Skip to main content
အေမရိကန္မွာ ငွက္ေတြ ရာနဲ႔ခ်ီ အစုလိုက္ ေသဆံုးမူ ျဖစ္ပြား
Ads Block

အေမရိကန္မွာ ငွက္ေတြ ရာနဲ႔ခ်ီ အစုလိုက္ ေသဆံုးမူ ျဖစ္ပြား

 

အေမရိကန္ႏိုင္ငံ အိန္ဂ်လီေဆးေဒသက တစ္လမ္းေမာင္း လမ္းမေပၚမွာ ခႏၶာကုိယ္မွာ ေသြးေတြနဲ႕အတူ ငွက္ေပါင္း ၂၂၅ ေကာင္ေလာက္ အစုလိုက္ ေသဆံုးေနတာ ေတြ႕ရတယ္လို႔ ေနာ႔ေ၀းစ္ရဲတပ္ဖြဲ႕က ေျပာခဲ႔ပါတယ္။ 
ငွက္ေတြကို ေတြ႕ခဲ႔သူတစ္ဦးျဖစ္တဲ႔ ဒက္ဖစ္အ၀ါ႔ က “ငွက္ေတြက ေကာင္းကင္မွာ ကတည္းက ေသဆံုးၿပီး က်လာတာ ျဖစ္မယ္”လို႔ ေျပာခဲ႔ပါတယ္။ တိရစာၦန္နဲ႔ အပင္က်န္းမာေရး ေအဂ်င္စီက ငွက္ေတြကို ေကာက္ယူၿပီး အဆိပ္ ရွိ\မရွိ စစ္ေဆးေနပါတယ္။ “ ဒီျဖစ္ရပ္ကို စံုစမ္းစစ္ေဆးရတာဟာ အရမ္းကို ထူျခား ဆန္းၾကယ္လြန္းတယ္” လို႔ ေနာ္ေ၀း ရဲတပ္ဖြဲ႕က ေျပာပါတယ္။ “ဒါေတြ ဘယ္လိုျဖစ္တာလဲ ကၽြန္ေတာ္တို႔လည္း မေျပာတတ္ဘူး”လို႔ ရဲအရာရွိ PC Dewi Evans က ေျပာပါတယ္။ 
မစၥတာအက္ေ၀ါ႔ (၄၁ ႏွစ္) က သူ႔ရဲ႕ ပါတနာ ဟန္နက္စတီဗန္ဟာ အဂါၤေန႔ ေန႔လယ္က ငွက္ေတြ အမ်ားႀကီးကို ေတြ႔ခဲ႔တယ္လုိ ့ သူ႕ကုိ ေျပာေၾကာင္း ဆုိပါတယ္။ “ အံ႔ၾသစရာ ေကာင္းေလာက္ေအာင္ ငွက္ေတြရာနဲ႔ခ်ီ ပ်ံသန္းေနတာကို သူ ေတြ႔ခဲ႔တယ္၊ ဒါေပမဲ့ တစ္နာရီေလာက္ၾကာ ျပန္လာတဲ့  အခ်ိန္မွာ ငွက္္ေတြ ရာနဲ႔ခ်ီ လမ္းမေပၚမွာ ေသဆံုးေနတာကို ေတြ႔လိုက္ရတယ္လို႔ သူ က ေျပာတယ္”လို႔ မစၥတာအက္ေ၀ါ႔က ေျပာၾကားခဲ႔ပါတယ္။ 
“ငွက္ေတြဟာ လမ္းေပၚက အစာတစ္ခုခုကို စားမိလိုက္ပံု ေပၚတယ္” “ကၽြန္မ မေန႔ညက ငွက္အေကာင္ေရ ၁၅၀ ထိကို ေရတြက္ႏိုင္ခဲ႔တယ္ ဒါေပမဲ့ ငွက္ေတြဟာ ေနရာတိုင္းမွာ ရာနဲ႔ခ်ီ ေသဆံုး ေနတာေၾကာင္႔ ကၽြန္မဆက္ၿပီး မေရတြက္ႏိုင္ေတာ႔ဘူး၊ ငွက္ေတြဟာ ေကာင္းကင္ေပၚမွာကတည္းက ေသဆံုးၿပီး က်လာတာလဲ ျဖစ္ႏိုင္တယ္” လို႔ မစၥစတီဗန္က ေျပာခဲ႔ပါတယ္။
“ကၽြန္ေတာ္တို႔ ဒီျဖစ္ရပ္ရဲ႕ အေၾကာင္းအရင္းအမွန္ကို ေသေသခ်ာခ်ာသိရဖို႔ ေဆးစစ္ခ်က္္ေတြရဲ႕ အေျဖေတြကိုု ေစာင္႔ၾကည္႔ရမယ္” “ဒီငွက္ေတြ ေသဆံုးရတဲ႔ အေၾကာင္းအရင္းကို ကၽြန္ေတာ္တို႔ အေနနဲ႔ ခန္႔မွန္းရံုသာ တတ္ႏိုင္ပါေသးတယ္”လို႔ တာ၀န္ရွိသူတစ္ဦးက ေျပာပါတယ္။ 

- ခိုင္ခိုင္ ( အကုန္သိ သတင္းဌာန )  | Ref : BBC

Unicode Version

 

အမေရိကန်နိုင်ငံ အိန်ဂျလီဆေးဒေသက တစ်လမ်းမောင်း လမ်းမပေါ်မှာ ခန္ဓာကိုယ်မှာ သွေးတွေနဲ့အတူ ငှက်ပေါင်း ၂၂၅ ကောင်လောက် အစုလိုက် သေဆုံးနေတာ တွေ့ရတယ်လို့ နော့ဝေးစ်ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ 
ငှက်တွေကို တွေ့ခဲ့သူတစ်ဦးဖြစ်တဲ့ ဒက်ဖစ်အဝါ့ က “ငှက်တွေက ကောင်းကင်မှာ ကတည်းက သေဆုံးပြီး ကျလာတာ ဖြစ်မယ်”လို့ ပြောခဲ့ပါတယ်။ တိရစ္ဆာန်နဲ့ အပင်ကျန်းမာရေး အေဂျင်စီက ငှက်တွေကို ကောက်ယူပြီး အဆိပ် ရှိ\မရှိ စစ်ဆေးနေပါတယ်။ “ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရတာဟာ အရမ်းကို ထူခြား ဆန်းကြယ်လွန်းတယ်” လို့ နော်ဝေး ရဲတပ်ဖွဲ့က ပြောပါတယ်။ “ဒါတွေ ဘယ်လိုဖြစ်တာလဲ ကျွန်တော်တို့လည်း မပြောတတ်ဘူး”လို့ ရဲအရာရှိ PC Dewi Evans က ပြောပါတယ်။ 
မစ္စတာအက်ဝေါ့ (၄၁ နှစ်) က သူ့ရဲ့ ပါတနာ ဟန်နက်စတီဗန်ဟာ အဂါၤနေ့ နေ့လယ်က ငှက်တွေ အများကြီးကို တွေ့ခဲ့တယ်လို့ သူ့ကို ပြောကြောင်း ဆိုပါတယ်။ “ အံ့သြစရာ ကောင်းလောက်အောင် ငှက်တွေရာနဲ့ချီ ပျံသန်းနေတာကို သူ တွေ့ခဲ့တယ်၊ ဒါပေမဲ့ တစ်နာရီလောက်ကြာ ပြန်လာတဲ့  အချိန်မှာ ငှက်တွေ ရာနဲ့ချီ လမ်းမပေါ်မှာ သေဆုံးနေတာကို တွေ့လိုက်ရတယ်လို့ သူ က ပြောတယ်”လို့ မစ္စတာအက်ဝေါ့က ပြောကြားခဲ့ပါတယ်။ 
“ငှက်တွေဟာ လမ်းပေါ်က အစာတစ်ခုခုကို စားမိလိုက်ပုံ ပေါ်တယ်” “ကျွန်မ မနေ့ညက ငှက်အကောင်ရေ ၁၅၀ ထိကို ရေတွက်နိုင်ခဲ့တယ် ဒါပေမဲ့ ငှက်တွေဟာ နေရာတိုင်းမှာ ရာနဲ့ချီ သေဆုံး နေတာကြောင့် ကျွန်မဆက်ပြီး မရေတွက်နိုင်တော့ဘူး၊ ငှက်တွေဟာ ကောင်းကင်ပေါ်မှာကတည်းက သေဆုံးပြီး ကျလာတာလဲ ဖြစ်နိုင်တယ်” လို့ မစ္စစတီဗန်က ပြောခဲ့ပါတယ်။
“ကျွန်တော်တို့ ဒီဖြစ်ရပ်ရဲ့ အကြောင်းအရင်းအမှန်ကို သေသေချာချာသိရဖို့ ဆေးစစ်ချက်တွေရဲ့ အဖြေတွေကို စောင့်ကြည့်ရမယ်” “ဒီငှက်တွေ သေဆုံးရတဲ့ အကြောင်းအရင်းကို ကျွန်တော်တို့ အနေနဲ့ ခန့်မှန်းရုံသာ တတ်နိုင်ပါသေးတယ်”လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

- ခိုင်ခိုင် ( အကုန်သိ သတင်းဌာန ) | Ref : BBC

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။