Skip to main content
ဘူးသီးေတာင္ NLD ပါတီဥကၠ႒အား AA အဖြဲ႕ကထိန္းသိမ္းထားျခင္းမွာ ျပည္သူလူထုကိုၿခိမ္းေျခာက္သကဲ့သို႔ ျဖစ္ေနဟု ဆို 
Ads Block

ဘူးသီးေတာင္ NLD ပါတီဥကၠ႒အား AA အဖြဲ႕ကထိန္းသိမ္းထားျခင္းမွာ ျပည္သူလူထုကိုၿခိမ္းေျခာက္သကဲ့သို႔ ျဖစ္ေနဟု ဆို 

 

ဘူးသီးေတာင္ NLD ပါတီဥကၠ႒အား AA အဖြဲ႕ကထိန္းသိမ္းထားျခင္းမွာ ျပည္သူလူထုကိုၿခိမ္းေျခာက္သကဲ့သို႔ ျဖစ္ေနေၾကာင္း NLD ပါတီမွေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးညြန္႔က ေျပာၾကားလိုက္သည္။
ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(NLD)ဥကၠ႒ ဦးရဲသိန္းအား လံုျခံဳေရးအရ စစ္ေဆးေမးျမန္းရန္ရွိေနသည့္အတြက္ ေခၚယူထိန္းသိမ္းထားသည္ဟု ရကၡိဳင့္တပ္ေတာ္(AA)၏ ျပန္ၾကားေရး တာ၀န္ခံ ခိုင္သုခက နိရဥၥရာသတင္းဌာနသို႔ေျဖၾကားထားသည့္အေပၚ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။ 
“ကြ်န္ေတာ္ အရင္ကလည္းေျပာပါတယ္။ ကြ်န္ေတာ္တုိ႔ပါတီ၀င္ေတြဟာ ႏုိင္ငံသားေတြထဲႏုိင္ငံသားေတြပဲ ျဖစ္တယ္။ အဲဒီေတာ့လက္နက္ကုိင္ပဋိပကၡရွိတဲ့ေနရာတုိင္းမွာ ႏုိင္ငံသားေတြလုံၿခဳံေရးဟာ ျပႆနာရွိတာကုိ ေတြ႔ရတယ္။ အဲဒီလုိပဲ ကြ်န္ေတာ္တုိ႔ပါတီ၀င္ေတြဟာလည္းအလားတူခံစားရပါတယ္။ အဲဒီေတာ့ အခုလုိေခၚထားတယ္ဆုိတာ ဘယ္လူပုဂၢိဳလ္မဆုိအရပ္သားပဲျဖစ္ျဖစ္၊ သူရဲ႕လြတ္လပ္ပုိင္ခြင့္နဲ႔ အသက္အႏၱရာယ္ကုိ စုိးရိမ္တယ္။ ေနာက္ ဒီလုိ AA ကသံသယရွိလုိ႔ ေမးျမန္းဖုိ႔ဆုိတာ ျပည္သူလူထုကုိပါ ၿခိမ္းေျခာက္သလုိျဖစ္ေနတယ္။ ဒါကဒီလုိလုပ္တာဘယ္ေတာ့မွေအာင္ျမင္မယ့္နည္းလမ္းလည္းမဟုတ္ပါဘူး” ဟု NLD ပါတီမွေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးညြန္႔က ေျပာသည္။ 
ဘူးသီးေတာင္ၿမိဳ႕နယ္၊အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(NLD)ဥကၠ႒ ဦးရဲသိန္းသည္ ဒီဇင္ဘာလ ၁၁ ရက္၊ ေန႔လယ္ပုိင္းတြင္ ေဒၚေအာင္ဆန္းစုၾကည္ေထာက္ခံပြဲက်င္းပရန္ျပင္ဆင္ေနစဥ္ ေက်းရြာတစ္ရြာသုိ႔ကိစၥရွိသျဖင့္ သြားေရာက္ရာမွဖုန္းေခၚဆုိ၍မရေတာ့ျခင္းျဖစ္ေၾကာင္း သိရသည္။
AA လက္နက္ကိုင္အဖြဲ႕သည္ ၿပီးခဲ့သည့္လပုိင္းတြင္လည္း ပလက္၀ၿမိဳ႕နယ္အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေ၀ွ႔တင္းအားေမးျမန္းစရာရွိသည္ဆုိကာ ေခၚယူထိန္းသိမ္းထားေသးသည္။ 

-- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

 

ဘူးသီးတောင် NLD ပါတီဥက္ကဋ္ဌအား AA အဖွဲ့ကထိန်းသိမ်းထားခြင်းမှာ ပြည်သူလူထုကိုခြိမ်းခြောက်သကဲ့သို့ ဖြစ်နေကြောင်း NLD ပါတီမှပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားလိုက်သည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဦးရဲသိန်းအား လုံခြုံရေးအရ စစ်ဆေးမေးမြန်းရန်ရှိနေသည့်အတွက် ခေါ်ယူထိန်းသိမ်းထားသည်ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက နိရဉ္စရာသတင်းဌာနသို့ဖြေကြားထားသည့်အပေါ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 
“ကျွန်တော် အရင်ကလည်းပြောပါတယ်။ ကျွန်တော်တို့ပါတီဝင်တွေဟာ နိုင်ငံသားတွေထဲနိုင်ငံသားတွေပဲ ဖြစ်တယ်။ အဲဒီတော့လက်နက်ကိုင်ပဋိပက္ခရှိတဲ့နေရာတိုင်းမှာ နိုင်ငံသားတွေလုံခြုံရေးဟာ ပြဿနာရှိတာကို တွေ့ရတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ပါတီဝင်တွေဟာလည်းအလားတူခံစားရပါတယ်။ အဲဒီတော့ အခုလိုခေါ်ထားတယ်ဆိုတာ ဘယ်လူပုဂ္ဂိုလ်မဆိုအရပ်သားပဲဖြစ်ဖြစ်၊ သူရဲ့လွတ်လပ်ပိုင်ခွင့်နဲ့ အသက်အန္တရာယ်ကို စိုးရိမ်တယ်။ နောက် ဒီလို AA ကသံသယရှိလို့ မေးမြန်းဖို့ဆိုတာ ပြည်သူလူထုကိုပါ ခြိမ်းခြောက်သလိုဖြစ်နေတယ်။ ဒါကဒီလိုလုပ်တာဘယ်တော့မှအောင်မြင်မယ့်နည်းလမ်းလည်းမဟုတ်ပါဘူး” ဟု NLD ပါတီမှပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။ 
ဘူးသီးတောင်မြို့နယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဦးရဲသိန်းသည် ဒီဇင်ဘာလ ၁၁ ရက်၊ နေ့လယ်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲကျင်းပရန်ပြင်ဆင်နေစဉ် ကျေးရွာတစ်ရွာသို့ကိစ္စရှိသဖြင့် သွားရောက်ရာမှဖုန်းခေါ်ဆို၍မရတော့ခြင်းဖြစ်ကြောင်း သိရသည်။
AA လက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သည့်လပိုင်းတွင်လည်း ပလက်ဝမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအားမေးမြန်းစရာရှိသည်ဆိုကာ ခေါ်ယူထိန်းသိမ်းထားသေးသည်။ 

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။