Skip to main content
၀န္းရံေပးသူမ်ားကို အၿမဲအမွတ္ရေနမည္ဟု ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေျပာၾကား
Ads Block

၀န္းရံေပးသူမ်ားကို အၿမဲအမွတ္ရေနမည္ဟု ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေျပာၾကား

 

ႏုိင္ငံအတြက္ အမွန္တကယ္လိုအပ္ခ်ိန္တြင္ ၀န္းရံေပးသူမ်ားကို မိမိအေနျဖင့္အၿမဲအမွတ္ရေနမည္ျဖစ္ေၾကာင္း ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကေျပာၾကားသည္။
နယ္သာလန္ႏုိင္ငံ၊ သည္ဟ္ိတ္ၿမိဳ႕ရွိ ICJ တရားရုံးေရွ႕တြင္ လာေရာက္၀န္းရံသူမ်ားႏွင့္ ဒီဇင္ဘာလ (၁၃)ရက္က ေတြ႕ဆံုစဥ္ အထက္ပါအတိုင္းေျပာၾကားျခင္းျဖစ္သည္။
“ႏိုင္ငံတစ္ႏိုင္ငံဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ျပည္သူမ်ားရဲ႕ညီညြတ္တဲ့စိတ္ဓာတ္မွာအလြန္အေရးႀကီးပါတယ္။ မိမိတုိ႔ႏိုင္ငံဟာရုပ္ပုိင္းဆုိင္ရာအင္အားေတာင့္တင္းတဲ့ ႏိုင္ငံတစ္ႏိုင္ငံမဟုတ္ပါဘူး။ စိတ္ဓာတ္အင္အား၊ ၀ီရိယ၊ ဇဲြလုံ႔လအင္အားတုိ႔နဲ႔ရပ္တည္ရမွာျဖစ္ပါတယ္။အခက္အခဲေတြနဲ႔ရင္ဆုိင္ရာမွာ ျပည္သူမ်ားရဲ႕ ၀ုိင္း၀န္းေပးမႈမ်ားဟာ ခြန္အားျဖစ္ေစပါတယ္။မိမိတို႔ႏို္င္ငံသားမ်ားအေနနဲ႔ မည့္သည့္ႏိုင္ငံတြင္ ေနထိုင္သည္ျဖစ္ေစ၊ မည္သည့္ႏိုင္ငံသားျဖစ္ေစ ျမန္မာမိသားစု၀င္မ်ားသာျဖစ္ပါတယ္။မိမိတုိ႔ ႏိုင္ငံသားမ်ားအေနနဲ႔ အမွန္တကယ္လုိအပ္ခ်ိန္တြင္ ၀ုိင္း၀န္းရပ္တည္ေပးတဲ့အတြက္ မိိမိအေနျဖင့္ အၿမဲအမွတ္ရေနမည္ျဖစ္ပါတယ္။”ဟုႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသည္။
ICJ တရားရုံးေရွ႕သို႔တရားခြင္စတင္သည့္ ဒီဇင္ဘာလ (၁၀)ရက္ကစတင္ၿပီး ေဒၚေအာင္ဆန္းစုၾကည္အား ျမန္မာႏိုင္ငံသားအမ်ားအျပားလာေရာက္ လာေရာက္ေထာက္ခံ၀န္းရံခဲ့ၾကသည္။
ICJ တြင္ ဒီဇင္ဘာလ(၁၀)ရက္ကဂမ္ဘီယာႏုိင္ငံကေလွ်ာက္လဲခ်က္ေပးခဲ့ၿပီး (၁၁)ရက္တြင္ ျမန္မာႏိုင္ငံမွ ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုင္ေလွွ်ာက္လဲခ်က္ေပးခဲ့ကာ (၁၂)ရက္တြင္ ႏွစ္ဖက္လံုးမွ ေလွ်ာက္လဲခ်က္ေပးခဲ့ရသည္။

- ထက္ေ၀လင္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

နိုင်ငံအတွက် အမှန်တကယ်လိုအပ်ချိန်တွင် ဝန်းရံပေးသူများကို မိမိအနေဖြင့်အမြဲအမှတ်ရနေမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။
နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ ICJ တရားရုံးရှေ့တွင် လာရောက်ဝန်းရံသူများနှင့် ဒီဇင်ဘာလ (၁၃)ရက်က တွေ့ဆုံစဉ် အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။
“နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများရဲ့ညီညွတ်တဲ့စိတ်ဓာတ်မှာအလွန်အရေးကြီးပါတယ်။ မိမိတို့နိုင်ငံဟာရုပ်ပိုင်းဆိုင်ရာအင်အားတောင့်တင်းတဲ့ နိုင်ငံတစ်နိုင်ငံမဟုတ်ပါဘူး။ စိတ်ဓာတ်အင်အား၊ ဝီရိယ၊ ဇွဲလုံ့လအင်အားတို့နဲ့ရပ်တည်ရမှာဖြစ်ပါတယ်။အခက်အခဲတွေနဲ့ရင်ဆိုင်ရာမှာ ပြည်သူများရဲ့ ဝိုင်းဝန်းပေးမှုများဟာ ခွန်အားဖြစ်စေပါတယ်။မိမိတို့နိုင်ငံသားများအနေနဲ့ မည့်သည့်နိုင်ငံတွင် နေထိုင်သည်ဖြစ်စေ၊ မည်သည့်နိုင်ငံသားဖြစ်စေ မြန်မာမိသားစုဝင်များသာဖြစ်ပါတယ်။မိမိတို့ နိုင်ငံသားများအနေနဲ့ အမှန်တကယ်လိုအပ်ချိန်တွင် ဝိုင်းဝန်းရပ်တည်ပေးတဲ့အတွက် မိမိအနေဖြင့် အမြဲအမှတ်ရနေမည်ဖြစ်ပါတယ်။”ဟုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ICJ တရားရုံးရှေ့သို့တရားခွင်စတင်သည့် ဒီဇင်ဘာလ (၁၀)ရက်ကစတင်ပြီး ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံသားအများအပြားလာရောက် လာရောက်ထောက်ခံဝန်းရံခဲ့ကြသည်။
ICJ တွင် ဒီဇင်ဘာလ(၁၀)ရက်ကဂမ်ဘီယာနိုင်ငံကလျှောက်လဲချက်ပေးခဲ့ပြီး (၁၁)ရက်တွင် မြန်မာနိုင်ငံမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်လျှောက်လဲချက်ပေးခဲ့ကာ (၁၂)ရက်တွင် နှစ်ဖက်လုံးမှ လျှောက်လဲချက်ပေးခဲ့ရသည်။

- ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။