Skip to main content
အေမရိကန္က ေလးလအတြင္း ဒုတိယေျမာက္ ပဲ့ထိန္းဒုံးတစ္စင္း ပစ္လႊတ္
Ads Block

အေမရိကန္က ေလးလအတြင္း ဒုတိယေျမာက္ ပဲ့ထိန္းဒုံးတစ္စင္း ပစ္လႊတ္

 

အေမရိကန္ျပည္ေထာင္စုဟာ ေလးလအတြင္း ဒုတိယေျမာက္အျဖစ္ ၾကာသပေတးေန ့က တာလတ္ပစ္ ပဲ့ထိန္းဒုံးတစ္စင္း ပစ္လႊတ္ခဲ့ပါတယ္။ ယင္း ဒုံးအမ်ဳိးအစားဟာ ၾသဂုတ္လအတြင္းက အေမရိကန္ႏုတ္ထြက္ခဲ့ၿပီး ျဖစ္တဲ့ အေမရိကန္-ရုရွား လက္နက္စာခ်ဳပ္အရ ပိတ္ပင္ထားတ့ဲ လက္နက္မ်ဳိးျဖစ္ပါတယ္။ 
ေလာ့စ္အင္ဂ်လိစ္ အေနာက္ေျမာက္ဘက္ရွိ ဗန္ဒန္ဘတ္ခ်္ေလတပ္ အေျခစုိက္စခန္းကေန မနက္ ၈ နာရီခြဲေလာက္မွာ ေလတပ္က ဒုံးက်ည္ကုိ ပစ္လႊတ္စမ္းသပ္ခဲ့တာျဖစ္တယ္လုိ ့ အေျခစုိက္စခန္း ေျပာေရးဆုိခြင့္ ရွိသူက ေျပာဆုိခဲ့ပါတယ္။ ေျမျပင္ပစ္ ဒုံးပုံစံတစ္မ်ဳိးျဖစ္ၿပီး ကီလုိမီတာ ၅၀၀ ေက်ာ္ ေရာက္ရွိခဲ့ၿပီးေနာက္ ပစိဖိတ္သမုဒၵထဲ က်သြားခဲ့ေၾကာင္း ပင္တဂြန္က ထုတ္ျပန္ပါတယ္။ 
၁၉၈၇ ခုႏွစ္က ေမာ္စကုိနဲ႕ ခ်ဳပ္ဆုိခဲ့တဲ့ တာလတ္ပစ္ ႏ်ဴကလီးယားတပ္မ်ားဆုိင္ရာ သေဘာတူ စာခ်ဳပ္(INF) ကေန အေမရိကန္ႏုတ္ထြက္ခဲ့အၿပီးမွာ ယခုလုိ ႏ်ဴထိပ္ဖူးတပ္ဆင္ႏုိင္တဲ့ ေျမျပင္ပစ္ တာလတ္ ဒုံးကုိ ဒုတိယအႀကိမ္ စမ္းသပ္လာခဲ့တာျဖစ္ပါတယ္။ ယင္း ဒုံးအမ်ဳိးအစားနဲ႕ ၾသဂုတ္လက စမ္းသပ္ခဲ့တဲ့ ခရုဇ္ဒုံး အမ်ဳိးအစားတုိ ့ကုိ INF အရ တားျမစ္ထားတာျဖစ္ပါတယ္။ 
အေမရိကန္ ေလတပ္ရဲ႕ ဒုံးစမ္းသပ္မႈေတြဟာ တာတုိ၊ တာလတ္၊ တာေ၀းပစ္ ပဲ့ထိန္းဒုံးေတြ ေအာင္ျမင္ပစ္လႊတ္စမ္းသပ္ၿပီး ပစိဖိတ္ျဖတ္ေက်ာ္ ႏ်ဴကလီးယားၿခိမ္းေျခာက္မႈလုပ္ထားတဲ့ ေျမာက္ကုိရီးယားကုိ အခ်က္ေပးမႈတစ္ခုျဖစ္ႏုိင္ေၾကာင္းလည္း သုံးသပ္ၾကပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန )  | Ref : CNA

Unicode Version

 

အမေရိကန်ပြည်ထောင်စုဟာ လေးလအတွင်း ဒုတိယမြောက်အဖြစ် ကြာသပတေးနေ့က တာလတ်ပစ် ပဲ့ထိန်းဒုံးတစ်စင်း ပစ်လွှတ်ခဲ့ပါတယ်။ ယင်း ဒုံးအမျိုးအစားဟာ သြဂုတ်လအတွင်းက အမေရိကန်နုတ်ထွက်ခဲ့ပြီး ဖြစ်တဲ့ အမေရိကန်-ရုရှား လက်နက်စာချုပ်အရ ပိတ်ပင်ထားတဲ့ လက်နက်မျိုးဖြစ်ပါတယ်။ 
လော့စ်အင်ဂျလိစ် အနောက်မြောက်ဘက်ရှိ ဗန်ဒန်ဘတ်ချ်လေတပ် အခြေစိုက်စခန်းကနေ မနက် ၈ နာရီခွဲလောက်မှာ လေတပ်က ဒုံးကျည်ကို ပစ်လွှတ်စမ်းသပ်ခဲ့တာဖြစ်တယ်လို့ အခြေစိုက်စခန်း ပြောရေးဆိုခွင့် ရှိသူက ပြောဆိုခဲ့ပါတယ်။ မြေပြင်ပစ် ဒုံးပုံစံတစ်မျိုးဖြစ်ပြီး ကီလိုမီတာ ၅၀၀ ကျော် ရောက်ရှိခဲ့ပြီးနောက် ပစိဖိတ်သမုဒ္ဒထဲ ကျသွားခဲ့ကြောင်း ပင်တဂွန်က ထုတ်ပြန်ပါတယ်။ 
၁၉၈၇ ခုနှစ်က မော်စကိုနဲ့ ချုပ်ဆိုခဲ့တဲ့ တာလတ်ပစ် နျူကလီးယားတပ်များဆိုင်ရာ သဘောတူ စာချုပ်(INF) ကနေ အမေရိကန်နုတ်ထွက်ခဲ့အပြီးမှာ ယခုလို နျူထိပ်ဖူးတပ်ဆင်နိုင်တဲ့ မြေပြင်ပစ် တာလတ် ဒုံးကို ဒုတိယအကြိမ် စမ်းသပ်လာခဲ့တာဖြစ်ပါတယ်။ ယင်း ဒုံးအမျိုးအစားနဲ့ သြဂုတ်လက စမ်းသပ်ခဲ့တဲ့ ခရုဇ်ဒုံး အမျိုးအစားတို့ကို INF အရ တားမြစ်ထားတာဖြစ်ပါတယ်။ 
အမေရိကန် လေတပ်ရဲ့ ဒုံးစမ်းသပ်မှုတွေဟာ တာတို၊ တာလတ်၊ တာဝေးပစ် ပဲ့ထိန်းဒုံးတွေ အောင်မြင်ပစ်လွှတ်စမ်းသပ်ပြီး ပစိဖိတ်ဖြတ်ကျော် နျူကလီးယားခြိမ်းခြောက်မှုလုပ်ထားတဲ့ မြောက်ကိုရီးယားကို အချက်ပေးမှုတစ်ခုဖြစ်နိုင်ကြောင်းလည်း သုံးသပ်ကြပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။