Skip to main content
အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒျဖင့္တရားစြဲဆိုခံရျခင္းမွာမျဖစ္သင့္ေၾကာင္း AA လက္နက္ကိုင္အဖြဲ႕မွ ထြန္းျမတ္ႏုိင္၏ ေယာက္ဖ ေျပာ
Ads Block

အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒျဖင့္တရားစြဲဆိုခံရျခင္းမွာမျဖစ္သင့္ေၾကာင္း AA လက္နက္ကိုင္အဖြဲ႕မွ ထြန္းျမတ္ႏုိင္၏ ေယာက္ဖ ေျပာ

 

အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒျဖင့္တရားစြဲဆိုခံရျခင္းမွာမျဖစ္သင့္ေၾကာင္း AA လက္နက္ကိုင္အဖြဲ႕မွ ထြန္းျမတ္ႏုိင္၏ ေယာက္ဖျဖစ္သူကုိေအာင္မ်ိဳး၀င္းက ေျပာသည္။ 
AA လက္နက္ကိုင္အဖြဲ႕မွ ထြန္းျမတ္ႏုိင္၏ညီမျဖစ္သူ မမိုးႏွင္းျဖဴႏွင့္ေယာက္ဖျဖစ္သူကိုေအာင္မ်ိဳး၀င္းတို႔ကို မရမ္းကုန္းၿမိဳ႕နယ္တရားရံုးတြင္ ယေန႔(ဒီဇင္ဘာလ ၁၂ ရက္)က ရံုးထုတ္စဥ္ သတင္းမီဒီယာမ်ားထံ ေျပာၾကားခဲ့ျခင္းျဖစ္သည္။ 
“ကြ်န္ေတာ္တုိ႔လင္မယားမွာဘာမွအျပစ္မရွိဘဲနဲ႔ ဒီအၾကမ္းဖက္ဥပေဒဆုိတဲ့ဟာနဲ႔တရားစြဲတာ ဘယ္လုိမွမျဖစ္သင့္တဲ့ကိစၥျဖစ္တယ္’’ဟု မမုိးႏွင္းျဖဴ၏ခင္ပြန္း ကုိေအာင္မ်ိဳး၀င္းက ေျပာသည္။ 
၄င္းတို႔ ၂ ဦးသည္ ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၁၉ ရက္က ထိုင္းႏုိင္ငံ၊ ခ်င္းမိုင္ၿမိဳ႕မွျပန္လာစဥ္ ရဲတပ္ဖြဲ႕၏ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ၿပီး မရမ္းကုန္းၿမိဳ႕နယ္တရားရံုးတြင္ အၾကမ္းဖက္တုိက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅(က) ျဖင့္ အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။ 
“အခုလုိဖမ္းဆီးတာက ၿငိမ္းခ်မ္းေရးစကား၀ုိင္းမွာ ေမာင္ေမာင္ေခၚတုန္း ဗ်ာထူးေပါ့ေနာ္။ အဲဒီလုိသေဘာမ်ိဳး သက္ေရာက္ပါတယ္။’’ဟု AA လက္နက္ကိုင္အဖြဲ႕မွ ထြန္းျမတ္ႏုိင္၏ညီမျဖစ္သူ မိုးႏွင္းျဖဴက ေျပာသည္။
အဆိုပါအမႈႏွင့္ပတ္သက္ၿပီး တရားလုိျပသက္ေသ ၁၂ ဦးအထိရွိေၾကာင္း တရားရုံးသတင္းထုတ္ျပန္ေရးမွ သိရသည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့်တရားစွဲဆိုခံရခြင်းမှာမဖြစ်သင့်ကြောင်း AA လက်နက်ကိုင်အဖွဲ့မှ ထွန်းမြတ်နိုင်၏ ယောက်ဖဖြစ်သူကိုအောင်မျိုးဝင်းက ပြောသည်။ 
AA လက်နက်ကိုင်အဖွဲ့မှ ထွန်းမြတ်နိုင်၏ညီမဖြစ်သူ မမိုးနှင်းဖြူနှင့်ယောက်ဖဖြစ်သူကိုအောင်မျိုးဝင်းတို့ကို မရမ်းကုန်းမြို့နယ်တရားရုံးတွင် ယနေ့(ဒီဇင်ဘာလ ၁၂ ရက်)က ရုံးထုတ်စဉ် သတင်းမီဒီယာများထံ ပြောကြားခဲ့ခြင်းဖြစ်သည်။ 
“ကျွန်တော်တို့လင်မယားမှာဘာမှအပြစ်မရှိဘဲနဲ့ ဒီအကြမ်းဖက်ဥပဒေဆိုတဲ့ဟာနဲ့တရားစွဲတာ ဘယ်လိုမှမဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်’’ဟု မမိုးနှင်းဖြူ၏ခင်ပွန်း ကိုအောင်မျိုးဝင်းက ပြောသည်။ 
၎င်းတို့ ၂ ဦးသည် ပြီးခဲ့သော အောက်တိုဘာလ ၁၉ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှပြန်လာစဉ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မရမ်းကုန်းမြို့နယ်တရားရုံးတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅(က) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ 
“အခုလိုဖမ်းဆီးတာက ငြိမ်းချမ်းရေးစကားဝိုင်းမှာ မောင်မောင်ခေါ်တုန်း ဗျာထူးပေါ့နော်။ အဲဒီလိုသဘောမျိုး သက်ရောက်ပါတယ်။’’ဟု AA လက်နက်ကိုင်အဖွဲ့မှ ထွန်းမြတ်နိုင်၏ညီမဖြစ်သူ မိုးနှင်းဖြူက ပြောသည်။
အဆိုပါအမှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေ ၁၂ ဦးအထိရှိကြောင်း တရားရုံးသတင်းထုတ်ပြန်ရေးမှ သိရသည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။