Skip to main content
နည္းပညာအေျပာင္းအလဲ မေရာက္မီ သန္းနွင့္ခ်ီ ရင္းနွီးျမွဳပ္နွံေနရေၾကာင္း ဧရာ၀တီဘဏ္ မန္ေနဂ်င္းဒါရုိက္တာ ညည္းညဴ
Ads Block

နည္းပညာအေျပာင္းအလဲ မေရာက္မီ သန္းနွင့္ခ်ီ ရင္းနွီးျမွဳပ္နွံေနရေၾကာင္း ဧရာ၀တီဘဏ္ မန္ေနဂ်င္းဒါရုိက္တာ ညည္းညဴ

 

ျပည္တြင္းဘဏ္ႀကီးမ်ား ဒီဂ်စ္တယ္ နည္းပညာအေျပာင္းအလဲ ေခတ္မေရာက္မီ သန္းႏွင့္ခ်ီ ရင္းနွီးျမွဳပ္ႏွံေနရေၾကာင္း ဧရာ၀တီ ဘဏ္၏ မန္ေနဂ်င္း ဒါရုိက္တာ ဦးျမင့္ေဇာ္က ေျပာသည္။
ရန္ကုန္ၿမဳိ႕ရိွ Pull Man Yangon Centrepoint တြင္ ဒီဇင္ဘာ ၈ ရက္က က်င္းပေသာ “Yangon Digital Job Expo Together With Tech Conference Fin Tech Section” တြင္ ဧရာ၀တီဘဏ္၏ မန္ေနဂ်င္းဒါရုိက္တာ ဦးျမင့္ေဇာ္က ေျပာၾကားခဲ့ျခင္း ျဖစ္ သည္။
“ ဘဏ္ႀကီးေတြရဲ႕အေျခအေနအရ တက္ကေနာ္ေလာ္ဂ်ီကဘာနဲ႔တူလဲဆုိေတာ့ ရထားႀကီးနဲ႔တူတယ္။ ဒီရထားႀကီးက အရွိန္ ျပင္း ျပင္းနဲ႔ သြားတဲ့ရထားႀကီး ဘူတာမွာ လူမရွိရင္ မရပ္ေပးဘူးဆုိတဲ့ ရထားႀကီးနဲ႔တူတယ္။ ကြ်န္ေတာ္တုိ႔ ဘဏ္ေတြမွာ ဒီဘူတာ ေရွ႕ ပလက္ေဖာင္း ေဘးနားရပ္မွသာလွ်င္ ဒီရထားႀကီးက ကုိယ့္ကုိေခၚသြားမွာ။ ရထားမလာ ေသးဘူးဆုိၿပီး လမ္းေဘးလက္ဖက္ ရည္ဆုိင္မွာ လက္ဖက္ရည္သြားေသာက္ေနလုိ႔ မရတဲ့အေျခအေနမွာရွိပါတယ္။ ဘဏ္ႀကီးေတြက ဘာလုပ္ရလဲဆုိေတာ့ ဒီဂ်စ္ တယ္နဲ႔ ပတ္သက္တဲ့ ရင္းနွီးျမွဳပ္နွံမႈေတြ စလုပ္ရတယ္။ နည္းပညာနဲ႔ စလုပ္ရတယ္။ ရင္းနွီးျမွဳပ္ၿပီဆုိတည္းက သိန္းနဲ႔ သန္းနဲ႔ခ်ီ စလုပ္ရပါတယ္။ ကာလတစ္ခုအတြင္းမွာေတာ့ ကြ်န္ေတာ္တုိ႔က ရင္းနွီးျမဳပ္နွံမႈ တစ္ခုအေနနဲ႔ လုပ္ထားတာ ဆုိေတာ့ ရင္းနွီးျမဳပ္ နွံမႈ လုပ္ရတာလည္း အဲဒီရထားႀကီး မျဖတ္ခင္ ပလက္ေဖာင္းနား ေပးရပ္ခ်င္လုိ႔ပါ။ ဒါမွသာ လူျမင္မွသာ ဒီဒစ္ဂ်စ္တယ္ အေျပာင္း အလဲရထားေပၚမွာ ကြ်န္ေတာ္တုိ႔ကုိ ေခၚတင္သြားမွာ”ဟု ၄င္းက ေျပာသည္။
လက္ရွိတြင္ ျပည္တြင္းဘဏ္ ၂၄ ဘဏ္၊ ႏိုင္ငံျခားဘဏ္ ၁၃ ဘဏ္ရွိၿပီး ဗဟုိဘဏ္၏ ညႊန္ၾကားခ်က္မ်ား၊ အမိန္႔ေၾကာ္ျငာခ်က္ မ်ားကုိ အခါအားေလ်ာ္စြာ ပုဂၢလိကဘဏ္မ်ားက လုိက္နာေဆာင္ရြက္ရေၾကာင္း သိရသည္။
လက္ရွိတြင္ ဘဏ္မ်ားအေနျဖင့္ ေငြသားကုိင္ေဆာင္ျခင္းမွ ကတ္စနစ္ကုိ အေကာင္အထည္ေဖာ္ေဆာင္လ်က္ရွိၿပီး နည္းပညာ မ်ားအလုိက္ တီထြင္ဆန္းသစ္မႈမ်ားကုိ ၀န္ေဆာင္မႈေပးလ်က္ရွိေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Uncode Version

 

----- မင်းသီဟန်(အကုန်သိသတင်းဌာန) -

ပြည်တွင်းဘဏ်ကြီးများ ဒီဂျစ်တယ် နည်းပညာအပြောင်းအလဲ ခေတ်မရောက်မီ သန်းနှင့်ချီ ရင်းနှီးမြှုပ်နှံနေရကြောင်း ဧရာဝတီ ဘဏ်၏ မန်နေဂျင်း ဒါရိုက်တာ ဦးမြင့်ဇော်က ပြောသည်။
ရန်ကုန်မြို့ရှိ Pull Man Yangon Centrepoint တွင် ဒီဇင်ဘာ ၈ ရက်က ကျင်းပသော “Yangon Digital Job Expo Together With Tech Conference Fin Tech Section” တွင် ဧရာဝတီဘဏ်၏ မန်နေဂျင်းဒါရိုက်တာ ဦးမြင့်ဇော်က ပြောကြားခဲ့ခြင်း ဖြစ် သည်။
“ ဘဏ်ကြီးတွေရဲ့အခြေအနေအရ တက်ကနော်လော်ဂျီကဘာနဲ့တူလဲဆိုတော့ ရထားကြီးနဲ့တူတယ်။ ဒီရထားကြီးက အရှိန် ပြင်း ပြင်းနဲ့ သွားတဲ့ရထားကြီး ဘူတာမှာ လူမရှိရင် မရပ်ပေးဘူးဆိုတဲ့ ရထားကြီးနဲ့တူတယ်။ ကျွန်တော်တို့ ဘဏ်တွေမှာ ဒီဘူတာ ရှေ့ ပလက်ဖောင်း ဘေးနားရပ်မှသာလျှင် ဒီရထားကြီးက ကိုယ့်ကိုခေါ်သွားမှာ။ ရထားမလာ သေးဘူးဆိုပြီး လမ်းဘေးလက်ဖက် ရည်ဆိုင်မှာ လက်ဖက်ရည်သွားသောက်နေလို့ မရတဲ့အခြေအနေမှာရှိပါတယ်။ ဘဏ်ကြီးတွေက ဘာလုပ်ရလဲဆိုတော့ ဒီဂျစ် တယ်နဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ စလုပ်ရတယ်။ နည်းပညာနဲ့ စလုပ်ရတယ်။ ရင်းနှီးမြှုပ်ပြီဆိုတည်းက သိန်းနဲ့ သန်းနဲ့ချီ စလုပ်ရပါတယ်။ ကာလတစ်ခုအတွင်းမှာတော့ ကျွန်တော်တို့က ရင်းနှီးမြုပ်နှံမှု တစ်ခုအနေနဲ့ လုပ်ထားတာ ဆိုတော့ ရင်းနှီးမြုပ် နှံမှု လုပ်ရတာလည်း အဲဒီရထားကြီး မဖြတ်ခင် ပလက်ဖောင်းနား ပေးရပ်ချင်လို့ပါ။ ဒါမှသာ လူမြင်မှသာ ဒီဒစ်ဂျစ်တယ် အပြောင်း အလဲရထားပေါ်မှာ ကျွန်တော်တို့ကို ခေါ်တင်သွားမှာ”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ပြည်တွင်းဘဏ် ၂၄ ဘဏ်၊ နိုင်ငံခြားဘဏ် ၁၃ ဘဏ်ရှိပြီး ဗဟိုဘဏ်၏ ညွှန်ကြားချက်များ၊ အမိန့်ကြော်ငြာချက် များကို အခါအားလျော်စွာ ပုဂ္ဂလိကဘဏ်များက လိုက်နာဆောင်ရွက်ရကြောင်း သိရသည်။
လက်ရှိတွင် ဘဏ်များအနေဖြင့် ငွေသားကိုင်ဆောင်ခြင်းမှ ကတ်စနစ်ကို အကောင်အထည်ဖော်ဆောင်လျက်ရှိပြီး နည်းပညာ များအလိုက် တီထွင်ဆန်းသစ်မှုများကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။