Skip to main content
တပ္မေတာ္ဘက္မွ အေထာက္အထားမ်ားကို အတိုင္ပင္ခံ ပုဂၢိဳလ္ႏွင့္ ထည့္ေပးလိုက္သည္ဟုဆို
Ads Block

တပ္မေတာ္ဘက္မွ အေထာက္အထားမ်ားကို အတိုင္ပင္ခံ ပုဂၢိဳလ္ႏွင့္ ထည့္ေပးလိုက္သည္ဟုဆို


ICJ တရားရံုးတြင္ သြားေရာက္ေျဖရွင္းေနသည့္ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အား တပ္မေတာ္ဘက္မွ အေထာက္အထားမ်ား ထည့္ေပးလိုက္ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးမွ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္း က အကုန္သိသတင္းဌာနသို႔ ေျပာၾကားလိုက္သည္။
ျမန္မာႏိုင္ငံတြင္ လူမ်ိဳးတုန္းသတ္ျဖတ္မႈမ်ား ရိွသည္ဟုဆိုကာ ႏိုင္ငံတကာတရားရံုး(ICJ)တြင္ ဂမ္ဘီယာႏိုင္ငံက တရားစြဲထားမႈ ႏွင့္ ပတ္သက္၍ သြားေရာက္ေျဖရွင္းမည့္ကိစၥႏွင့္ ပတ္သက္၍ ၄င္းကအထက္ပါအတိုင္း ေျဖၾကားခဲ့ျခင္းျဖစ္သည္။
“ အေသးစိတ္ အေၾကာင္းအရာကိုေတာ့ ကြ်န္ေတာ္တို႔ ေျပာလို႔မရဘူး။ အစိုးရရဲ႕ ညႊန္ၾကားခ်က္အတိုင္း ေဆာင္ရြက္ျခင္းျဖစ္ ပါတယ္။ လိုအပ္တဲ့အေထာက္အထားေတြကို ညႊန္ၾကားအတိုင္းေဆာင္ရြက္ေပးပါတယ္”ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကား ေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။
နယ္သာလန္ႏိုင္ငံ သည္ဟိဂ္ၿမိဳ႕ရွိ ICJ တရားရံုးတြင္ တရားစြဲဆိုထားမႈႏွင့္ ပတ္သက္ၿပီး ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚ ေအာင္ဆန္းစုၾကည္ ကိုယ္တိုင္သြားေရာက္ေျဖရွင္းေနျခင္း ျဖစ္ၿပီး ဒီဇင္ဘာလ ၁၀ ရက္က ဂမ္ဘီယာ ႏိုင္ငံဘက္ကို စတင္ ၾကား နာကာ ဒီဇင္ဘာလ ၁၁ ရက္တြင္ ျမန္မာႏိုင္ငံဘက္သို႔ ၾကားနားခဲ့ျခင္း ျဖစ္သည္။
ယေန႔ ျပန္လည္ေခ်ပေျပာဆိုစဥ္ ဂမ္ဘီယာႏိုင္ငံမွ မေဖာ္ျပခဲ့သည့္ ရခိုင္ျပည္နယ္အတြင္း အာဆာ အၾကမ္းဖက္သမားမ်ား၏ တိုက္ခိုက္ခံရမႈကို ႏိုင္ငံေတာ္အတိုင္ပင္ခံက အေသးစိတ္ရွင္းျပေျပာဆိုခဲ့သည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode Version



ICJ တရားရုံးတွင် သွားရောက်ဖြေရှင်းနေသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တပ်မတော်ဘက်မှ အထောက်အထားများ ထည့်ပေးလိုက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က အကုန်သိသတင်းဌာနသို့ ပြောကြားလိုက်သည်။
မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှုများ ရှိသည်ဟုဆိုကာ နိုင်ငံတကာတရားရုံး(ICJ)တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲထားမှု နှင့် ပတ်သက်၍ သွားရောက်ဖြေရှင်းမည့်ကိစ္စနှင့် ပတ်သက်၍ ၎င်းကအထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ အသေးစိတ် အကြောင်းအရာကိုတော့ ကျွန်တော်တို့ ပြောလို့မရဘူး။ အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခြင်းဖြစ် ပါတယ်။ လိုအပ်တဲ့အထောက်အထားတွေကို ညွှန်ကြားအတိုင်းဆောင်ရွက်ပေးပါတယ်”ဟု တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ ICJ တရားရုံးတွင် တရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက်ဖြေရှင်းနေခြင်း ဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက်က ဂမ်ဘီယာ နိုင်ငံဘက်ကို စတင် ကြား နာကာ ဒီဇင်ဘာလ ၁၁ ရက်တွင် မြန်မာနိုင်ငံဘက်သို့ ကြားနားခဲ့ခြင်း ဖြစ်သည်။
ယနေ့ ပြန်လည်ချေပပြောဆိုစဉ် ဂမ်ဘီယာနိုင်ငံမှ မဖော်ပြခဲ့သည့် ရခိုင်ပြည်နယ်အတွင်း အာဆာ အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခံရမှုကို နိုင်ငံတော်အတိုင်ပင်ခံက အသေးစိတ်ရှင်းပြပြောဆိုခဲ့သည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။