Skip to main content
muula
Ads Block

Rockဂီတ မဟုတ္တဲ့ သီခ်င္းေတြ သီဆိုတဲ့အခါ အခက္အခဲေတြရွိတယ္ဆိုတဲ့ မူးလာ

ငယ္စဥ္ကတည္းက Rock အေပၚကို အခက္အခဲေတြၾကားက ရူးသြပ္ခဲ့ရၿပီး Rock ဂီတကို စီးေျမာရတာ ပိုႀကိဳက္တဲ့ ျမန္မာအိုင္ေဒါ Season 4 ၿပိဳင္ပြဲ၀င္တစ္ဦးျဖစ္တဲ့ ေစာခရစၥမူးလာကေတာ့ Rock မဟုတ္တဲ့ သီခ်င္းေတြသီဆိုတဲ့ အခါ အခက္အခဲေတြရွိတယ္လို႕ ရင္ဖြင့္လာပါတယ္။

ဒီဇင္ဘာလ(၅)ရက္ ညပိုင္းက က်င္းပျပဳလုပ္ခဲ့တဲ့ ျမန္မာအိုင္ေဒါ Season 2 မွာပါ၀င္ယွဥ္ၿပိဳင္တဲ့ Top 6 Finalists ေတြရဲ႕  ေဟမာန္ေဆာင္းသီခ်င္းမ်ား သီဆိုယွဥ္ၿပိဳင္မႈအၿပီးမွာ အခုေျဖၾကားခဲ့တာပါ။

 

“သီခ်င္းေတြကိုေတာ္ေတာ္မ်ားမ်ားနားေထာင္ျဖစ္တယ္။ ဒါေပမယ့္ငယ္ငယ္တုန္းက အခက္အခဲေတြေတာ့ ရွိခဲ့တယ္။ အခက္အခဲဆိုတာက အမွန္အတိုင္းေျပာရရင္ ေအာက္စက္ေတြ ဘာေတြဆိုတာကို ကၽြန္ေတာ္ ဆယ္နွစ္ ဆယ့္နွစ္ႏွစ္သားအရြယ္ေလာက္မွ ၀ယ္နိုင္တာဆိုေတာ့ ကိုယ္ကိုယ္တိုင္လည္းအေခြ၀ယ္ဖို႔အတြက္ မတက္နိုင္ခဲ့ဘူး ။အဲ့ေတာ့ သီခ်င္းနားေထာင္ဖို႔အတြက္ အရမ္းအခက္အခဲျဖစ္ခဲ့တယ္ ။ဒါေပမယ့္ တစ္ကယ္တမ္း စ နားေထာင္ျဖစ္တဲ့ အရာေတြကလည္း Rock ေတြမ်ားတယ္ေပါ့ေနာ္ ။Rock ကိုအရမ္းႀကိဳက္တယ္။ ၿပီးေတာ့ ကိုယ္ဆိုနိင္ျခင္းမဆိုနိုင္ျခင္းဆိုတာထက္ အရမ္းႀကိဳက္ေတာ့ အရမ္းဆိုခ်င္တယ္ ဒီအေပၚမွာစီးေမွ်ာရတာ ပိုၿပီးေတာ့ လြတ္လြတ္လပ္လပ္ရွိတယ္လို႔ခံစားရတယ္။အဲ့ဒါေၾကာင့္ အရမ္းႀကိဳက္ပါတယ္။ဒါေပမယ့္ တစ္ျခားေသာသီခ်င္းေတြမွာေတာ့ အခက္အခဲရွိတာေပါ့ ။နားေထာင္ခဲ့မႈအရမ္းအားနည္းေတာ့ အရမ္းခက္ခဲတယ္။ ၿပိဳင္ပြဲထဲေရာက္ေတာ့ ပိုဆိုးတယ္ သီခ်င္းေတာ္ေတာ္မ်ားမ်ားက ကၽြန္ေတာ္မၾကားဖူးတာေတြပဲျဖစ္ေနတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Rock နဲ႔ပက္သက္ၿပီးေတာ့ လြတ္လပ္ေတာ့ ကၽြန္ေတာ္အရမ္းႀကိဳက္တယ္”လို႔ မူးလာကေျပာပါတယ္။

မူးလာ က ဟာသဥာဏ္ရႊင္သလို ၿပိဳင္ပြဲ၀င္မ်ားကိုလည္း စေနာက္တတ္တဲ့ ရုပ္သံေလးေတြကေတာ့ မိန္းကေလးပရိသတ္ေတြမ်ားလာသူလို႕လည္းေျပာလို႕ ရပါတယ္။မိန္းကေလးပရိသတ္ေတြမ်ားလာတာနဲ႔ပတ္သက္ၿပီးေတာ့လည္းမူးလာ က အခုလိုမိန္းကေလးေတြ အားေပးေတာ့လည္း ေကာင္းတာေပါ့ အားေပးေနတဲ့သူေတြအားလံုးအေပၚကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္ လို႔လည္းဆက္လက္ေျပာျပခဲ့ပါတယ္။

ယခုလာမယ့္ ၿပိဳင္ပြဲမွာ ထင္ရွားေက်ာ္ၾကားေတးသီခ်င္းမ်ားနဲ႕ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး မူးလာကေတာ့ တစ္ပတ္ၿပီးတစ္ပတ္ပရိသတ္မ်ားလာတဲ့အတြက္ သူ ့အတြက္ အားေတြျဖစ္ေစတယ္လို႕ ေျပာပါတယ္။

 

-ေက်ာ့မႈးႏြယ္(အကုန္သိသတင္းဌာန)

 

Unicode Version

 

 

Rockဂီတ မဟုတ်တဲ့ သီချင်းတွေ သီဆိုတဲ့အခါ အခက်အခဲတွေရှိတယ်ဆိုတဲ့ မူးလာ

ငယ်စဉ်ကတည်းက Rock အပေါ်ကို အခက်အခဲတွေကြားက ရူးသွပ်ခဲ့ရပြီး Rock ဂီတကို စီးမြောရတာ ပိုကြိုက်တဲ့ မြန်မာအိုင်ဒေါ Season 4 ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ စောခရစ္စမူးလာကတော့ Rock မဟုတ်တဲ့ သီချင်းတွေသီဆိုတဲ့ အခါ အခက်အခဲတွေရှိတယ်လို့ ရင်ဖွင့်လာပါတယ်။

ဒီဇင်ဘာလ(၅)ရက် ညပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာအိုင်ဒေါ Season 2 မှာပါဝင်ယှဉ်ပြိုင်တဲ့ Top 6 Finalists တွေရဲ့  ဟေမာန်ဆောင်းသီချင်းများ သီဆိုယှဉ်ပြိုင်မှုအပြီးမှာ အခုဖြေကြားခဲ့တာပါ။

“သီချင်းတွေကိုတော်တော်များများနားထောင်ဖြစ်တယ်။ ဒါပေမယ့်ငယ်ငယ်တုန်းက အခက်အခဲတွေတော့ ရှိခဲ့တယ်။ အခက်အခဲဆိုတာက အမှန်အတိုင်းပြောရရင် အောက်စက်တွေ ဘာတွေဆိုတာကို ကျွန်တော် ဆယ်နှစ် ဆယ့်နှစ်နှစ်သားအရွယ်လောက်မှ ဝယ်နိုင်တာဆိုတော့ ကိုယ်ကိုယ်တိုင်လည်းအခွေဝယ်ဖို့အတွက် မတက်နိုင်ခဲ့ဘူး ။အဲ့တော့ သီချင်းနားထောင်ဖို့အတွက် အရမ်းအခက်အခဲဖြစ်ခဲ့တယ် ။ဒါပေမယ့် တစ်ကယ်တမ်း စ နားထောင်ဖြစ်တဲ့ အရာတွေကလည်း Rock တွေများတယ်ပေါ့နော် ။Rock ကိုအရမ်းကြိုက်တယ်။ ပြီးတော့ ကိုယ်ဆိုနိင်ခြင်းမဆိုနိုင်ခြင်းဆိုတာထက် အရမ်းကြိုက်တော့ အရမ်းဆိုချင်တယ် ဒီအပေါ်မှာစီးမျှောရတာ ပိုပြီးတော့ လွတ်လွတ်လပ်လပ်ရှိတယ်လို့ခံစားရတယ်။အဲ့ဒါကြောင့် အရမ်းကြိုက်ပါတယ်။ဒါပေမယ့် တစ်ခြားသောသီချင်းတွေမှာတော့ အခက်အခဲရှိတာပေါ့ ။နားထောင်ခဲ့မှုအရမ်းအားနည်းတော့ အရမ်းခက်ခဲတယ်။ ပြိုင်ပွဲထဲရောက်တော့ ပိုဆိုးတယ် သီချင်းတော်တော်များများက ကျွန်တော်မကြားဖူးတာတွေပဲဖြစ်နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Rock နဲ့ပက်သက်ပြီးတော့ လွတ်လပ်တော့ ကျွန်တော်အရမ်းကြိုက်တယ်”လို့ မူးလာကပြောပါတယ်။

မူးလာ က ဟာသဉာဏ်ရွှင်သလို ပြိုင်ပွဲဝင်များကိုလည်း စနောက်တတ်တဲ့ ရုပ်သံလေးတွေကတော့ မိန်းကလေးပရိသတ်တွေများလာသူလို့လည်းပြောလို့ ရပါတယ်။မိန်းကလေးပရိသတ်တွေများလာတာနဲ့ပတ်သက်ပြီးတော့လည်းမူးလာ က အခုလိုမိန်းကလေးတွေ အားပေးတော့လည်း ကောင်းတာပေါ့ အားပေးနေတဲ့သူတွေအားလုံးအပေါ်ကိုကျေးဇူးအများကြီးတင်ပါတယ် လို့လည်းဆက်လက်ပြောပြခဲ့ပါတယ်။

ယခုလာမယ့် ပြိုင်ပွဲမှာ ထင်ရှားကျော်ကြားတေးသီချင်းများနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပြီး မူးလာကတော့ တစ်ပတ်ပြီးတစ်ပတ်ပရိသတ်များလာတဲ့အတွက် သူ့အတွက် အားတွေဖြစ်စေတယ်လို့ ပြောပါတယ်။

-ကျော့မှုးနွယ်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။