတယ်ဆိုတာ လူတိုင်း သိနေကြကြောင်း၊ ဒါတွေကြောင့် အသက်တိုနေပြီဖြစ်လို့ ဘာကြောင့် သေဒဏ်ပေးမှာလဲလို့ အသနားခံစာမှာ ဆက်လက်ဖော်ပြခဲ့ပါတယ်။ 
အက်ခ်ရှေးဟာ ယခုအမှုမှာ သေဒဏ်ကျခံရတဲ့ လေးဦးအနက် တရားရုံးချုပ်က ဆုံးဖြတ်ချက်မချမီ အသနားခံ သုံးသပ်ပေးရေး နောက်ဆုံး လျှောက်လဲထုချေ ရသူဖြစ်ပါတယ်။ အသနားခံလျှောက်လဲချက်ဟာ ပယ်ချခံရမယ်လို့လည်း သေချာပေါက်နီးပါး မျှော်လင့်ထားတာပါ။ 
ယခုသီတင်းပတ်အတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ တရားခံ အမျိုးသားတွေဟာ နှစ်မကုန်ခင် ကြိုးပေးခံရနိုင်တယ်လို့ ဆိုပြီး အမှုဖြစ်ခဲ့တဲ့ နှစ်ပတ်လည်နေ့ဒီဇင်ဘာ ၁၆ ရက်မှာ ဖြစ်နိုင်ကြောင်း ခန့်မှန်းကြပါတယ်။ အချို့သတင်းတွေကလည်း ၎င်းတို့ကို ချုပ်နှောင်ထားရာ Tihar အကျဉ်းထောင်မှာ စက်တိုင်တွေ၊ အထူးပြုလုပ်ထားတဲ့ ကြိုးတွေကို စမ်းသပ်ရင်း ကွပ်မျက်မှုပုံစံကို အကြိုဇာတ်တိုက်ကျင့် နေကြောင်း ဖော်ပြကြပါတယ်။ ဒါပေမဲ့လည်း Tihar အကျဉ်းထောင် အရာရှိတစ်ဦးကတော့ သူတို့အနေနဲ့ ဘယ်လိုကြိုတင်ပြင်ဆင်မှုမျိုးကိုမျှ သိမထားပါကြောင်း AFP သတင်းကို ပြောဆိုခဲ့ပါတယ်။ 

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။