Skip to main content
ေဒါင္းတုိ႔မ်ိဳးဆက္သံခ်ပ္အဖြဲ႔အေနျဖင့္ ၄င္းတို႔အားစြဲဆုိထားေသာ က်န္ရွိအမႈ ၅ မႈကို သပိတ္ေမွာက္မည္ဟုဆို 
Ads Block

ေဒါင္းတုိ႔မ်ိဳးဆက္သံခ်ပ္အဖြဲ႔အေနျဖင့္ ၄င္းတို႔အားစြဲဆုိထားေသာ က်န္ရွိအမႈ ၅ မႈကို သပိတ္ေမွာက္မည္ဟုဆို 

 

ေဒါင္းတုိ႔မ်ိဳးဆက္သံခ်ပ္အဖြဲ႔အေနျဖင့္ ၄င္းတို႔အားစြဲဆုိထားေသာ က်န္ရွိအမႈ ၅ မႈကို သပိတ္ေမွာက္မည္ျဖစ္ေၾကာင္း ေဒါင္းတို႔မ်ိဳးဆက္အဖြဲ႕၀င္ ကိုပိုင္ရဲသူက ေျပာသည္။
ရန္ကုန္ၿမိဳ႕၊ မရမ္းကုန္းၿမိဳ႕နယ္တရားရံုးတြင္ ဒီဇင္ဘာလ ၁၁ ရက္က ေဒါင္းတုိ႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႔၀င္ ၄ ဦး ျဖစ္ေသာ ေဇယ်ာလြင္၊ ပုိင္ၿဖဳိးမင္း၊ ပုိင္ရဲသုႏွင့္ဆုရတနာျမင့္တုိ႔အား ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ ေထာင္ဒဏ္ ၆ လစီခ်မွတ္ခဲ့ၿပီးေနာက္ ယင္းကဲ့သို႔ေျပာျခင္းျဖစ္သည္။ 
“ အခုတပ္ကစြဲတာအမိန္႔ခ်တာျဖစ္တယ္။ ေနာက္ထပ္ ၅ မႈက်န္ေသးတယ္။အဲဒီ ၅ မႈကုိကြ်န္ေတာ္တုိ႔ သပိတ္ေမွာက္ပါတယ္။ က်န္ရွိေနတဲ့အမႈေတြအကုန္လုံးကုိတရားရုံးကုိလည္း ကြ်န္ေတာ္တုိ႔ပူးေပါင္းမွာ မဟုတ္ေတာ့ဘူး’’ဟု ေဒါင္းတို႔မ်ိဳးဆက္အဖြဲ႕၀င္ ကုိပုိင္ရဲသူကေျပာသည္။
အဆုိပါအမႈအား ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္မွ ဒုတိယဗုိလ္မွဴးႀကီးသန္းထြန္းျမင့္က စက္တင္ဘာလ ၄ ရက္တြင္  ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္တရားစြဲဆုိခဲ့ျခင္းျဖစ္သည္။
“သႀကၤန္မွာသံခ်ပ္ထုိးတဲ့ဟာကုိ လူ႔အခြင့္အေရးခ်ိဳးေဖာက္ၿပီးဒီလုိတရားစြဲတယ္။ ဒါေတြက မျဖစ္သင့္ေတာ့ဘူး’’ဟု ကုိပုိင္ရဲသူက ထပ္မံေျပာသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့အနေဖြင့် ၎င်းတို့အားစွဲဆိုထားသော ကျန်ရှိအမှု ၅ မှုကို သပိတ်မှောက်မည်ဖြစ်ကြောင်း ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင် ကိုပိုင်ရဲသူက ပြောသည်။
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တရားရုံးတွင် ဒီဇင်ဘာလ ၁၁ ရက်က ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၄ ဦး ဖြစ်သော ဇေယျာလွင်၊ ပိုင်ဖြိုးမင်း၊ ပိုင်ရဲသုနှင့်ဆုရတနာမြင့်တို့အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ထောင်ဒဏ် ၆ လစီချမှတ်ခဲ့ပြီးနောက် ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။ 
“ အခုတပ်ကစွဲတာအမိန့်ချတာဖြစ်တယ်။ နောက်ထပ် ၅ မှုကျန်သေးတယ်။အဲဒီ ၅ မှုကိုကျွန်တော်တို့ သပိတ်မှောက်ပါတယ်။ ကျန်ရှိနေတဲ့အမှုတွေအကုန်လုံးကိုတရားရုံးကိုလည်း ကျွန်တော်တို့ပူးပေါင်းမှာ မဟုတ်တော့ဘူး’’ဟု ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင် ကိုပိုင်ရဲသူကပြောသည်။
အဆိုပါအမှုအား ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးသန်းထွန်းမြင့်က စက်တင်ဘာလ ၄ ရက်တွင်  ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
“သင်္ကြန်မှာသံချပ်ထိုးတဲ့ဟာကို လူ့အခွင့်အရေးချိုးဖောက်ပြီးဒီလိုတရားစွဲတယ်။ ဒါတွေက မဖြစ်သင့်တော့ဘူး’’ဟု ကိုပိုင်ရဲသူက ထပ်မံပြောသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။