Skip to main content
ပုလဲ၀င္း
Ads Block

မ်က္စိက်န္းမာေရးေၾကာင့္ အနုပညာအလုပ္ေတြနားလိုက္ရတယ္ဆိုတဲ့ သရုပ္ေဆာင္ ပုလဲ၀င္း

 

သရုပ္ေဆာင္ မင္းသမီး ပုလဲ၀င္းကေတာ့ အနုပညာေလာက ကေန ၂၀၁၅ ခုနွစ္ကေနစတင္ အနားယူလိုက္တာျဖစ္ၿပီး သူမရဲ႕ မ်က္စိ က်န္းမာေရးအေျခအေနေၾကာင့္ အနားယူခဲ့ရတာလို႔သိရပါတယ္။

ဒီဇင္ဘာလ (၆)ေန႔က ေနျပည္ေတာ္၊ ၿမိဳ႕မေစ်း မွာဖြင့္လွစ္ခဲ့တဲ့ သူမရဲ႕ MERCI ပိုးထည္ႏွင့္ ေက်ာက္မ်က္ရတနာဆိုင္ ဖြင့္ပြဲမွာ အခုလိုေျဖၾကားခဲ့တာပါ။

“အခုခ်ိန္မွာကိုယ္က အနုပညာသမားဆိုေတာ့ အနုပညာကို ျပန္လုပ္ခ်င္စိတ္ေတြေတာ့ ျဖစ္တာေပါ့။ ပုလဲတို႔ေခတ္တုန္းကေတာ့ VCD ေခတ္ဆိုေတာ့ VCD ေခတ္က သီခ်င္းေလးေတြ ကိုယ့္ဇာတ္ကားေလးေတြ ျပန္ေတြ႕တဲ့ အခ်ိန္က်ေတာ့ ျပန္ၿပီးေတာ့သတိရတယ္ေပါ့ အနုပညာ အလုပ္ဆိုတာ အရမ္းကို၀ါသနာပါလို႔ လုပ္ခဲ့တာေလ ။ဆယ္နွစ္ေက်ာ္ေတာင္လုပ္ခဲ့တာဆိုေတာ့ ဒီအလုပ္က တစ္ကယ္ကိုနွစ္သက္တဲ့ ခ်စ္တဲ့ အလုပ္ပါ ။ဒါေပမယ့္လည္းပုလဲက က်န္းမာေရးေၾကာင့္ နားလိုက္တာျဖစ္တဲ့အတြက္ ထပ္ၿပီးေတာ့လုပ္ဖို႔အစီအစဥ္မရွိပါဘူး ။ပုလဲကမ်က္စိက်န္းမာေရး ေၾကာင့္ပါ ။မ်က္ကပ္မွန္တပ္ရတယ္။ပါ၀ါကလည္းမ်ားတယ္ ။မ်က္မွန္ပါ၀ါက တစ္ေထာင္ ေက်ာ္တယ္ ။မ်က္ကပ္မွန္ကေနပူထဲသြားတာတို႔ ငိုတာတို႔ဆိုရင္ သံုးရက္ေလာက္ မ်က္ေၾကာေတြ ညိဳၿပီးေရာင္လာတယ္ ။ေခါင္းေတြကိုက္လာတယ္ ။အာရံုေၾကာထိခိုက္တာေပါ့။ ၿပီးေတာ့ မ်က္သားေျခာက္တယ္ ။အဲ့ဒါဆရာ၀န္က နားခိုင္းတာလို႔နားျဖစ္တာပါ။”လို႔ ပုလဲ၀င္းက အခုလိုေျပာျပခဲ့ပါတယ္။

လက္ရွိမွာေတာ့ ပုလဲ၀င္းက အနုပညာအလုပ္ေတြကို လံုး၀နားလိုက္တာျဖစ္ၿပီး သရုပ္ေဆာင္အလုပ္ ျပန္လုပ္ခ်င္ေပမယ့္မ်က္လံုးက ငိုလို႔မရေတာ့တာေၾကာင့္ သူမရဲ႕၀ါသနာကို စြန္႔လႊတ္ၿပီး စီးပြားေရးကိုသာ အာရံုစိုက္ၿပီးလုပ္သြားေတာ့မယ္လို႔လည္း သူမကေျပာပါတယ္။

-ေက်ာ့မႈးႏြယ္(အကုန္သိသတင္းဌာန)

 Unicode Version

 

မျက်စိကျန်းမာရေးကြောင့် အနုပညာအလုပ်တွေနားလိုက်ရတယ်ဆိုတဲ့ သရုပ်ဆောင် ပုလဲဝင်း

 

သရုပ်ဆောင် မင်းသမီး ပုလဲဝင်းကတော့ အနုပညာလောက ကနေ ၂၀၁၅ ခုနှစ်ကနေစတင် အနားယူလိုက်တာဖြစ်ပြီး သူမရဲ့ မျက်စိ ကျန်းမာရေးအခြေအနေကြောင့် အနားယူခဲ့ရတာလို့သိရပါတယ်။

ဒီဇင်ဘာလ (၆)နေ့က နေပြည်တော်၊ မြို့မဈေး မှာဖွင့်လှစ်ခဲ့တဲ့ သူမရဲ့ MERCI ပိုးထည်နှင့် ကျောက်မျက်ရတနာဆိုင် ဖွင့်ပွဲမှာ အခုလိုဖြေကြားခဲ့တာပါ။

“အခုချိန်မှာကိုယ်က အနုပညာသမားဆိုတော့ အနုပညာကို ပြန်လုပ်ချင်စိတ်တွေတော့ ဖြစ်တာပေါ့။ ပုလဲတို့ခေတ်တုန်းကတော့ VCD ခေတ်ဆိုတော့ VCD ခေတ်က သီချင်းလေးတွေ ကိုယ့်ဇာတ်ကားလေးတွေ ပြန်တွေ့တဲ့ အချိန်ကျတော့ ပြန်ပြီးတော့သတိရတယ်ပေါ့ အနုပညာ အလုပ်ဆိုတာ အရမ်းကိုဝါသနာပါလို့ လုပ်ခဲ့တာလေ ။ဆယ်နှစ်ကျော်တောင်လုပ်ခဲ့တာဆိုတော့ ဒီအလုပ်က တစ်ကယ်ကိုနှစ်သက်တဲ့ ချစ်တဲ့ အလုပ်ပါ ။ဒါပေမယ့်လည်းပုလဲက ကျန်းမာရေးကြောင့် နားလိုက်တာဖြစ်တဲ့အတွက် ထပ်ပြီးတော့လုပ်ဖို့အစီအစဉ်မရှိပါဘူး ။ပုလဲကမျက်စိကျန်းမာရေး ကြောင့်ပါ ။မျက်ကပ်မှန်တပ်ရတယ်။ပါဝါကလည်းများတယ် ။မျက်မှန်ပါဝါက တစ်ထောင် ကျော်တယ် ။မျက်ကပ်မှန်ကနေပူထဲသွားတာတို့ ငိုတာတို့ဆိုရင် သုံးရက်လောက် မျက်ကြောတွေ ညိုပြီးရောင်လာတယ် ။ခေါင်းတွေကိုက်လာတယ် ။အာရုံကြောထိခိုက်တာပေါ့။ ပြီးတော့ မျက်သားခြောက်တယ် ။အဲ့ဒါဆရာဝန်က နားခိုင်းတာလို့နားဖြစ်တာပါ။”လို့ ပုလဲဝင်းက အခုလိုပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ ပုလဲဝင်းက အနုပညာအလုပ်တွေကို လုံးဝနားလိုက်တာဖြစ်ပြီး သရုပ်ဆောင်အလုပ် ပြန်လုပ်ချင်ပေမယ့်မျက်လုံးက ငိုလို့မရတော့တာကြောင့် သူမရဲ့ဝါသနာကို စွန့်လွှတ်ပြီး စီးပွားရေးကိုသာ အာရုံစိုက်ပြီးလုပ်သွားတော့မယ်လို့လည်း သူမကပြောပါတယ်။

-ကျော့မှုးနွယ်(အကုန်သိသတင်းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။