Skip to main content
ေဒၚေအာင္ဆန္းစုၾကည္သည္ အစားထိုး၍မရေသာေခါင္းေဆာင္ျဖစ္ဟု ဆို 
Ads Block

ေဒၚေအာင္ဆန္းစုၾကည္သည္ အစားထိုး၍မရေသာေခါင္းေဆာင္ျဖစ္ဟု ဆို 

 

ေဒၚေအာင္ဆန္းစုၾကည္သည္ အစားထိုး၍မရေသာေခါင္းေဆာင္ျဖစ္ေၾကာင္း မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌးက ေျပာၾကားသည္။ 

ေဒၚေအာင္ဆန္းစုၾကည္သည္ အစားထိုး၍မရေသာေခါင္းေဆာင္ျဖစ္ဟု ဆို 


ၿပီးခဲ့သည့္ရက္ပိုင္းကက်င္းပေသာ RFA ၿငိမ္းခ်မ္းေရးစကား၀ိုင္းတြင္ လူ႕အခြင့္အေရးလႈပ္ရွားသူ ေဒၚခ်ယ္ရီဇာေအာင္က ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္အား ဟစ္တလာႏွင့္ ခိုင္းႏႈိင္းသည့္အေပၚအျမင္ကို ေမးျမန္းရာ၌ ယခုကဲ့သို႔တံု႔ျပန္လုိက္ျခင္းျဖစ္သည္။ 
“ ဒါကေတာ့ဗ်ာ။ ေျပာတာကေတာ့အျမင္အမ်ိဳးမ်ိဳးေတာ့ရွိတာေပါ့။ လူေတြရဲ႕ကိုယ့္ခံစားမႈ၊ ကိုယ့္ရပ္တည္မႈ၊ ကိုယ့္အျမင္နဲ႔ေျပာၾကတာပါပဲ။ ဒါကေတာ့ဘယ္သူမဆိုဘဲကိုယ့္အယူအဆကိုေျပာခြင့္ရွိပါတယ္။ ကၽြန္ေတာ္တို႔အယူအဆကေတာ့ရွင္းတယ္ဗ်။ ကၽြန္ေတာ္တို႔တစ္သက္ကမၻာမွာဒီလိုေခါင္းေဆာင္မ်ိဳး ဘယ္ေသာအခါမွေနာက္ထပ္လည္းထပ္ရမွာမဟုတ္ဘူး။ အစားထိုးလို႔လည္းမရဘူး။ ဒါကေတာ့ ကၽြန္ေတာ္တို႔အျမင္ပါပဲ။ သူတို႔လည္းသူတို႔အျမင္နဲ႔ေျပာတာပါပဲ။”ဟု မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးလွေဌးက ေျပာသည္။
ေဒၚေအာင္ဆန္းစုၾကည္သည္ အျပည္ျပည္ဆိုင္ရာတရားရုံး ICJ တြင္ ဂမ္ဘီယာႏုိင္ငံ၏တရားစြဲဆိုထားမႈကို သြားေရာက္ေျဖရွင္းေနၿပီး ျမန္မာႏုိင္ငံအႏွံအျပားတြင္လည္း ေဒၚေအာင္ဆန္းစုၾကည္ကိုေထာက္ခံပြဲမ်ား က်င္းပေနၾကသည္။ 
“ ကိုယ္ပါတီ၀င္ဆိုၿပီးခံယူၿပီးလုပ္တာမဟုတ္ဘူး။ ျပည္သူတစ္ေယာက္အေနနဲ႔ ရပ္ကြက္ထဲက ျပည္သူေတြနဲ႔ပူးေပါင္းၿပီးလုပ္ၾကတာ။ တကယ္ကိုဒီျပႆနာက ကၽြန္ေတာ္တို႔ႏုိင္ငံရဲ႕ႏုိင္ငံေရးပဲ။ ႏုိင္ငံေတာ္ရဲ႕အေရးတစ္ခုျဖစ္ေနတယ္။ တစ္နည္းအားျဖင့္ အခ်ဳပ္အျခာအာဏာကိုထိပါးေစႏုိင္တဲ့ အေျခအေနမ်ိဳးအထိ၊ ၿပိဳကြဲေစႏုိင္တဲ့အျဖစ္ေတြေရာက္လာႏုိင္တဲ့အေျခအေနျဖစ္လာႏုိင္တယ္။ ႏုိင္ငံေတာ္ကိုကိုယ္စားျပဳၿပီးေတာ့သြားေရာက္တဲ့လူထုေခါင္းေဆာင္၊ တာ၀န္အားျဖင့္ေတာ့ ႏုိင္ငံျခားေရး၀န္ႀကီးတစ္ေယာက္အေနနဲ႔ သြားေရာက္ေျဖရွင္းတာျဖစ္တယ္။ ဒီလိုသြားေရာက္ေျဖရွင္းတာကို သေဘာတူတဲ့အေနနဲ႔ ျပည္သူေတြရဲ႕ဆႏၵကိုေဖာ္ထုတ္ျခင္းသာျဖစ္ပါတယ္။”ဟု ဦးလွေဌးက ဆက္ေျပာသည္။
ICJ တြင္ ဒီဇင္ဘာလ(၁၀)ရက္၌ ဂမ္ဘီယာႏုိင္ငံကေလွ်ာက္လဲခ်က္ေပးခဲ့ၿပီး (၁၁)ရက္တြင္ ျမန္မာႏုိင္ငံဘက္မွ ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုင္ ေလွွ်ာက္လဲခ်က္ေပးခဲ့ကာ (၁၂)ရက္တြင္ ႏွစ္ဖက္လံုးမွ ေလွ်ာက္လဲခ်က္ေပးခဲ့သည္။

- ထက္ေ၀လင္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

ဒေါ်အောင်ဆန်းစုကြည်သည် အစားထိုး၍မရသောခေါင်းဆောင်ဖြစ်ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။ 
ပြီးခဲ့သည့်ရက်ပိုင်းကကျင်းပသော RFA ငြိမ်းချမ်းရေးစကားဝိုင်းတွင် လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါ်ချယ်ရီဇာအောင်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ဟစ်တလာနှင့် ခိုင်းနှိုင်းသည့်အပေါ်အမြင်ကို မေးမြန်းရာ၌ ယခုကဲ့သို့တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ 
“ ဒါကတော့ဗျာ။ ပြောတာကတော့အမြင်အမျိုးမျိုးတော့ရှိတာပေါ့။ လူတွေရဲ့ကိုယ့်ခံစားမှု၊ ကိုယ့်ရပ်တည်မှု၊ ကိုယ့်အမြင်နဲ့ပြောကြတာပါပဲ။ ဒါကတော့ဘယ်သူမဆိုဘဲကိုယ့်အယူအဆကိုပြောခွင့်ရှိပါတယ်။ ကျွန်တော်တို့အယူအဆကတော့ရှင်းတယ်ဗျ။ ကျွန်တော်တို့တစ်သက်ကမ္ဘာမှာဒီလိုခေါင်းဆောင်မျိုး ဘယ်သောအခါမှနောက်ထပ်လည်းထပ်ရမှာမဟုတ်ဘူး။ အစားထိုးလို့လည်းမရဘူး။ ဒါကတော့ ကျွန်တော်တို့အမြင်ပါပဲ။ သူတို့လည်းသူတို့အမြင်နဲ့ပြောတာပါပဲ။”ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် ဂမ်ဘီယာနိုင်ငံ၏တရားစွဲဆိုထားမှုကို သွားရောက်ဖြေရှင်းနေပြီး မြန်မာနိုင်ငံအနှံအပြားတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံပွဲများ ကျင်းပနေကြသည်။ 
“ ကိုယ်ပါတီဝင်ဆိုပြီးခံယူပြီးလုပ်တာမဟုတ်ဘူး။ ပြည်သူတစ်ယောက်အနေနဲ့ ရပ်ကွက်ထဲက ပြည်သူတွေနဲ့ပူးပေါင်းပြီးလုပ်ကြတာ။ တကယ်ကိုဒီပြဿနာက ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံရေးပဲ။ နိုင်ငံတော်ရဲ့အရေးတစ်ခုဖြစ်နေတယ်။ တစ်နည်းအားဖြင့် အချုပ်အခြာအာဏာကိုထိပါးစေနိုင်တဲ့ အခြေအနေမျိုးအထိ၊ ပြိုကွဲစေနိုင်တဲ့အဖြစ်တွေရောက်လာနိုင်တဲ့အခြေအနေဖြစ်လာနိုင်တယ်။ နိုင်ငံတော်ကိုကိုယ်စားပြုပြီးတော့သွားရောက်တဲ့လူထုခေါင်းဆောင်၊ တာဝန်အားဖြင့်တော့ နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်အနေနဲ့ သွားရောက်ဖြေရှင်းတာဖြစ်တယ်။ ဒီလိုသွားရောက်ဖြေရှင်းတာကို သဘောတူတဲ့အနေနဲ့ ပြည်သူတွေရဲ့ဆန္ဒကိုဖော်ထုတ်ခြင်းသာဖြစ်ပါတယ်။”ဟု ဦးလှဌေးက ဆက်ပြောသည်။
ICJ တွင် ဒီဇင်ဘာလ(၁၀)ရက်၌ ဂမ်ဘီယာနိုင်ငံကလျှောက်လဲချက်ပေးခဲ့ပြီး (၁၁)ရက်တွင် မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် လျှောက်လဲချက်ပေးခဲ့ကာ (၁၂)ရက်တွင် နှစ်ဖက်လုံးမှ လျှောက်လဲချက်ပေးခဲ့သည်။

- ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။