Skip to main content
တပ္မေတာ္အေနျဖင့္ အစိုးရလက္ေအာက္တြင္ရွိေနသည္ကို ရိုးရိုးသားသားျပသရန္လိုအပ္ဟု ဆို 
Ads Block

တပ္မေတာ္အေနျဖင့္ အစိုးရလက္ေအာက္တြင္ရွိေနသည္ကို ရိုးရိုးသားသားျပသရန္လိုအပ္ဟု ဆို 

 

တပ္မေတာ္အေနျဖင့္ အစိုးရလက္ေအာက္တြင္ရွိေနသည္ကို ရိုးရိုးသားသားျပသရန္လိုအပ္ေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေနဦးႀကီးျမင့္က ေျပာသည္။
ရန္ကုန္ၿမိဳ႕ရွိ ေတာ္၀င္ႏွင္းဆီခန္းမတြင္ ဒီဇင္ဘာလ ၁၂ ရက္ကက်င္းပေသာ ဟံသာ၀တီဦး၀င္းတင္ေဖာင္ေဒးရွင္းမွ ႏုိင္ငံေရးအက်ဥ္းသားေဟာင္းမ်ားေထာက္ပံ့ေငြေပးအပ္လွဴဒါန္းပြဲ အၿပီးတြင္ သတင္းမီဒီယာမ်ားထံေျပာၾကားခဲ့ျခင္းျဖစ္သည္။ 
“ တပ္မေတာ္နဲ႔ရင္ၾကားေစ့ေရးကေတာ့ ႏွစ္ဖက္ေစ့မွရမယ္။တစ္ဖက္ထဲေစ့ခ်င္လုိ႔မရဘူး။ တပ္မေတာ္မွာ ဒီထက္ႀကီးမားတဲ့ပုဂၢိဳလ္ေရးအာဏာရယူလုိမႈေတြရွိေနမယ္ဆုိရင္ေတာ့ ဘယ္လုိနည္းနဲ႔မွရင္ၾကားေစ့ေရး မျဖစ္ႏုိင္ဘူး။ တပ္မေတာ္ကလည္းရုိးရုိးသားသားနဲ႔ အစုိးရလက္ေအာက္မွာေနပါတယ္ဆုိတာရုိးရုိးသားသားျပဖုိ႔ လုိတယ္။ အစုိးရကလည္းဒီမုိကေရစီအင္အားစုေတြကုိပစ္ပယ္ၿပီးေတာ့ တပ္မေတာ္မွတပ္မေတာ္ဆုိၿပီး သြားလုပ္မယ္ဆုိရင္ေတာ့ ဒီမုိကေရစီအင္အားစုေတြမရဘဲသူမေအာင္ျမင္ႏုိင္ဘူး” ဟု တရားလႊတ္ေတာ္ေရွ႕ေနဦးႀကီးျမင့္က ေျပာသည္။
အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္၏ ၂၀၁၅ ခုႏွစ္ေရြးေကာက္ပြဲကတိက၀တ္မ်ားမွာ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိေရး၊ ျပည္သူလူထုလူမႈဘ၀ျပည့္စုံႏုိင္ငံေရး၊ ၂၀၀၈ ဖြဲ႔စည္းပုံျပင္ဆင္ေရးတုိ႔ျဖစ္ေၾကာင္းသိရသည္။
လက္ရွိတြင္ ၂၀၀၈ ဖြဲ႔စည္းပုံျပင္ဆင္ေရးႏွင့္ပတ္သက္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္တြင္ ဥပေဒၾကမ္းမ်ား တင္သြင္းေနကာ တပ္မေတာ္ႏွင့္အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ကုိယ္စားလွယ္တုိ႔အၾကား သေဘာထားကြဲလြဲေနကာ ျပည္တြင္းၿငိမ္းခ်မ္းေရးတြင္လည္း ေျမာက္ပုိင္းတုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔တုိ႔ NCA လက္မွတ္ေရးထိုးရန္က်န္ရွိေနဆဲျဖစ္ေၾကာင္း သိရသည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

တပ်မတော်အနေဖြင့် အစိုးရလက်အောက်တွင်ရှိနေသည်ကို ရိုးရိုးသားသားပြသရန်လိုအပ်ကြောင်း တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောသည်။
ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမတွင် ဒီဇင်ဘာလ ၁၂ ရက်ကကျင်းပသော ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ နိုင်ငံရေးအကျဉ်းသားဟောင်းများထောက်ပံ့ငွေပေးအပ်လှူဒါန်းပွဲ အပြီးတွင် သတင်းမီဒီယာများထံပြောကြားခဲ့ခြင်းဖြစ်သည်။ 
“ တပ်မတော်နဲ့ရင်ကြားစေ့ရေးကတော့ နှစ်ဖက်စေ့မှရမယ်။တစ်ဖက်ထဲစေ့ချင်လို့မရဘူး။ တပ်မတော်မှာ ဒီထက်ကြီးမားတဲ့ပုဂ္ဂိုလ်ရေးအာဏာရယူလိုမှုတွေရှိနေမယ်ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှရင်ကြားစေ့ရေး မဖြစ်နိုင်ဘူး။ တပ်မတော်ကလည်းရိုးရိုးသားသားနဲ့ အစိုးရလက်အောက်မှာနေပါတယ်ဆိုတာရိုးရိုးသားသားပြဖို့ လိုတယ်။ အစိုးရကလည်းဒီမိုကရေစီအင်အားစုတွေကိုပစ်ပယ်ပြီးတော့ တပ်မတော်မှတပ်မတော်ဆိုပြီး သွားလုပ်မယ်ဆိုရင်တော့ ဒီမိုကရေစီအင်အားစုတွေမရဘဲသူမအောင်မြင်နိုင်ဘူး” ဟု တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကတိကဝတ်များမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ ပြည်သူလူထုလူမှုဘဝပြည့်စုံနိုင်ငံရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတို့ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေကြမ်းများ တင်သွင်းနေကာ တပ်မတော်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တို့အကြား သဘောထားကွဲလွဲနေကာ ပြည်တွင်းငြိမ်းချမ်းရေးတွင်လည်း မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ NCA လက်မှတ်ရေးထိုးရန်ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။