Skip to main content
ICJ တြင္ ျမန္မာႏုိင္ငံ၏အေျခအေနမွန္ကိုတင္ျပႏုိင္ခဲ့ျခင္းမွာ ေကာင္းမြန္ေသာလကၡဏာျဖစ္ဟု ဆို 
Ads Block

ICJ တြင္ ျမန္မာႏုိင္ငံ၏အေျခအေနမွန္ကိုတင္ျပႏုိင္ခဲ့ျခင္းမွာ ေကာင္းမြန္ေသာလကၡဏာျဖစ္ဟု ဆို 

 

ICJ တြင္ ျမန္မာႏုိင္ငံ၏အေျခအေနမွန္ကိုတင္ျပႏုိင္ခဲ့ျခင္းမွာ ေကာင္းမြန္ေသာလကၡဏာျဖစ္ေၾကာင္း စီးပြားေရးပညာရွင္ပါေမာကၡေဒါက္တာေအာင္ထြန္းသက္က သံုးသပ္ေျပာၾကားသည္။ 
ICJ တြင္ဂမ္ဘီယာႏုိင္ငံက ျမန္မာႏုိင္ငံအား တရားစြဲဆိုထားျခင္းႏွင့္ပတ္သက္၍ စီးပြားေရးအရ ထိခိုက္မႈမ်ား ရွိ/မရွိကို အကုန္သိသတင္းဌာနက ဆက္သြယ္ေမးျမန္းရာတြင္ယခုကဲ့သို႔သံုးသပ္ေျပာဆိုျခင္း ျဖစ္သည္။ 
“ ICJ ကအခုမွစတာဆိုေတာ့ ေျပာလို႔မရေသးဘူး။ ျမန္မာဘက္ကျပန္ၿပီး ေလွ်ာက္လဲခ်က္တင္တဲ့အခါမွာ ကိုယ့္ႏိုင္ငံအေၾကာင္းကို တင္ျပႏိုင္ခဲ့တယ္။ ကိုယ့္ႏိုင္ငံရဲ႕အေျခအေနမွန္ကို ကမာၻကသိေအာင္လုပ္ျပႏိုင္ခဲ့တာ အဲဒါေကာင္းတဲ့လကၡဏာတစ္ခုပဲ။ စီးပြားေရးလုပ္ငန္းဆက္ဆံမႈကေတာ့ ေကာင္းတာေတြရွိသလို မလိုအပ္တာေတြလည္းရွိေနတာေပါ့။ ကိုယ္လုပ္စရာရွိတာကေတာ့ လုပ္ရမွာပဲ။ စီးပြားေရးကေတာ့ ထိခိုက္ႏိုင္တာမရွိပါဘူး။ ICJ ရဲ႕ဆံုးျဖတ္ခ်က္ကလည္း ခ်က္ခ်င္းႀကီးခ်မွာမွမဟုတ္တာ။ ကိုယ့္ဘက္ကေတာ့ ရင္းႏွီးျမွဳပ္ႏွံမႈေတြကိုႀကိဳဆိုရမယ္။ လက္ခံရမယ္”ဟု စီးပြားေရးပညာရွင္ ပါေမာကၡေဒါက္တာေအာင္ထြန္းသက္က ေျပာသည္။
ျမန္မာႏုိင္ငံ၊ ရခိုင္ျပည္နယ္တြင္ ဘဂၤါလီလူမ်ိဳးမ်ားအား လူမ်ိဳးသုဥ္းသတ္ျဖတ္ခဲ့သည္ဟု ဂမ္ဘီယာမွ တရားေရးဝန္ႀကီးႏွင့္ ေရွ႕ေနခ်ဳပ္အဘူဘာကာတမ္ဘာဒူးသည္ နယ္သာလန္ႏိုင္ငံ၊ ဟိဂ္ၿမိဳ႕သို႔ သြားေရာက္ၿပီး ႏိုင္ငံတကာတရားရံုး(ICJ)တြင္တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။
အမႈႏွင့္ပတ္သက္၍ ဒီဇင္ဘာလ (၁၀) ရက္တြင္ စတင္ၾကားနာခဲ့ၿပီး ရခိုင္ျပည္နယ္မွျဖစ္စဥ္မ်ားအပါအဝင္ လက္ရွိအေျခအေနႏွင့္ပတ္သက္၍ ဒီဇင္ဘာ (၁၁) ရက္၌ ျမန္မာႏိုင္ငံဘက္မွ ေလွ်ာက္လဲခ်က္တြင္ ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ရခိုင္ျပည္နယ္တြင္ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာႏွင့္ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လတြင္ ARSA ၾကမ္းဖက္အဖြဲ႔က နယ္ျခားေစာင့္ရဲကင္းစခန္းမ်ားအား စတင္တိုက္ခိုက္မႈျဖစ္ပြားမႈၿပီးေနာက္ ဘဂၤလားေဒ့ရွ္နယ္စပ္ႏွင့္ ေနရပ္စြန္႔ခြာသူအေျမာက္အျမား တိမ္းေရွာင္မႈရွိခဲ့ျခင္းျဖစ္သည္။
ယင္းေနာက္ ရခိုင္ျပည္နယ္တြင္ ဘဂၤါလီမ်ားအားလူမ်ိဳးသုဥ္းသတ္ျဖတ္ေနေၾကာင္း ႏုိင္ငံတကာႏွင့္ ျပည္ပမီဒီယာအခ်ိဳ႕က စြပ္စြဲေျပာဆိုေရးသားခဲ့ၾကျခင္းျဖစ္သည္။ 

- စုသက္ႏွင္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

ICJ တွင် မြန်မာနိုင်ငံ၏အခြေအနေမှန်ကိုတင်ပြနိုင်ခဲ့ခြင်းမှာ ကောင်းမွန်သောလက္ခဏာဖြစ်ကြောင်း စီးပွားရေးပညာရှင်ပါမောက္ခဒေါက်တာအောင်ထွန်းသက်က သုံးသပ်ပြောကြားသည်။ 
ICJ တွင်ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ စီးပွားရေးအရ ထိခိုက်မှုများ ရှိ/မရှိကို အကုန်သိသတင်းဌာနက ဆက်သွယ်မေးမြန်းရာတွင်ယခုကဲ့သို့သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။ 
“ ICJ ကအခုမှစတာဆိုတော့ ပြောလို့မရသေးဘူး။ မြန်မာဘက်ကပြန်ပြီး လျှောက်လဲချက်တင်တဲ့အခါမှာ ကိုယ့်နိုင်ငံအကြောင်းကို တင်ပြနိုင်ခဲ့တယ်။ ကိုယ့်နိုင်ငံရဲ့အခြေအနေမှန်ကို ကမ္ဘာကသိအောင်လုပ်ပြနိုင်ခဲ့တာ အဲဒါကောင်းတဲ့လက္ခဏာတစ်ခုပဲ။ စီးပွားရေးလုပ်ငန်းဆက်ဆံမှုကတော့ ကောင်းတာတွေရှိသလို မလိုအပ်တာတွေလည်းရှိနေတာပေါ့။ ကိုယ်လုပ်စရာရှိတာကတော့ လုပ်ရမှာပဲ။ စီးပွားရေးကတော့ ထိခိုက်နိုင်တာမရှိပါဘူး။ ICJ ရဲ့ဆုံးဖြတ်ချက်ကလည်း ချက်ချင်းကြီးချမှာမှမဟုတ်တာ။ ကိုယ့်ဘက်ကတော့ ရင်းနှီးမြှုပ်နှံမှုတွေကိုကြိုဆိုရမယ်။ လက်ခံရမယ်”ဟု စီးပွားရေးပညာရှင် ပါမောက္ခဒေါက်တာအောင်ထွန်းသက်က ပြောသည်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးများအား လူမျိုးသုဉ်းသတ်ဖြတ်ခဲ့သည်ဟု ဂမ်ဘီယာမှ တရားရေးဝန်ကြီးနှင့် ရှေ့နေချုပ်အဘူဘာကာတမ်ဘာဒူးသည် နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့သို့ သွားရောက်ပြီး နိုင်ငံတကာတရားရုံး(ICJ)တွင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အမှုနှင့်ပတ်သက်၍ ဒီဇင်ဘာလ (၁၀) ရက်တွင် စတင်ကြားနာခဲ့ပြီး ရခိုင်ပြည်နယ်မှဖြစ်စဉ်များအပါအဝင် လက်ရှိအခြေအနေနှင့်ပတ်သက်၍ ဒီဇင်ဘာ (၁၁) ရက်၌ မြန်မာနိုင်ငံဘက်မှ လျှောက်လဲချက်တွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာနှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် ARSA ကြမ်းဖက်အဖွဲ့က နယ်ခြားစောင့်ရဲကင်းစခန်းများအား စတင်တိုက်ခိုက်မှုဖြစ်ပွားမှုပြီးနောက် ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် နေရပ်စွန့်ခွာသူအမြောက်အမြား တိမ်းရှောင်မှုရှိခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများအားလူမျိုးသုဉ်းသတ်ဖြတ်နေကြောင်း နိုင်ငံတကာနှင့် ပြည်ပမီဒီယာအချို့က စွပ်စွဲပြောဆိုရေးသားခဲ့ကြခြင်းဖြစ်သည်။ 

- စုသက်နှင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။