Skip to main content
ကုိယ္ထိလက္ေရာက္ က်ဴးလြန္ခံရသည့္ ေအာ္တစ္ဇင္ ကေလးငယ္အမႈမွ ေအာ္တစ္ဇင္ျဖစ္ေၾကာင္း ေဆးေထာက္ခံခ်က္ ဥပေဒ ရုံးထံ ပ႔ိုထားၿပီးဟုဆို
Ads Block

ကုိယ္ထိလက္ေရာက္ က်ဴးလြန္ခံရသည့္ ေအာ္တစ္ဇင္ ကေလးငယ္အမႈမွ ေအာ္တစ္ဇင္ျဖစ္ေၾကာင္း ေဆးေထာက္ခံခ်က္ ဥပေဒ ရုံးထံ ပ႔ိုထားၿပီးဟုဆို

New Word Therapeutic Training Center မွ ဆရာအခ်ိဳ႕က ေအာ္တစ္ဇင္ ကေလးငယ္တစ္ဦးအား  ကုိယ္ထိလက္ေရာက္က်ဴး လြန္ထားမႈတြင္ ဆရာ၂ ဦးအား အမႈဖြင့္ထားၿပီး ဥပေဒရုံးမွ ေတာင္းခံေသာ ေအာ္တစ္ဇင္ျဖစ္ေၾကာင္း ေဆးေထာက္ခံခ်က္ကုိ ဒီ ဇင္ဘာ ၉ ရက္တြင္  ေပးပုိ႔ထားေၾကာင္း ကေလးငယ္၏ မိခင္ ေဒါက္တာခန္႔ခန္႔၀င္းေရႊက အကုန္သိသတင္းဌာနသုိ႔ အတည္ျပဳ ေျပာသည္။
 ဒီဇင္ဘာလ ၁၁ ရက္က ကေလးငယ္၏ အေျခအေနနွင့္ပတ္သက္၍ အကုန္သိသတင္းဌာနမွ ဆက္သြယ္ေမးျမန္းရာတြင္ က ေလးငယ္၏ မိခင္ျဖစ္သူ ေဒါက္တာ ခန္႔ခန္႔၀င္းေရႊကေျပာ ၾကားခဲ့ျခင္းျဖစ္သည္။
“ရြာသာႀကီး စိတ္က်န္းမာေရး ေဆးရုံႀကီးကေန ကေလးဟာ ေအာ္တစ္ဇင္ျဖစ္ေၾကာင္း ေဆးေထာက္ခံခ်က္ကုိ ဥပေဒအႀကံ ေပးကေတာင္းလုိ႔ တနလၤာေန႔က ေပးလုိက္ၿပီ။ ကေလးအေျခကေနေတာ့ အရင္ကမလုပ္ဖူးတဲ့အရာေတြေပါ့။ စိတ္က ပုိၾကမ္း လာတယ္။ သူမ်ားကုိ တစ္ခုခုလုပ္ခ်င္တယ္။ မ်က္လုံးကို လက္နဲ႔ေကာ္ထုတ္တယ္။ အဲဒီလုိျဖစ္ေနတာကုိ အမတုိ႔က အနီးကပ္ အတတ္ႏုိင္ဆုံး အသိမ္ေမြ႔ဆုံး ျပဳစုေစာင့္ေရွာက္ေနတယ္။ အမဆုိ အလုပ္ေတြ အကုန္ရပ္နားထားၿပီကုိ ေစာင့္ေရွာက္ေန တာ ျဖစ္တယ္။ ရုိက္နွက္ခံရလုိ ႔ဒီလုိျဖစ္တာလားဆုိတာေတာ့  မသိဘူး။အမက အမသားျဖစ္ေနတာကိုပဲ ေျပာတာျဖစ္တယ္”ဟု ၄င္း ကေျပာသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ကေလးအား ကုိယ္ထိလက္ေရာက္ က်ဴးလြန္ေသာ ဆရာ၂ ဦးအား ေျမာက္ဒဂုံရဲစခန္းတြင္ ေအာက္တုိဘာ ၃၁ ရက္က ပုဒ္မ ၁၀၃ (က)ျဖင့္ အမႈဖြင့္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

New Word Therapeutic Training Center မှ ဆရာအချို့က အော်တစ်ဇင် ကလေးငယ်တစ်ဦးအား  ကိုယ်ထိလက်ရောက်ကျူး လွန်ထားမှုတွင် ဆရာ၂ ဦးအား အမှုဖွင့်ထားပြီး ဥပဒေရုံးမှ တောင်းခံသော အော်တစ်ဇင်ဖြစ်ကြောင်း ဆေးထောက်ခံချက်ကို ဒီ ဇင်ဘာ ၉ ရက်တွင်  ပေးပို့ထားကြောင်း ကလေးငယ်၏ မိခင် ဒေါက်တာခန့်ခန့်ဝင်းရွှေက အကုန်သိသတင်းဌာနသို့ အတည်ပြု ပြောသည်။
 ဒီဇင်ဘာလ ၁၁ ရက်က ကလေးငယ်၏ အခြေအနေနှင့်ပတ်သက်၍ အကုန်သိသတင်းဌာနမှ ဆက်သွယ်မေးမြန်းရာတွင် က လေးငယ်၏ မိခင်ဖြစ်သူ ဒေါက်တာ ခန့်ခန့်ဝင်းရွှေကပြော ကြားခဲ့ခြင်းဖြစ်သည်။
“ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံကြီးကနေ ကလေးဟာ အော်တစ်ဇင်ဖြစ်ကြောင်း ဆေးထောက်ခံချက်ကို ဥပဒေအကြံ ပေးကတောင်းလို့ တနင်္လာနေ့က ပေးလိုက်ပြီ။ ကလေးအခြေကနေတော့ အရင်ကမလုပ်ဖူးတဲ့အရာတွေပေါ့။ စိတ်က ပိုကြမ်း လာတယ်။ သူများကို တစ်ခုခုလုပ်ချင်တယ်။ မျက်လုံးကို လက်နဲ့ကော်ထုတ်တယ်။ အဲဒီလိုဖြစ်နေတာကို အမတို့က အနီးကပ် အတတ်နိုင်ဆုံး အသိမ်မွေ့ဆုံး ပြုစုစောင့်ရှောက်နေတယ်။ အမဆို အလုပ်တွေ အကုန်ရပ်နားထားပြီကို စောင့်ရှောက်နေ တာ ဖြစ်တယ်။ ရိုက်နှက်ခံရလို့ဒီလိုဖြစ်တာလားဆိုတာတော့  မသိဘူး။အမက အမသားဖြစ်နေတာကိုပဲ ပြောတာဖြစ်တယ်”ဟု ၎င်း ကပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကလေးအား ကိုယ်ထိလက်ရောက် ကျူးလွန်သော ဆရာ၂ ဦးအား မြောက်ဒဂုံရဲစခန်းတွင် အောက်တိုဘာ ၃၁ ရက်က ပုဒ်မ ၁၀၃ (က)ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။