Skip to main content
ဆႏၵျပမႈေတြ ျဖစ္ေနေပမယ့္ ႏုိင္ငံသားဆုိင္ရာ ဥပေဒကုိ အိႏၵိယ သမၼတ လက္မွတ္ေရးထုိးကာ ဥပေဒအျဖစ္ အတည္ျပဳ 
Ads Block

ဆႏၵျပမႈေတြ ျဖစ္ေနေပမယ့္ ႏုိင္ငံသားဆုိင္ရာ ဥပေဒကုိ အိႏၵိယ သမၼတ လက္မွတ္ေရးထုိးကာ ဥပေဒအျဖစ္ အတည္ျပဳ 

 

အိႏၵိယႏုိင္ငံမွာ သေဘာထားကြဲလြဲမႈေတြျဖစ္ေနတဲ့ ႏုိင္ငံသားျဖစ္ခြင့္ဆုိင္ရာ ဥပေဒၾကမ္းကုိ သမၼတက ဥပေဒတစ္ခုအျဖစ္ လက္မွတ္ေရးထုိး အတည္ျပဳလုိက္ၿပီျဖစ္ပါတယ္။ ဂ်ပန္၀န္ႀကီးခ်ဳပ္ ရွင္ဇုိအာေဘးရဲ႕ အိႏၵိယခရီးစဥ္ ပယ္ဖ်က္ရႏုိင္ေခ်ရွိေနတဲ့ ႏုိင္ငံအေရွ႕ေျမာက္ပုိင္းက  အၾကမ္းဖက္ဆႏၵျပမႈေတြ ေပၚေပါက္ေနတဲ့ၾကားက သမၼတဟာ ဥပေဒၾကမ္းကုိ လက္မွတ္ေရးထုိးလုိက္တာျဖစ္ပါတယ္။ 
 ၾကာသာပေတးေန ့က အာသံျပည္နယ္မွာ အေဆာက္အအုံေတြကုိ မီးရႈိ႕ခဲ့ကာ မီးရထားဘူတာေတြမွာ တုိက္ခုိက္မႈေတြလုပ္ခဲ့တဲ့ လူအုပ္ေတြကုိ ရဲက ပစ္ခတ္ခဲ့တာေၾကာင့္ လူ ၂ ဦး ေသဆုံးကာ ၁၁ ဦး ဒဏ္ရာရခဲ့ပါတယ္။ ဒီဥပေဒေၾကာင့္ တရားမ၀င္ ေရႊ႕ေျပာင္း၀င္ေရာက္လာသူ ေထာင္ေပါင္းမ်ားစြာဟာ တရား၀င္ေနထုိင္သူေတြျဖစ္လာလိမ့္မယ္လုိ ့ဆႏၵျပသူေတြက ေျပာဆုိခဲ့ပါတယ္။  ႏုိင္ငံသားျဖစ္ခြင့္ ျပင္ဆင္ခ်က္ ဥပေဒအရ ဘဂၤလားေဒ့ရွ္၊ ပါကစၥတန္နဲ႕ အာဖဂန္နစၥတန္တုိ ့မွ ထြက္ေျပးလာတဲ့ လူနည္းစုဘာသာ၀င္ေတြကုိ အိႏၵိယႏုိင္ငံသားေပးမယ့္လမ္းေၾကာင္းတစ္ခု ဖြင့္ေပးထားပါတယ္။ 
အိႏၵိယ သမၼတ ရမ္နတ္သ္ကုိဗင့္က ၾကာသာပေတးေန ့ညပုိင္းမွာ ဥပေဒၾကမ္းကုိ သေဘာတူညီခ်က္ေပးခဲ့ၿပီး ဥပေဒတစ္ခုအျဖစ္ လက္မွတ္ထုိးအတည္ျပဳေပးခဲ့ပါေၾကာင္း တရား၀င္ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။ 
၀န္ႀကီးခ်ဳပ္ နာရင္ျဒာမုိဒီဟာ အိႏၵိယႏုိင္ရဲ႕ မတူကြဲျပားမႈေတြကုိ စင္တင္ဖုိ ့ရည္ရြယ္ကာ ေဒလီျပင္ပမွာ အဆင့္ျမင့္ သံတမန္ဆုိင္ရာ အခမ္းအနားေတြ လုပ္ေဆာင္ျပမႈ တစ္စိတ္တစ္ပုိင္းအျဖစ္ ေနာက္သီတင္းပတ္မွာ ဂ်ပန္၀န္ႀကီးခ်ဳပ္ကုိ အာသံမွာ ေတြ႕ဆုံဖုိ ့ စီစဥ္ထားတာပါ။ ဂ်ပန္ရဲ႕ Jiji Press သတင္းဌာနက ေသာၾကာေန ့က ေဖာ္ျပရာမွာ အာေဘးဟာ သူ႕ခရီးစဥ္ကုိ ဖ်က္သိမ္းဖုိ ့ စဥ္းစားေနေၾကာင္း ဆုိခဲ့ပါတယ္။ အိႏၵိယႏုိင္ငံျခားေရး၀န္ႀကီးဌာနကေတာ့ ဒီဇင္ဘာ ၁၅ ကေန ၁၇ ရက္အထိၾကာမယ့္ ယင္းခရီးစဥ္ အေျခအေနနဲ႕ ပတ္သက္ၿပီး မွတ္ခ်က္ေပးဖုိ ့မရွိေၾကာင္း ဆုိခဲ့ပါတယ္။ 
ႏုိင္ငံသား ဥပေဒသစ္မွာ ၂၀၁၅ ခုႏွစ္ မတုိင္ခင္ ဘဂၤလားေဒ့ရွ္၊ ပါကစၥတန္နဲ႕ အာဖဂန္နစၥတန္တုိ ့မွ ထြက္ေျပး၀င္ေရာက္လာတဲ့ မြတ္ဆလင္မဟုတ္တဲ့ ခရစ္ယာန္၊ ဟိႏၵဴ၊ ဗုဒၶဘာသာ အပါအ၀င္ လူနည္းစုဘာသာ၀င္ေတြကုိ ႏုိင္ငံသားေပးဖုိ ့ရွိေနတာပါ။ ယင္းဥပေဒေၾကာင့္ ႏုိင္ငံေျမာက္ပုိင္း ျပည္နယ္ေတြမွာ ႏုိင္ငံျခားသားေတြ လွိမ့္၀င္လာေစႏုိင္ေၾကာင္း ဆႏၵျပသူေတြက ေဒါသတႀကီး ေထာက္ျပခဲ့ပါတယ္။ 
လက္ဖက္စုိက္ ျပည္နယ္တစ္ခုျဖစ္ၿပီး အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏုိင္ငံမွ ေရႊ႕ေျပာင္း ၀င္ေရာက္လာသူေတြ မ်ားစြာရွိေနတဲ့ အာသံျပည္နယ္ဟာ ယခု ဥပေဒကုိ ဆန္ ့က်င္ရာမွာ အျပင္းထန္ဆုံးျဖစ္ခဲ့ပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : CNA

Unicode Version

 

အိန္ဒိယနိုင်ငံမှာ သဘောထားကွဲလွဲမှုတွေဖြစ်နေတဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေကြမ်းကို သမ္မတက ဥပဒေတစ်ခုအဖြစ် လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ အိန္ဒိယခရီးစဉ် ပယ်ဖျက်ရနိုင်ချေရှိနေတဲ့ နိုင်ငံအရှေ့မြောက်ပိုင်းက  အကြမ်းဖက်ဆန္ဒပြမှုတွေ ပေါ်ပေါက်နေတဲ့ကြားက သမ္မတဟာ ဥပဒေကြမ်းကို လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။ 
 ကြာသာပတေးနေ့က အာသံပြည်နယ်မှာ အဆောက်အအုံတွေကို မီးရှို့ခဲ့ကာ မီးရထားဘူတာတွေမှာ တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ လူအုပ်တွေကို ရဲက ပစ်ခတ်ခဲ့တာကြောင့် လူ ၂ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီဥပဒေကြောင့် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူ ထောင်ပေါင်းများစွာဟာ တရားဝင်နေထိုင်သူတွေဖြစ်လာလိမ့်မယ်လို့ဆန္ဒပြသူတွေက ပြောဆိုခဲ့ပါတယ်။  နိုင်ငံသားဖြစ်ခွင့် ပြင်ဆင်ချက် ဥပဒေအရ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့မှ ထွက်ပြေးလာတဲ့ လူနည်းစုဘာသာဝင်တွေကို အိန္ဒိယနိုင်ငံသားပေးမယ့်လမ်းကြောင်းတစ်ခု ဖွင့်ပေးထားပါတယ်။ 
အိန္ဒိယ သမ္မတ ရမ်နတ်သ်ကိုဗင့်က ကြာသာပတေးနေ့ညပိုင်းမှာ ဥပဒေကြမ်းကို သဘောတူညီချက်ပေးခဲ့ပြီး ဥပဒေတစ်ခုအဖြစ် လက်မှတ်ထိုးအတည်ပြုပေးခဲ့ပါကြောင်း တရားဝင်ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ 
ဝန်ကြီးချုပ် နာရင်ဒြာမိုဒီဟာ အိန္ဒိယနိုင်ရဲ့ မတူကွဲပြားမှုတွေကို စင်တင်ဖို့ရည်ရွယ်ကာ ဒေလီပြင်ပမှာ အဆင့်မြင့် သံတမန်ဆိုင်ရာ အခမ်းအနားတွေ လုပ်ဆောင်ပြမှု တစ်စိတ်တစ်ပိုင်းအဖြစ် နောက်သီတင်းပတ်မှာ ဂျပန်ဝန်ကြီးချုပ်ကို အာသံမှာ တွေ့ဆုံဖို့ စီစဉ်ထားတာပါ။ ဂျပန်ရဲ့ Jiji Press သတင်းဌာနက သောကြာနေ့က ဖော်ပြရာမှာ အာဘေးဟာ သူ့ခရီးစဉ်ကို ဖျက်သိမ်းဖို့ စဉ်းစားနေကြောင်း ဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီဇင်ဘာ ၁၅ ကနေ ၁၇ ရက်အထိကြာမယ့် ယင်းခရီးစဉ် အခြေအနေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့မရှိကြောင်း ဆိုခဲ့ပါတယ်။ 
နိုင်ငံသား ဥပဒေသစ်မှာ ၂၀၁၅ ခုနှစ် မတိုင်ခင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့မှ ထွက်ပြေးဝင်ရောက်လာတဲ့ မွတ်ဆလင်မဟုတ်တဲ့ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ အပါအဝင် လူနည်းစုဘာသာဝင်တွေကို နိုင်ငံသားပေးဖို့ရှိနေတာပါ။ ယင်းဥပဒေကြောင့် နိုင်ငံမြောက်ပိုင်း ပြည်နယ်တွေမှာ နိုင်ငံခြားသားတွေ လှိမ့်ဝင်လာစေနိုင်ကြောင်း ဆန္ဒပြသူတွေက ဒေါသတကြီး ထောက်ပြခဲ့ပါတယ်။ 
လက်ဖက်စိုက် ပြည်နယ်တစ်ခုဖြစ်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရွှေ့ပြောင်း ဝင်ရောက်လာသူတွေ များစွာရှိနေတဲ့ အာသံပြည်နယ်ဟာ ယခု ဥပဒေကို ဆန့်ကျင်ရာမှာ အပြင်းထန်ဆုံးဖြစ်ခဲ့ပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။