Skip to main content
ကာခ်ဳပ္၏မိန္႔ခြန္းမ်ားတြင္ “ဘဂၤါလီမ်ားအားအျပတ္ရွင္းေတာ့မည္” ဟုေျပာၾကားခဲ့ျခင္းမရွိေၾကာင္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း ေျပာ 
Ads Block

ကာခ်ဳပ္၏မိန္႔ခြန္းမ်ားတြင္ “ဘဂၤါလီမ်ားအားအျပတ္ရွင္းေတာ့မည္” ဟုေျပာၾကားခဲ့ျခင္းမရွိေၾကာင္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း ေျပာ 

 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္၏မိန္႔ခြန္းမ်ားတြင္ “ဘဂၤါလီမ်ားအား အျပတ္ရွင္းေတာ့မည္” ဟုေျပာၾကားခဲ့ျခင္းမရွိေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးေကာ္မတီမွ အတြင္းေရးမွဴး ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။
ICJ တရားရုံးတြင္ ဒီဇင္ဘာ ၁၂ ရက္က ဂမ္ဘီယာႏိုင္ငံမွတင္သြင္းေသာသက္ေသခံမ်ားႏွင့္ပတ္သက္၍ အကုန္သိသတင္းဌာနမွ ဆက္သြယ္ေမးျမန္းရာတြင္ ယခုကဲ့သို႔ေျဖၾကားေပးျခင္းျဖစ္သည္။ 
“သူတုိ႔ေျပာတာနဲ႔တျခားစီပါပဲ။ ဒါနဲ႔ပတ္သက္လုိ႔ ေဖ့စ္ဘုတ္မွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မိန္႔ခြန္းေတြ၊ အခမ္းအနားမွာေျပာခဲ့တာေတြကုိျပန္ၾကည့္ရင္သူတုိ႔ေျပာသလုိပါတာမရွိပါဘူး။ ပါစရာအေၾကာင္းလည္း မရွိပါဘူး။ ေျပာလည္းမေျပာခဲ့ပါဘူး။ အခုကလူပုဂၢဳိလ္ပါဆင္နယ္အေကာင့္ဖြင့္ရင္ အတုလား၊ အစစ္လား။ ဒါကတစ္ကမၻာလုံးလည္းသိေနတာပဲ။ ဒီလုိအရာမ်ိဳးကုိဒီလုိတရားရုံးႀကီးမွာႏုိင္ငံတကာသက္ေသအျဖစ္ ရတာအကုန္ယူၿပီးတင္သြင္းတာေတာ့ဘယ္ဟာကုိဦးတည္သလဲၾကည့္တာနဲ႔သိပါတယ္။ ေဖ့စ္ဘုတ္အတုဖြင့္ထားၿပီးလူတစ္ေယာက္ကုိတုိက္ခုိက္ခ်င္ရင္ ဒီလုိလုပ္တာလူတုိင္းသိေနတာပဲ’’ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးေကာ္မတီမွ အတြင္းေရးမွဴး ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။
ICJ တြင္ ဒီဇင္ဘာလ ၁၁ ရက္၌စတင္စစ္ေဆးခ်ိန္ ဂမ္ဘီယာႏုိင္ငံက ျမန္မာ့တပ္မေတာ္ကို စြပ္စြဲေျပာၾကားသြားခဲ့သည္။ 
အဆုိပါ စြပ္စြဲခ်က္မ်ားအေပၚ ႏုိင္ငံျခားေရး၀န္ႀကီးျဖစ္သူေဒၚေအာင္ဆန္းစုၾကည္ကလည္း တပ္မေတာ္၏ နယ္ေျမရွင္းလင္းေရးႏွင့္ ရခုိင္ျပည္နယ္တြင္ ARSA ေသာင္းက်န္းသူတုိ႔၏တုိက္ခုိက္မႈမ်ားကုိေျပာၾကားခဲ့သည္။ 

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏မိန့်ခွန်းများတွင် “ဘင်္ဂါလီများအား အပြတ်ရှင်းတော့မည်” ဟုပြောကြားခဲ့ခြင်းမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီမှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။
ICJ တရားရုံးတွင် ဒီဇင်ဘာ ၁၂ ရက်က ဂမ်ဘီယာနိုင်ငံမှတင်သွင်းသောသက်သေခံများနှင့်ပတ်သက်၍ အကုန်သိသတင်းဌာနမှ ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ဖြေကြားပေးခြင်းဖြစ်သည်။ 
“သူတို့ပြောတာနဲ့တခြားစီပါပဲ။ ဒါနဲ့ပတ်သက်လို့ ဖေ့စ်ဘုတ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မိန့်ခွန်းတွေ၊ အခမ်းအနားမှာပြောခဲ့တာတွေကိုပြန်ကြည့်ရင်သူတို့ပြောသလိုပါတာမရှိပါဘူး။ ပါစရာအကြောင်းလည်း မရှိပါဘူး။ ပြောလည်းမပြောခဲ့ပါဘူး။ အခုကလူပုဂ္ဂိုလ်ပါဆင်နယ်အကောင့်ဖွင့်ရင် အတုလား၊ အစစ်လား။ ဒါကတစ်ကမ္ဘာလုံးလည်းသိနေတာပဲ။ ဒီလိုအရာမျိုးကိုဒီလိုတရားရုံးကြီးမှာနိုင်ငံတကာသက်သေအဖြစ် ရတာအကုန်ယူပြီးတင်သွင်းတာတော့ဘယ်ဟာကိုဦးတည်သလဲကြည့်တာနဲ့သိပါတယ်။ ဖေ့စ်ဘုတ်အတုဖွင့်ထားပြီးလူတစ်ယောက်ကိုတိုက်ခိုက်ချင်ရင် ဒီလိုလုပ်တာလူတိုင်းသိနေတာပဲ’’ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီမှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။
ICJ တွင် ဒီဇင်ဘာလ ၁၁ ရက်၌စတင်စစ်ဆေးချိန် ဂမ်ဘီယာနိုင်ငံက မြန်မာ့တပ်မတော်ကို စွပ်စွဲပြောကြားသွားခဲ့သည်။ 
အဆိုပါ စွပ်စွဲချက်များအပေါ် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကလည်း တပ်မတော်၏ နယ်မြေရှင်းလင်းရေးနှင့် ရခိုင်ပြည်နယ်တွင် ARSA သောင်းကျန်းသူတို့၏တိုက်ခိုက်မှုများကိုပြောကြားခဲ့သည်။ 

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။