Skip to main content
ttyty
Ads Block

တရုတ္ႏိုင္ငံမွ အ၀ယ္ပိတ္ျခင္းေၾကာင့္ နာနတ္စိုက္ေတာင္သူမ်ား က်ပ္သိန္းေပါင္း ၇၀၀၀၀ ဆံုးရႈံး

တရုတ္ႏိုင္ငံမွ နာနတ္သီးဝယ္ယူရန္ ပိတ္ပင္တားျမစ္ခဲ့မႈေၾကာင့္ နာနတ္စိုက္ေတာင္သူမ်ားအေနျဖင့္  ျမန္မာက်ပ္ေငြ သိန္းေပါင္း ၇၀၀၀၀ ဆံုးရံႈးခဲ့ရေၾကာင္း ျမန္မာႏိုင္ငံ သစ္သီးဝလံ၊ ပန္းမန္ႏွင့္ဟင္းသီးဟင္းရြက္ စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္း အတြင္းေရးမွဴး ေဒၚစႏၵာမ်ိဳး၏ တင္ျပခ်က္မွ သိရသည္။

နာနတ္သီးကို တရုတ္ႏိုင္ငံသို႔ နယ္စပ္(မူဆယ္ဂိတ္)မွ တင္ပို႔ေရာင္းခ်ခဲ့ရာ ယခုႏွစ္ နာနတ္သီးထြက္ရွိခ်ိန္တြင္ တရုတ္ႏိုင္ငံမွ ဝယ္ယူရန္ပိတ္ထားခဲ့မႈေၾကာင့္ ျမန္မာႏိုင္ငံမွ နာနတ္စိုက္ေတာင္သူမ်ား တန္ခ်ိန္ေပါင္း (၂၄၈၀၀) ၊ တန္ဖိုးေငြက်ပ္ သိန္းေပါင္း ၇၀၀၀၀ ဆံုးရံႈးနစ္နာမႈရွိခဲ့ေၾကာင္း သိရသည္။ ယင္းေၾကာင့္ နာနတ္စိုက္ေတာင္သူမ်ား ဆံုးရံႈးနစ္နာမႈမရွိေစရန္အတြက္ တရားဝင္တင္ပို႔ႏိုင္ေရး ႏွစ္ႏိုင္ငံ ေဆြးေႏြးညွိႏိႈင္းေပးရန္ ႏိုင္ငံေတာ္ဒုတိယသမၼတ(၁) ဦးျမင့္ေဆြထံ တင္ျပေတာင္းဆိုထားေၾကာင္း သိရသည္။

edrhrt

“ ဆန္ကေတာ့ ပို႔လို႔ရေနေသးတယ္။ မဆိုးေသးဘူးလို႔ ေျပာလို႔ရမယ္။ က်န္တာက လံုးဝ မရေတာ့ဘူး။ ကုန္သည္ေတြလည္း ျပန္ကုန္ၾကၿပီ။ စိတ္ညစ္ၿပီးေတာ့။ ဒီကိစၥကို အျမန္ဆံုးေျဖရွင္းေပးဖို႔လိုပါတယ္။ ဝန္ႀကီးအဆင့္နဲ႔ ေျဖရွင္းလို႔မရဘူး။ ႏိုင္ငံေတာ္အႀကီးအကဲေတြက သြားေရာက္ညွိႏိႈင္းမွသာ အဆင္ေျပလိမ့္မယ္။ ကုန္သည္ေတြလည္း အမ်ားႀကီးနစ္နာတယ္။ နယ္စပ္ကုန္သြယ္ေရးကေတာ့ က်ဆင္းေနတယ္”ဟု မူဆယ္ကုန္စည္ဒိုင္မွ အတြင္းေရးမွဴး ဦးမင္းသိမ္းက ေျပာသည္။

tyj

တရုတ္ႏိုင္ငံသို႔ ျမန္မာႏိုင္ငံမွ သစ္သီးဝလံမ်ား တင္ပို႔ႏိုင္ေရးအတြက္ ဦးစားေပးအမည္တြင္ ေထာပတ္သီး၊ နာနတ္သီးတို႔ကို တရားဝင္တင္ပို႔ႏိုင္ရန္ တင္ျပထားခဲ့ေသာ္လည္း တရုတ္ႏိုင္ငံဘက္မွ ငွက္ေပ်ာသီး၊ စပါး၊ ပီေလာပီနံ၊ ပင္မွည့္သီးမ်ားကိုသာ တရားဝင္တင္ပို႔ေရး ညွိႏိႈင္းေဆြးေႏြးေပးရန္ ျပန္လည္အေၾကာင္းၾကားလာခဲ့ေၾကာင္း သိရသည္။

စုသက္ႏွင္း (အကုန္သိသတင္းဌာန)

 

Unicode Version

 

တရုတ်နိုင်ငံမှ အဝယ်ပိတ်ခြင်းကြောင့် နာနတ်စိုက်တောင်သူများ ကျပ်သိန်းပေါင်း ၇၀၀၀၀ ဆုံးရှုံး

တရုတ်နိုင်ငံမှ နာနတ်သီးဝယ်ယူရန် ပိတ်ပင်တားမြစ်ခဲ့မှုကြောင့် နာနတ်စိုက်တောင်သူများအနေဖြင့်  မြန်မာကျပ်ငွေ သိန်းပေါင်း ၇၀၀၀၀ ဆုံးရှုံးခဲ့ရကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါ်စန္ဒာမျိုး၏ တင်ပြချက်မှ သိရသည်။

နာနတ်သီးကို တရုတ်နိုင်ငံသို့ နယ်စပ်(မူဆယ်ဂိတ်)မှ တင်ပို့ရောင်းချခဲ့ရာ ယခုနှစ် နာနတ်သီးထွက်ရှိချိန်တွင် တရုတ်နိုင်ငံမှ ဝယ်ယူရန်ပိတ်ထားခဲ့မှုကြောင့် မြန်မာနိုင်ငံမှ နာနတ်စိုက်တောင်သူများ တန်ချိန်ပေါင်း (၂၄၈၀၀) ၊ တန်ဖိုးငွေကျပ် သိန်းပေါင်း ၇၀၀၀၀ ဆုံးရှုံးနစ်နာမှုရှိခဲ့ကြောင်း သိရသည်။ ယင်းကြောင့် နာနတ်စိုက်တောင်သူများ ဆုံးရှုံးနစ်နာမှုမရှိစေရန်အတွက် တရားဝင်တင်ပို့နိုင်ရေး နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းပေးရန် နိုင်ငံတော်ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေထံ တင်ပြတောင်းဆိုထားကြောင်း သိရသည်။

“ ဆန်ကတော့ ပို့လို့ရနေသေးတယ်။ မဆိုးသေးဘူးလို့ ပြောလို့ရမယ်။ ကျန်တာက လုံးဝ မရတော့ဘူး။ ကုန်သည်တွေလည်း ပြန်ကုန်ကြပြီ။ စိတ်ညစ်ပြီးတော့။ ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းပေးဖို့လိုပါတယ်။ ဝန်ကြီးအဆင့်နဲ့ ဖြေရှင်းလို့မရဘူး။ နိုင်ငံတော်အကြီးအကဲတွေက သွားရောက်ညှိနှိုင်းမှသာ အဆင်ပြေလိမ့်မယ်။ ကုန်သည်တွေလည်း အများကြီးနစ်နာတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ ကျဆင်းနေတယ်”ဟု မူဆယ်ကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးမင်းသိမ်းက ပြောသည်။

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ သစ်သီးဝလံများ တင်ပို့နိုင်ရေးအတွက် ဦးစားပေးအမည်တွင် ထောပတ်သီး၊ နာနတ်သီးတို့ကို တရားဝင်တင်ပို့နိုင်ရန် တင်ပြထားခဲ့သော်လည်း တရုတ်နိုင်ငံဘက်မှ ငှက်ပျောသီး၊ စပါး၊ ပီလောပီနံ၊ ပင်မှည့်သီးများကိုသာ တရားဝင်တင်ပို့ရေး ညှိနှိုင်းဆွေးနွေးပေးရန် ပြန်လည်အကြောင်းကြားလာခဲ့ကြောင်း သိရသည်။


စုသက်နှင်း (အကုန်သိသတင်းဌာန)

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။