Skip to main content
Ads Block


 


 


 


 


 

Unicode Version

 

တစ်မျိုးဆန်းစေမယ့် “ရည်းစားတစ်ခုလပ်များ” အချစ်ဟာသဇာတ်မြူးရုပ်ရှင်အကြောင်း

 

ဟိုတယ်ခေါ်သွားပြီး ထမင်းကြော်ကျွေးတဲ့အကြောင်းတွေ၊ တခြားသူရဲ့ဆိုင်ရှေ့မှာ ကားပိတ်ရပ်လိုက်တဲ့အတွက် ပြဿနာတက်ကြရာက Live လွှင့်ပြီး ဖြေရှင်းနေတဲ့အကြောင်းအရာတွေပါဝင်တဲ့ လက်တွေ့ဆန်ဆန်ရယ်နေရမယ့် ယခုနှစ်အတွင်းဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်တွေကို ဒီရုပ်ရှင်မှာ တင်ဆက်ပေးထားတာပါ။

 

အဆိုပါ “ရည်းစားတစ်ခုလပ်များ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဇာတ်ညွှန်း နေစိုးသော်၊ ဝတ္ထုနှင့် ဒါရိုက်တာ ရာဇဝင်ကို တို့ကဖန်တီးရိုက်ကူးထားပြီး ကျော်ရဲအောင်၊ မင်းမော်ကွန်း၊ သူရိယ၊ ခင်လှိုင်၊ ညီနန္ဒ၊ မေသဉ္ဇာဦး၊ ခိုင်သင်းကြည်၊ ယုသန္တာတင်၊ မေကြည် (Myanmar Idols) တို့နဲ့အခြားသောအနုပညာရှင်များစွာပါဝင်သရုပ်ဆောင်ထားကြပါတယ်။

 

ရည်းစားတစ်ခုလပ်များ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာရုံတင်ပြသတော့မှာလည်းဖြစ်ပါတယ်။

 

တည်းဖြတ်/တင်ဆက် - သူရိန်၊ အိဖြူသိမ့်

 

 

#ရည်းစားတစ်ခုလပ်များ #ဟာသဇာတ်မြူး #ရုပ်ရှင်အညွှန်း #MoviePreview #Akonthi_cele

 

 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။