Skip to main content
ICJ တြင္ ျမန္မာႏုိင္ငံအႏိုင္ရရွိေရး တရားသူႀကီး ၁၇ ဦးအနက္ ၉ မဲရရွိရန္လိုအပ္ဟု ဆို 
Ads Block

ICJ တြင္ ျမန္မာႏုိင္ငံအႏိုင္ရရွိေရး တရားသူႀကီး ၁၇ ဦးအနက္ ၉ မဲရရွိရန္လိုအပ္ဟု ဆို 

 

ICJ တြင္ ျမန္မာႏုိင္ငံအႏိုင္ရရွိေရး တရားသူႀကီး ၁၇ ဦးအနက္ ၉ မဲရရွိရန္လိုအပ္ေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေနဦးႀကီးျမင့္က ေျပာသည္။
ရန္ကုန္ၿမိဳ႕ရွိ ေတာ္၀င္နွင္းဆီခန္းမတြင္ ဒီဇင္ဘာလ ၁၂ ရက္ကက်င္းပေသာ  ဟံသာ၀တီဦး၀င္းတင္ေဖာင္ေဒးရွင္း၏ ႏုိင္ငံေရးအက်ဥ္းသားေဟာင္းမ်ားေထာက္ပံ့ေငြေပးအပ္ပြဲအၿပီးတြင္ သတင္းမီဒီယာမ်ားထံ ေျပာၾကားခဲ့ျခင္းျဖစ္သည္။ 
“ ဆရာ့အျမင္ကေတာ့ လက္ရွိျဖစ္ေနတာနဲ႔ပတ္သက္ၿပီးအင္မတန္စုိးရိမ္တယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ဒီ ICJ မွာ ဆုံးျဖတ္မယ့္တရားသူႀကီး ၁၇ ေယာက္မွာ ၉ မဲရဖုိ႔လုိတယ္။ ဆရာတုိ႔ဘက္ကအႏုိင္ရခ်င္တယ္ဆုိ ၉ မဲရဖုိ႔ လုိတယ္။ အဲဒီ ၉ မဲကုိ ဂမ္ဘီယာကအလြယ္တကူရႏုိင္တယ္။ ဆရာတုိ႔ဘက္ကရဖုိ႔မလြယ္ဘူး။ အဲဒီေတာ့ ၾကားျဖတ္အမိန္႔ ၅ ခ်က္ကုိ ခ်မွတ္ႏုိင္ရာဖြယ္ရွိတယ္။ခ်မွတ္မယ္ဆုိလုိ႔ရွိရင္ ဆရာတုိ႔မွာ အမ်ားႀကီးနစ္နာသြားမယ္။ ေရွ႕ေနေကာင္းတယ္ဆုိတာကလည္း ေရွ႕ေနဆုိတာ ကုိယ့္ဘက္ကမေကာင္းတာေတြကုိ ခ်န္ထားတယ္။ ေကာင္းတာကိုပဲေျပာတယ္။ ဒါႏွစ္ဖက္လုံး။ အဲဒါေၾကာင့္ေျပာတာ ႏုိင္ငံတကာတရားသူႀကီး ၁၇ ေယာက္က ေခါင္းနဲ႔ဆုံးျဖတ္မွာ။ ဒီေရွ႕ေန ၃ ၊ ၄ ေယာက္ စကားနဲ႔ဆုံးျဖတ္မွာမဟုတ္ဘူး’’ ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္က ေျပာသည္။
ျမန္မာႏုိင္ငံ၊ ရခုိင္ျပည္နယ္တြင္ ဘဂၤါလီလူမ်ိဳးမ်ားအား လူမ်ိဳးသုဥ္းသတ္ျဖတ္သည္ဆိုကာ OIC အစၥလမ္မစ္ႏုိင္ငံ ၅၉ ႏုိင္ငံကုိယ္စားဂမ္ဘီယာႏုိင္ငံက ျမန္မာႏိုင္ငံအား ICJ တရားရုံးတြင္ ႏုိ၀င္ဘာလအတြင္းတရားစြဲဆုိခဲ့ျခင္း ျဖစ္သည္။
ထို႔ေနာက္ ျမန္မာႏုိင္ငံမွ ႏုိင္ငံျခားေရး၀န္ႀကီးေဒၚေအာင္ဆန္းစုၾကည္က ဒီဇင္ဘာလ ၁၁ ရက္က ICJ တရားရုံးတြင္ တရားသူႀကီးမ်ားထံေလွ်ာက္လဲတင္ျပခဲ့ၿပီး ေရွ႕ေနမ်ားကလည္း ဂမ္ဘီယာႏုိင္ငံ၏ တရားစြဲဆုိမႈအခ်က္အလက္မခုိင္မာမႈမ်ားကို ေထာက္ျပခဲ့ၾကသည္။ 

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

ICJ တွင် မြန်မာနိုင်ငံအနိုင်ရရှိရေး တရားသူကြီး ၁၇ ဦးအနက် ၉ မဲရရှိရန်လိုအပ်ကြောင်း တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောသည်။
ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမတွင် ဒီဇင်ဘာလ ၁၂ ရက်ကကျင်းပသော  ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း၏ နိုင်ငံရေးအကျဉ်းသားဟောင်းများထောက်ပံ့ငွေပေးအပ်ပွဲအပြီးတွင် သတင်းမီဒီယာများထံ ပြောကြားခဲ့ခြင်းဖြစ်သည်။ 
“ ဆရာ့အမြင်ကတော့ လက်ရှိဖြစ်နေတာနဲ့ပတ်သက်ပြီးအင်မတန်စိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ICJ မှာ ဆုံးဖြတ်မယ့်တရားသူကြီး ၁၇ ယောက်မှာ ၉ မဲရဖို့လိုတယ်။ ဆရာတို့ဘက်ကအနိုင်ရချင်တယ်ဆို ၉ မဲရဖို့ လိုတယ်။ အဲဒီ ၉ မဲကို ဂမ်ဘီယာကအလွယ်တကူရနိုင်တယ်။ ဆရာတို့ဘက်ကရဖို့မလွယ်ဘူး။ အဲဒီတော့ ကြားဖြတ်အမိန့် ၅ ချက်ကို ချမှတ်နိုင်ရာဖွယ်ရှိတယ်။ချမှတ်မယ်ဆိုလို့ရှိရင် ဆရာတို့မှာ အများကြီးနစ်နာသွားမယ်။ ရှေ့နေကောင်းတယ်ဆိုတာကလည်း ရှေ့နေဆိုတာ ကိုယ့်ဘက်ကမကောင်းတာတွေကို ချန်ထားတယ်။ ကောင်းတာကိုပဲပြောတယ်။ ဒါနှစ်ဖက်လုံး။ အဲဒါကြောင့်ပြောတာ နိုင်ငံတကာတရားသူကြီး ၁၇ ယောက်က ခေါင်းနဲ့ဆုံးဖြတ်မှာ။ ဒီရှေ့နေ ၃ ၊ ၄ ယောက် စကားနဲ့ဆုံးဖြတ်မှာမဟုတ်ဘူး’’ ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးများအား လူမျိုးသုဉ်းသတ်ဖြတ်သည်ဆိုကာ OIC အစ္စလမ်မစ်နိုင်ငံ ၅၉ နိုင်ငံကိုယ်စားဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ICJ တရားရုံးတွင် နိုဝင်ဘာလအတွင်းတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ထို့နောက် မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၁၁ ရက်က ICJ တရားရုံးတွင် တရားသူကြီးများထံလျှောက်လဲတင်ပြခဲ့ပြီး ရှေ့နေများကလည်း ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုအချက်အလက်မခိုင်မာမှုများကို ထောက်ပြခဲ့ကြသည်။ 

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။