Skip to main content
လမ္းေဘး၌ရပ္ထားေသာ ၂၂ ဘီးယာဥ္ကို အက္စစ္မ်ားတင္လာေသာယာဥ္က ၀င္တိုက္ရာမွ ၁ ဦးေသဆံုး 
Ads Block

လမ္းေဘး၌ရပ္ထားေသာ ၂၂ ဘီးယာဥ္ကို အက္စစ္မ်ားတင္လာေသာယာဥ္က ၀င္တိုက္ရာမွ ၁ ဦးေသဆံုး 

 

လမ္းေဘးရပ္ထားေသာ ၂၂ ဘီးယာဥ္ကို အက္စစ္မ်ားတင္လာေသာယာဥ္က ၀င္တိုက္ရာမွ ၁ ဦးေသဆံုးကာ ၂ ဦး ဒဏ္ရာအျပင္းအထန္ရရွိမႈ ျဖဴးၿမိဳ႕နယ္တြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူခရိုင္၊ ျဖဴးၿမိဳ႕နယ္၊ ရန္ကုန္-မႏၱေလးကားလမ္းေဟာင္း၊ မိုင္တိုင္အမွတ္ ၁၂၂/၂ ႏွင့္ ၁၂၂/၃ အၾကား၊ ဇဟားအုပ္စု၊ ရြာသာယာေက်းရြာအနီးတြင္ ဒီဇင္ဘာလ ၁ ရက္၊ နံနက္ ၂ နာရီခြဲခန္႔၌ ကညြတ္ကြင္းမွ ျဖဴးၿမိဳ႕ဘက္သို႔ ယာဥ္ေမာင္းမ်ိဳးထက္ေနာင္(ခ)ေနာင္ေနာင္ေမာင္းနွင္လာၿပီး သံေခ်ာင္းမ်ားတင္ေဆာင္လာေသာ 7J/9555 NISSAN DIESEL အမ်ိဳးအစား၊ မီးခိုးေရာင္ ၂၂ ဘီးတြဲယာဥ္သည္ လမ္းေဘးသို႔ခ်ရပ္ကာ အခ်က္ျပမီးဖြင့္၍ရပ္ထားေၾကာင္း သိရသည္။
ထိုစဥ္ ယာဥ္ေၾကာတူ၊ ထြန္းထြန္းဝင္း(ခ)ေခါင္းႀကီးေမာင္းႏွင္ၿပီး ယာဥ္ေနာက္လိုက္ သန္းယုပါရွိေသာ ယာဥ္အမွတ္ 5H/1764 FUSO ၊ အျဖဴေရာင္ ၁၂ ဘီးယာဥ္သည္ အက္စစ္မ်ားတင္ေဆာင္၍ ေမာင္းနွင္လာစဥ္ အခင္းျဖစ္ေနရာအေရာက္တြင္အရွိန္လြန္၍ ရပ္ထားေသာ ၂၂ ဘီးယာဥ္ကို၀င္တိုက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါယာဥ္တိုက္မႈေၾကာင့္ အက္စစ္မ်ားတင္ေဆာင္လာေသာယာဥ္ေမာင္းႏွင္သူ ထြန္းထြန္း၀င္း၌ ေျခေထာက္ျပတ္ဒဏ္ရာအျပင္ ထိခိုက္ဒဏ္ရာမ်ားရရွိၿပီး အခင္းျဖစ္ေနရာတြင္ေသဆံုးကာ ယာဥ္ေနာက္လိုက္ သန္းယုတြင္လည္း ထိခိုက္ဒဏ္ရာ(ျပင္းထန္)မ်ားရရွိခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ၂၂ ဘီယာဥ္ေမာင္း မ်ိဳးထက္ေနာင္တြင္ ခႏၶာကိုယ္တစ္ခုလံုး အက္စစ္ေလာင္ဒဏ္ရာမ်ားရရွိကာ အတြင္းလူနာအျဖစ္ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။ 
ထို႔ေၾကာင့္ အဆိုပါျဖစ္စဥ္နွင့္ပက္သက္၍  ထြန္းထြန္းဝင္း(ခ)ေခါင္းႀကီးအား ေညာင္ပင္သာနယ္ေျမရဲစခန္း၌ ယာဥ္(ပ)၃၈/၂၀၁၉ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၈ ျဖင့္အမႈဖြင့္ထားေၾကာင္း သိရသည္။

- ၿဖိဳးကိုလင္း - ေညာင္ဝိုင္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

လမ်းဘေးရပ်ထားသော ၂၂ ဘီးယာဉ်ကို အက်စစ်များတင်လာသောယာဉ်က ဝင်တိုက်ရာမှ ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိမှု ဖြူးမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ မိုင်တိုင်အမှတ် ၁၂၂/၂ နှင့် ၁၂၂/၃ အကြား၊ ဇဟားအုပ်စု၊ ရွာသာယာကျေးရွာအနီးတွင် ဒီဇင်ဘာလ ၁ ရက်၊ နံနက် ၂ နာရီခွဲခန့်၌ ကညွတ်ကွင်းမှ ဖြူးမြို့ဘက်သို့ ယာဉ်မောင်းမျိုးထက်နောင်(ခ)နောင်နောင်မောင်းနှင်လာပြီး သံချောင်းများတင်ဆောင်လာသော 7J/9555 NISSAN DIESEL အမျိုးအစား၊ မီးခိုးရောင် ၂၂ ဘီးတွဲယာဉ်သည် လမ်းဘေးသို့ချရပ်ကာ အချက်ပြမီးဖွင့်၍ရပ်ထားကြောင်း သိရသည်။
ထိုစဉ် ယာဉ်ကြောတူ၊ ထွန်းထွန်းဝင်း(ခ)ခေါင်းကြီးမောင်းနှင်ပြီး ယာဉ်နောက်လိုက် သန်းယုပါရှိသော ယာဉ်အမှတ် 5H/1764 FUSO ၊ အဖြူရောင် ၁၂ ဘီးယာဉ်သည် အက်စစ်များတင်ဆောင်၍ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်တွင်အရှိန်လွန်၍ ရပ်ထားသော ၂၂ ဘီးယာဉ်ကိုဝင်တိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် အက်စစ်များတင်ဆောင်လာသောယာဉ်မောင်းနှင်သူ ထွန်းထွန်းဝင်း၌ ခြေထောက်ပြတ်ဒဏ်ရာအပြင် ထိခိုက်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးကာ ယာဉ်နောက်လိုက် သန်းယုတွင်လည်း ထိခိုက်ဒဏ်ရာ(ပြင်းထန်)များရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ၂၂ ဘီယာဉ်မောင်း မျိုးထက်နောင်တွင် ခန္ဓာကိုယ်တစ်ခုလုံး အက်စစ်လောင်ဒဏ်ရာများရရှိကာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ 
ထို့ကြောင့် အဆိုပါဖြစ်စဉ်နှင့်ပက်သက်၍  ထွန်းထွန်းဝင်း(ခ)ခေါင်းကြီးအား ညောင်ပင်သာနယ်မြေရဲစခန်း၌ ယာဉ်(ပ)၃၈/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

- ဖြိုးကိုလင်း - ညောင်ဝိုင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။