Skip to main content
ဘူးသီးေတာင္ NLD ပါတီဥကၠ႒ ဒီဇင္ဘာလ ၁၁ ရက္၊ ေန႔လယ္မွစတင္ကာ ေပ်ာက္ဆုံးေန 
Ads Block

ဘူးသီးေတာင္ NLD ပါတီဥကၠ႒ ဒီဇင္ဘာလ ၁၁ ရက္၊ ေန႔လယ္မွစတင္ကာ ေပ်ာက္ဆုံးေန 

 

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕ NLD ပါတီဥကၠ႒ဦးရဲထြန္းသည္ ဒီဇင္ဘာလ ၁၁ ရက္၊ ေန႔လယ္ပုိင္းမွ စတင္ကာေပ်ာက္ဆုံးေနေၾကာင္း အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္(NLD)ပါတီမွ ေျပာဆုိေရးဆုိခြင့္ရွိသူ ေဒါက္တာမ်ိဳးညြန္႔က ေျပာသည္။
ဘူးသီးေတာင္ၿမိဳ႕ NLD ပါတီဥကၠ႒ ေပ်ာက္ဆံုးေနေၾကာင္း သတင္းမ်ားထြက္ေပၚေနျခင္းႏွင့္ပတ္သက္ၿပီး အကုန္သိသတင္းဌာနက ဒီဇင္ဘာလ ၁၂ ရက္၌ဆက္သြယ္ေမးျမန္းရာတြင္ ယခုကဲ့သို႔ အတည္ျပဳေပးျခင္းျဖစ္သည္။ 
“ မေန႔ကတစ္နာရီေလာက္ကစၿပီး သူ႔ဖုန္းကအဆက္အသြယ္မရေတာ့ဘူး။ ဖုန္းေတာ့ပါသြားပါတယ္။ အေမစုေထာက္ခံပြဲလုပ္ဖုိ႔ဆုိၿပီးလုပ္ေနတုန္း အတြင္းေရးမွဴးကုိကိစၥရွိလုိ႔ ရြာတစ္ရြာခဏဆင္းသြားတုန္းမွာ အခုလုိေပ်ာက္သြားတာေပါ့။ ကြ်န္ေတာ္တုိ႔လည္းလက္နက္ကုိင္အဖြဲ႔အစည္းတစ္ရပ္ရပ္မ်ား ဖမ္းသြားလားဆုိၿပီး စုိးရိ္ပူပန္မႈေတာ့ရွိပါတယ္။ ဒါေပမဲ့အေသအခ်ာမသိေသးေတာ့ဘယ္သူဆုိတာမေျပာေသးပါဘူး’’ဟု အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္(NLD)ပါတီမွ ေျပာဆုိေရးဆုိခြင့္ရွိသူ ေဒါက္တာမ်ိဳးညြန္႔က ေျပာသည္။
ၿပီးခဲ့သည့္လပုိင္းအတြင္းကလည္း NLD ပါတီမွ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေ၀ွ႔တင္းအား AA လက္နက္ကုိင္အဖြဲ႔က ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။
ဘူးသီးေတာင္ႏွင့္ေမာင္ေတာၿမိဳ႕တို႔သည္ AA လက္နက္ကုိင္အဖြဲ႔၏လႈပ္ရွားနယ္ေျမတြင္အပါအ၀င္ျဖစ္ၿပီး မည္သည့္အတြက္ေၾကာင့္ NLD ၿမိဳ႕နယ္ဥကၠ႒ေပ်ာက္ဆုံးမႈအေၾကာင္းအရင္းကုိမသိေသးေသာ္လည္း ရွာေဖြေနေၾကာင္း သိရသည္။
ဘူးသီးေတာင္ၿမိဳ႕သည္ ရခုိင္ျပည္နယ္ေျမာက္ပုိင္းတြင္တည္ရွိၿပီးလူဦးေရ ၂.၃၉ သိန္းေက်ာ္ေနထုိင္၍ ဧရိယာအက်ယ္အ၀န္း ၇၇၉ စတုရန္းမိုင္က်ယ္၀န္းေၾကာင္း သိရသည္။

-- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version 

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ NLD ပါတီဥက္ကဋ္ဌဦးရဲထွန်းသည် ဒီဇင်ဘာလ ၁၁ ရက်၊ နေ့လယ်ပိုင်းမှ စတင်ကာပျောက်ဆုံးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြောဆိုရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
ဘူးသီးတောင်မြို့ NLD ပါတီဥက္ကဋ္ဌ ပျောက်ဆုံးနေကြောင်း သတင်းများထွက်ပေါ်နေခြင်းနှင့်ပတ်သက်ပြီး အကုန်သိသတင်းဌာနက ဒီဇင်ဘာလ ၁၂ ရက်၌ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ အတည်ပြုပေးခြင်းဖြစ်သည်။ 
“ မနေ့ကတစ်နာရီလောက်ကစပြီး သူ့ဖုန်းကအဆက်အသွယ်မရတော့ဘူး။ ဖုန်းတော့ပါသွားပါတယ်။ အမေစုထောက်ခံပွဲလုပ်ဖို့ဆိုပြီးလုပ်နေတုန်း အတွင်းရေးမှူးကိုကိစ္စရှိလို့ ရွာတစ်ရွာခဏဆင်းသွားတုန်းမှာ အခုလိုပျောက်သွားတာပေါ့။ ကျွန်တော်တို့လည်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်ရပ်များ ဖမ်းသွားလားဆိုပြီး စိုးရိပူပန်မှုတော့ရှိပါတယ်။ ဒါပေမဲ့အသေအချာမသိသေးတော့ဘယ်သူဆိုတာမပြောသေးပါဘူး’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြောဆိုရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
ပြီးခဲ့သည့်လပိုင်းအတွင်းကလည်း NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဘူးသီးတောင်နှင့်မောင်တောမြို့တို့သည် AA လက်နက်ကိုင်အဖွဲ့၏လှုပ်ရှားနယ်မြေတွင်အပါအဝင်ဖြစ်ပြီး မည်သည့်အတွက်ကြောင့် NLD မြို့နယ်ဥက္ကဋ္ဌပျောက်ဆုံးမှုအကြောင်းအရင်းကိုမသိသေးသော်လည်း ရှာဖွေနေကြောင်း သိရသည်။
ဘူးသီးတောင်မြို့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်တည်ရှိပြီးလူဦးရေ ၂.၃၉ သိန်းကျော်နေထိုင်၍ ဧရိယာအကျယ်အဝန်း ၇၇၉ စတုရန်းမိုင်ကျယ်ဝန်းကြောင်း သိရသည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။