Skip to main content
တပ္မေတာ္ေခါင္းေဆာင္မ်ားအားပိတ္ဆုိ႔အေရးယူမႈျခင္းသည္ ႏုိင္ငံေရးအရပစ္မွတ္ထားလုပ္ေဆာင္ျခင္းျဖစ္ဟု ဆို 
Ads Block

တပ္မေတာ္ေခါင္းေဆာင္မ်ားအားပိတ္ဆုိ႔အေရးယူမႈျခင္းသည္ ႏုိင္ငံေရးအရပစ္မွတ္ထားလုပ္ေဆာင္ျခင္းျဖစ္ဟု ဆို 

 

အေမရိကန္ဘ႑ာေရး၀န္ႀကီးဌာနက တပ္မေတာ္ေခါင္းေဆာင္မ်ားအား ပိတ္ဆုိ႔အေရးယူျခင္းသည္ ႏုိင္ငံေရးအရပစ္မွတ္ထားလုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးေကာ္မတီမွ အတြင္းေရးမွဴး ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
တပ္မေတာ္ေခါင္းေဆာင္မ်ားအားအေရးယူမႈႏွင့္ပတ္သက္၍ ဒီဇင္ဘာလ ၁၃ ရက္၌ အကုန္သိသတင္းဌာနကဆက္သြယ္ေမးျမန္းရာတြင္ ယခုကဲ့သို႔ေျဖၾကားခဲ့ျခင္းျဖစ္သည္။
“ဒါကေတာ့ ႏုိင္ငံေရးအရတစ္ဖက္ကပစ္မွတ္ထားလုပ္ေဆာင္တာပဲ။ ဒီလုိပဲလြန္ခဲ့တဲ့လပုိင္းတုန္းကလည္း အေမရိကန္ႏုိင္ငံျခားေရးလက္ေထာက္၀န္ႀကီးက ဓါတုလက္နက္ေတြရွိတယ္ဆုိၿပီးစြပ္စြဲတာပဲ။ ေနာက္သူတုိ႔ေျပာတာမမွန္ဘူးဆုိတာ ျပန္သိတယ္။ အခုလည္းဘ႑ာေရးကပိတ္ဆုိ႔တယ္ဆုိတာ ဒါသူတုိ႔အခ်ိန္ကုိက္လုပ္ေဆာင္တာပဲ။ ပစ္မွတ္ထားလုပ္ေဆာင္တာေပါ့’’ ဟု တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးေကာ္မတီမွအတြင္းေရးမွဴး ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
အေမရိကန္ႏုိင္ငံဘ႑ာေရး၀န္ႀကီးဌာနသည္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဒုတိယကာကြယ္ေရး ဦးစီးခ်ဳပ္အပါအ၀င္အရာရွိ ၂ ဦးတုိ႔အား လူ႔အခြင့္အေရးခ်ိဳးေဖာက္သူမ်ားအျဖစ္ပိတ္ဆုိ႔အေရးယူေၾကာင္း ဒီဇင္ဘာ ၁၀ ရက္တြင္ သတင္းထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။ 
အေမရိကန္ဘ႑ာေရး၀န္ႀကီးဌာနထုတ္ျပန္ခ်က္၌ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လေနာက္ပုိင္း ရခုိင္ျပည္နယ္မွ လူေပါင္းမ်ားစြာထြက္ေျပးတိမ္းေရွာင္မႈအပါအ၀င္ နယ္ေျမရွင္းလင္းသည့္အေပၚတာ၀န္ရွိေၾကာင္း ေဖာ္ျပထားသည္။ 

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

 

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက တပ်မတော်ခေါင်းဆောင်များအား ပိတ်ဆို့အရေးယူခြင်းသည် နိုင်ငံရေးအရပစ်မှတ်ထားလုပ်ဆောင်ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးကော်မတီမှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
တပ်မတော်ခေါင်းဆောင်များအားအရေးယူမှုနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၁၃ ရက်၌ အကုန်သိသတင်းဌာနကဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ဒါကတော့ နိုင်ငံရေးအရတစ်ဖက်ကပစ်မှတ်ထားလုပ်ဆောင်တာပဲ။ ဒီလိုပဲလွန်ခဲ့တဲ့လပိုင်းတုန်းကလည်း အမေရိကန်နိုင်ငံခြားရေးလက်ထောက်ဝန်ကြီးက ဓါတုလက်နက်တွေရှိတယ်ဆိုပြီးစွပ်စွဲတာပဲ။ နောက်သူတို့ပြောတာမမှန်ဘူးဆိုတာ ပြန်သိတယ်။ အခုလည်းဘဏ္ဍာရေးကပိတ်ဆို့တယ်ဆိုတာ ဒါသူတို့အချိန်ကိုက်လုပ်ဆောင်တာပဲ။ ပစ်မှတ်ထားလုပ်ဆောင်တာပေါ့’’ ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးကော်မတီမှအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
အမေရိကန်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယကာကွယ်ရေး ဦးစီးချုပ်အပါအဝင်အရာရှိ ၂ ဦးတို့အား လူ့အခွင့်အရေးချိုးဖောက်သူများအဖြစ်ပိတ်ဆို့အရေးယူကြောင်း ဒီဇင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနထုတ်ပြန်ချက်၌ ၂၀၁၇ ခုနှစ်၊ သြဂုတ်လနောက်ပိုင်း ရခိုင်ပြည်နယ်မှ လူပေါင်းများစွာထွက်ပြေးတိမ်းရှောင်မှုအပါအဝင် နယ်မြေရှင်းလင်းသည့်အပေါ်တာဝန်ရှိကြောင်း ဖော်ပြထားသည်။ 

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။