Skip to main content
ထပ္မံေပါက္ကြဲႏုိင္ေျခရွိေနတဲ့ နယူးဇီလန္ မီးေတာင္ကၽြန္းေပၚကေန အေလာင္း ၆ ေလာင္း ရွာေဖြသယ္ေဆာင္ႏုိင္ခဲ့ 
Ads Block

ထပ္မံေပါက္ကြဲႏုိင္ေျခရွိေနတဲ့ နယူးဇီလန္ မီးေတာင္ကၽြန္းေပၚကေန အေလာင္း ၆ ေလာင္း ရွာေဖြသယ္ေဆာင္ႏုိင္ခဲ့ 

 

ထပ္မံေပါက္ကြဲႏုိင္ေျခရွိေနဆဲျဖစ္တဲ့ နယူးဇီလန္ ႏိုင္ငံ white မီးေတာင္ကၽြန္းေပၚကေန အေလာင္း ၆ ေလာင္းကုိ ဒီဇင္ဘာ ၁၃ ရက္ ေသာၾကာေန႔မွာ စစ္သားေတြက ေလေၾကာင္းကေန သယ္ထုတ္ယူႏုိင္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာဆုိပါတယ္။  ေနာက္ထပ္ေပါက္ကြဲလာႏုိင္တဲ့ အႏၱရာယ္ရွိေနတဲ့ၾကားက အေလာင္း ရွာေဖြ သယ္ယူေရး မစ္ရွင္ေဆာင္ရြက္ခဲ့တာျဖစ္ပါတယ္။ 
လူ ၁၆ ဦးေသဆုံးကာ ဒါဇင္မ်ားစြာ ထိခုိက္ဒဏ္ရာရခဲ့တယ္လုိ ့ ယုံၾကည္ရတဲ့ ၿပီးခဲ့တဲ့ တနလၤာေန ့က ေပါက္ကြဲသြားခဲ့တဲ့ ယင္းမီးေတာင္ရွိရာကုိ ၀ါကာတန္ ေလဆိပ္ကေန စစ္ဘက္ရဟတ္ယာဥ္ႏွစ္စီး သြားေရာက္ ခဲ့တာေတြ႕ရတယ္လုိ ့ AFP သတင္းက ေဖာ္ျပပါတယ္။ 
စြမ္းရည္ျပည့္ တပ္ဖြဲ႕၀င္ ၈ ဦးပါ တပ္စိတ္ဟာ နယူးဇီလန္ရဲ႕ လႈပ္ရွားထၾကြမႈအျဖစ္ဆုံး မီးေတာင္တစ္ခုေပၚမွာ က်န္ရွိေနခဲ့တဲ့ ရုပ္အေလာင္း ၈ ေလာင္းကုိ ရွာေဖြသယ္ယူဖုိ ့အတြက္ ထြက္ခြာ ခဲ့ၾကတာပါ။ အခ်ိန္ ၅ နာရီေလာက္ ေစာင့္ဆုိင္းအၿပီးမွာေတာ့ က်န္ရွိေနတဲ့ အေလာင္းေတြထဲက အမ်ားစုကုိ ျပန္ေတြ႕ခဲ့ၿပီျဖစ္ၿပီး အေလာင္းေတြကုိ ကမ္းရုိးတန္းမွာ ေက်ာက္ခ်ထားတဲ့ ေရတပ္ ဖရီးဂိတ္သေဘၤာတစ္စီးေပၚ ပုိ ့ေဆာင္ထားၿပီဆုိတဲ့ ရဲတပ္ဖြဲ႕ရဲ႕  ထုတ္ျပန္ခ်က္ထြက္လာခဲ့ပါတယ္။ 
အေလာင္းေတြ ရွာေဖြသယ္ယူမႈ မစခင္ ဒရုန္းယာဥ္ေတြ ေစလႊတ္စစ္ေဆးခဲ့တာဟာ အေလာင္း ၆ ေလာင္းကုိ ေတြ႕ရွိဖုိ ့ အေထာက္အကူျဖစ္ခဲ့ပါတယ္။ ရွာေဖြေရးအဖြဲ႕ဟာ ႀကီးမားေလးလံတဲ့ အကာအကြယ္ ပစၥည္းေတြနဲ႕ ကၽြန္းေပၚကုိ ခက္ခက္ခဲခဲ သြားေရာက္ခဲ့ရတာျဖစ္ၿပီး သူတုိ႕ရဲ႕ လႈပ္ရွားသြားလာမႈမွာ အကန္ ့အသတ္ရွိခဲ့ပါတယ္။ ေနာက္ထပ္ က်န္ရွိေနတဲ့ ေပ်ာက္ဆုံးသူႏွစ္ဦးကုိ ဆက္လက္ရွာေဖြ သြားဦး မွာျဖစ္ေၾကာင္း၊ ဒါေပမဲ့ အႏၱရာယ္မ်ားတဲ့ ပတ္၀န္းက်င္အေနအထားျဖစ္တာေၾကာင့္ အခ်ိန္အကန္ ့အသတ္ရွိ ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာခဲ့ပါတယ္။ 
ရွာေဖြေရး မစ္ရွင္ ဆက္ရွိေနဆဲျဖစ္ေၾကာင္း လက္ေထာက္ရဲမင္းႀကီး မုိက္ကလီမန္႕က ေျပာဆုိခဲ့ၿပီး အမွားအယြင္း က်ေရာက္သြားႏုိင္တဲ့ အရာမ်ားစြာရွိေနတယ္လုိ ့လည္း ၄င္းက သတိေပးခဲ့ပါတယ္။ ဒါေပမဲ့လည္း အခုထိေတာ့ မိမိတုိ ့ ေမွ်ာ္လင့္ထားသလုိ လုပ္ေဆာင္ေနႏုိင္ေၾကာင္း ဆုိခဲ့ပါတယ္။ 
၀န္ႀကီးခ်ဳပ္ ဂ်ဆင္ဒါ အာဒန္ကလည္း ၀မ္းနည္းပူေဆြးေနၾကတဲ့ မိသားစု၀င္ေတြထံ သူတုိ ့ရဲ႕ ခ်စ္လွစြာေသာ သားခ်င္းေတြကုိ ျပန္ပုိ ့ေပးႏုိင္ေရး မစ္ရွင္ဆက္လက္ ေဆာင္ရြက္ေနဆဲျဖစ္ပါေၾကာင္း ေျပာဆုိခဲ့ပါတယ္။ မီးသားစု၀င္ေတြရဲ႕ ဖိအားေပးေတာင္းဆုိမႈေတြေၾကာင့္ ေနာက္ရက္  ဒါမွမဟုတ္ မၾကာခင္ရက္ပုိင္းမွာ မီးေတာင္ ထပ္မံေပါက္ကြဲလာႏုိင္ေျခ ၅၀ ကေန ၆၀ ရာခုိင္ႏႈန္းေလာက္ရွိေနတဲ့ၾကားက ရွာေဖြသယ္ယူေရး မစ္ရွင္လုပ္ေဆာင္ဖုိ ့ အာဏာပုိင္ေတြ အတည္ျပဳေပးခဲ့ရတာျဖစ္ပါတယ္။ 

- ကုိလင္း ( အကုန္သိ သတင္းဌာန )  | Ref : chnnelnewsasia 

Unicode Version

 

ထပ်မံပေါက်ကွဲနိုင်ခြေရှိနေဆဲဖြစ်တဲ့ နယူးဇီလန် နိုင်ငံ white မီးတောင်ကျွန်းပေါ်ကနေ အလောင်း ၆ လောင်းကို ဒီဇင်ဘာ ၁၃ ရက် သောကြာနေ့မှာ စစ်သားတွေက လေကြောင်းကနေ သယ်ထုတ်ယူနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။  နောက်ထပ်ပေါက်ကွဲလာနိုင်တဲ့ အန္တရာယ်ရှိနေတဲ့ကြားက အလောင်း ရှာဖွေ သယ်ယူရေး မစ်ရှင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ 
လူ ၁၆ ဦးသေဆုံးကာ ဒါဇင်များစွာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ယုံကြည်ရတဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့က ပေါက်ကွဲသွားခဲ့တဲ့ ယင်းမီးတောင်ရှိရာကို ဝါကာတန် လေဆိပ်ကနေ စစ်ဘက်ရဟတ်ယာဉ်နှစ်စီး သွားရောက် ခဲ့တာတွေ့ရတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။ 
စွမ်းရည်ပြည့် တပ်ဖွဲ့ဝင် ၈ ဦးပါ တပ်စိတ်ဟာ နယူးဇီလန်ရဲ့ လှုပ်ရှားထကြွမှုအဖြစ်ဆုံး မီးတောင်တစ်ခုပေါ်မှာ ကျန်ရှိနေခဲ့တဲ့ ရုပ်အလောင်း ၈ လောင်းကို ရှာဖွေသယ်ယူဖို့အတွက် ထွက်ခွာ ခဲ့ကြတာပါ။ အချိန် ၅ နာရီလောက် စောင့်ဆိုင်းအပြီးမှာတော့ ကျန်ရှိနေတဲ့ အလောင်းတွေထဲက အများစုကို ပြန်တွေ့ခဲ့ပြီဖြစ်ပြီး အလောင်းတွေကို ကမ်းရိုးတန်းမှာ ကျောက်ချထားတဲ့ ရေတပ် ဖရီးဂိတ်သင်္ဘောတစ်စီးပေါ် ပို့ဆောင်ထားပြီဆိုတဲ့ ရဲတပ်ဖွဲ့ရဲ့  ထုတ်ပြန်ချက်ထွက်လာခဲ့ပါတယ်။ 
အလောင်းတွေ ရှာဖွေသယ်ယူမှု မစခင် ဒရုန်းယာဉ်တွေ စေလွှတ်စစ်ဆေးခဲ့တာဟာ အလောင်း ၆ လောင်းကို တွေ့ရှိဖို့ အထောက်အကူဖြစ်ခဲ့ပါတယ်။ ရှာဖွေရေးအဖွဲ့ဟာ ကြီးမားလေးလံတဲ့ အကာအကွယ် ပစ္စည်းတွေနဲ့ ကျွန်းပေါ်ကို ခက်ခက်ခဲခဲ သွားရောက်ခဲ့ရတာဖြစ်ပြီး သူတို့ရဲ့ လှုပ်ရှားသွားလာမှုမှာ အကန့်အသတ်ရှိခဲ့ပါတယ်။ နောက်ထပ် ကျန်ရှိနေတဲ့ ပျောက်ဆုံးသူနှစ်ဦးကို ဆက်လက်ရှာဖွေ သွားဦး မှာဖြစ်ကြောင်း၊ ဒါပေမဲ့ အန္တရာယ်များတဲ့ ပတ်ဝန်းကျင်အနေအထားဖြစ်တာကြောင့် အချိန်အကန့်အသတ်ရှိ ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ 
ရှာဖွေရေး မစ်ရှင် ဆက်ရှိနေဆဲဖြစ်ကြောင်း လက်ထောက်ရဲမင်းကြီး မိုက်ကလီမန့်က ပြောဆိုခဲ့ပြီး အမှားအယွင်း ကျရောက်သွားနိုင်တဲ့ အရာများစွာရှိနေတယ်လို့လည်း ၎င်းက သတိပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုထိတော့ မိမိတို့ မျှော်လင့်ထားသလို လုပ်ဆောင်နေနိုင်ကြောင်း ဆိုခဲ့ပါတယ်။ 
ဝန်ကြီးချုပ် ဂျဆင်ဒါ အာဒန်ကလည်း ဝမ်းနည်းပူဆွေးနေကြတဲ့ မိသားစုဝင်တွေထံ သူတို့ရဲ့ ချစ်လှစွာသော သားချင်းတွေကို ပြန်ပို့ပေးနိုင်ရေး မစ်ရှင်ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ပါကြောင်း ပြောဆိုခဲ့ပါတယ်။ မီးသားစုဝင်တွေရဲ့ ဖိအားပေးတောင်းဆိုမှုတွေကြောင့် နောက်ရက်  ဒါမှမဟုတ် မကြာခင်ရက်ပိုင်းမှာ မီးတောင် ထပ်မံပေါက်ကွဲလာနိုင်ခြေ ၅၀ ကနေ ၆၀ ရာခိုင်နှုန်းလောက်ရှိနေတဲ့ကြားက ရှာဖွေသယ်ယူရေး မစ်ရှင်လုပ်ဆောင်ဖို့ အာဏာပိုင်တွေ အတည်ပြုပေးခဲ့ရတာဖြစ်ပါတယ်။ 

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : chnnelnewsasia 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။