Skip to main content
အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို လိုခ်င္ေသာ္လည္း ေျပာင္းျပန္ အက်ိဳးသက္ေရာက္ေနဟု သူရဦးေရႊမန္းေျပာ
Ads Block

အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို လိုခ်င္ေသာ္လည္း ေျပာင္းျပန္ အက်ိဳးသက္ေရာက္ေနဟု သူရဦးေရႊမန္းေျပာ

 

အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ရင္ၾကားေစ့ေရးကို လုိလားေသာ္လည္း  ယေန႔အခ်ိန္တြင္ ေျပာင္းျပန္အက်ိဳးသက္ေရာက္ ေနေၾကာင္း ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ ဥကၠ႒ သူရဦးေရႊမန္းက ေျပာၾကားလိုက္သည္။
ဒီဇင္ဘာ ၇ ရက္က ေနျပည္ေတာ္၌ က်င္းပေသာ သတင္းစာရွင္းလင္းပြဲတြင္ သူရဦးေရႊမန္းက ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“ဒီေန႔ လႊတ္ေတာ္ထဲမွာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြ၊ ႏုိင္ငံအေျခအေနရဲ႕ အခင္းအက်င္းေတြကေတာ့ ျမန္မာႏုိင္ငံသားမ်ား အေနနဲ႔ေရာ ျမန္မာႏုိင္ငံ အစုိးရအေနနဲ႔ေရာ သတိႀကီးစြာနဲ႔ ေဆာင္ရြက္ရမယ့္ အေနအထားျဖစ္တယ္လုိ႔ပဲ ေျပာခ်င္ပါတယ္။ လုိ ခ်င္တာေသြး စည္းညီညြတ္ေရး၊ လုိခ်င္ေနတာက ရင္ၾကားေစ့ေရး၊ လုိခ်င္တာက အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရး ဆုိေပမယ့္ ဒီကေန႔ ျဖစ္ေပၚေနတဲ့ အေျခအေနဟာ ဒီလုိအေျခအေနမ်ိဳး မေရာက္ဘဲနဲ႔ အခ်ိဳ႕ကိစၥေတြမွာ ေျပာင္းျပန္အက်ိဳးသက္ေရာက္ေန တယ္လုိ႔ေတာင္ ယူဆရမလုိျဖစ္ေနတယ္” ဟု သူရဦးေရႊမန္းက ေျပာသည္။
ျပည္ေထာင္စု လႊတ္ေတာ္တြင္ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံ ဥပေဒအား ဒုတိယအႀကိမ္ ျပင္ဆင္သည့္ ဥပေဒၾကမ္း (၄) ခု ေရာက္ရွိေန ၿပီး အမ်ိဳးသား ဒီမုိကေရစီအဖြဲ႔ခ်ဳပ္ လႊတ္ေတာ္ကုိယ္စားလွယ္၊ ျပည္ခုိင္ၿဖိဳးပါတီ လႊတ္ေတာ္ကုိယ္စားလွယ္ႏွင့္ တပ္မေတာ္သား လႊတ္ေတာ္ကုိယ္စားလွယ္တုိ႔မွာ အဆုိပါ ဥပေဒၾကမ္းနွင့္ စပ္လ်ဥ္း၍ သေဘာထားကြဲလြဲမႈမ်ားရွိေနေၾကာင္း သိရသည္။
ျပည္တြင္းၿငိမ္းခ်မ္းေရးကို ၾကည့္ပါကလည္း လက္ရိွတြင္ ေျမာက္ပုိင္းတုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔မ်ားနွင့္ တပ္မေတာ္တုိ႔မွာ ထိေတြ႔မႈမ်ားရွိေနၿပီး ရခိုင္ျပည္အတြင္း၌လည္း တုိက္ပြဲမ်ား ျဖစ္ပြားေနသည့္အတြက္ တိုက္ပြဲေရွာင္ ျပည္သူမ်ားလည္း ေန႔စဥ္တုိး ျမွင့္လ်က္ရွိသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရင်ကြားစေ့ရေးကို လိုလားသော်လည်း  ယနေ့အချိန်တွင် ပြောင်းပြန်အကျိုးသက်ရောက် နေကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။
ဒီဇင်ဘာ ၇ ရက်က နေပြည်တော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် သူရဦးရွှေမန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့ လွှတ်တော်ထဲမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ နိုင်ငံအခြေအနေရဲ့ အခင်းအကျင်းတွေကတော့ မြန်မာနိုင်ငံသားများ အနေနဲ့ရော မြန်မာနိုင်ငံ အစိုးရအနေနဲ့ရော သတိကြီးစွာနဲ့ ဆောင်ရွက်ရမယ့် အနေအထားဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ လို ချင်တာသွေး စည်းညီညွတ်ရေး၊ လိုချင်နေတာက ရင်ကြားစေ့ရေး၊ လိုချင်တာက အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုပေမယ့် ဒီကနေ့ ဖြစ်ပေါ်နေတဲ့ အခြေအနေဟာ ဒီလိုအခြေအနေမျိုး မရောက်ဘဲနဲ့ အချို့ကိစ္စတွေမှာ ပြောင်းပြန်အကျိုးသက်ရောက်နေ တယ်လို့တောင် ယူဆရမလိုဖြစ်နေတယ်” ဟု သူရဦးရွှေမန်းက ပြောသည်။
ပြည်ထောင်စု လွှတ်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း (၄) ခု ရောက်ရှိနေ ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တို့မှာ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ သဘောထားကွဲလွဲမှုများရှိနေကြောင်း သိရသည်။
ပြည်တွင်းငြိမ်းချမ်းရေးကို ကြည့်ပါကလည်း လက်ရှိတွင် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့မှာ ထိတွေ့မှုများရှိနေပြီး ရခိုင်ပြည်အတွင်း၌လည်း တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် တိုက်ပွဲရှောင် ပြည်သူများလည်း နေ့စဉ်တိုး မြှင့်လျက်ရှိသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။