Skip to main content
စြပ္စြဲခံ မုဒိမ္းသမား ေလးဦးကုိ ရဲတပ္ဖြဲ႕က ပစ္သတ္ခဲ့မႈအား စုံစမ္းစစ္ေဆး 
Ads Block

စြပ္စြဲခံ မုဒိမ္းသမား ေလးဦးကုိ ရဲတပ္ဖြဲ႕က ပစ္သတ္ခဲ့မႈအား စုံစမ္းစစ္ေဆး 

 

အိႏၵိယႏုိင္ငံမွာ ရဲတပ္ဖြဲ႕က ပစ္သတ္လုိက္ရတယ္ဆုိတဲ့ စြပ္စြဲခံ မုဒိမ္းသမား ေလးဦး ကိစၥနဲ႕ပတ္သက္လုိ ့ အိႏၵိယရဲ႕ ထိပ္ဆုံး လူ႕အခြင့္အေရးအဖြဲ႕က စုံစမ္းစစ္ေဆးမႈ စလုပ္ေနၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ႏုိ၀င္ဘာလက တိေမြးကု ဆရာ၀န္အမ်ဳိးသမီးကုိ ယင္းအမ်ဳိးသားေလးဦးက မုဒိမ္းက်င့္ သတ္ျဖတ္ကာ အေလာင္းကုိ မီးရႈိ႕ပစ္ခဲ့ၾကတာပါ။ ယင္း ျဖစ္စဥ္ေပၚ လူထုရဲ႕ ေဒါသ ေျပေပ်ာက္ေစဖုိ ့ သံသယတရားခံ ေလးဦးကုိ ရဲေတြက ပစ္သတ္လုိက္တာျဖစ္တယ္ဆုိတဲ့ စြပ္စြဲခ်က္ေတြေၾကာင့္ အခုလုိ စုံစမ္းစစ္ေဆးလာရတာျဖစ္ပါတယ္။ 
ရဲစခန္းမွာ ဖမ္းဆီးထားခဲ့တဲ့ ယင္း သံသယတရားခံ ေလးဦးကုိ ေသာၾကာေန ့ မနက္ပုိင္းက အခင္းျဖစ္ခဲ့တဲ့ေနရာကုိ ေခၚေဆာင္သြားၿပီး အမႈျဖစ္စဥ္ကုိ ျပန္လည္ျပသေစခဲ့ေၾကာင္း၊ ယင္း အခ်ိန္မွာ ၄င္းတုိ ့ေတြက ရဲေတြဆီက ေသနတ္ေတြလုယူဖုိ ့ ႀကိဳးစားခဲ့တာေၾကာင့္ ပစ္ခတ္ခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕က ေျပာဆုိထားပါတယ္။ ယင္း မုဒိမ္းသမားေတြ အသတ္ခံလုိက္ရၿပီဆုိတဲ့ သတင္းေၾကာင့္ လူရာေပါင္းမ်ားစြာ အခင္းျဖစ္ေနရာကုိ လာေရာက္ခဲ့ၾကၿပီး ရဲတပ္ဖြဲ႕၀င္ေတြကုိ ပန္းႀကဲဂုဏ္ျပဳခဲ့ၾကသလုိ ႏုိင္ငံေရးသမားေတြ၊ ဆယ္လီေတြနဲ႕ နာမည္ေက်ာ္အာကစားသမားေတြကပါ ရဲတပ္ဖြဲ႕ရဲ႕လုပ္ရပ္အတြက္ ဂုဏ္ျပဳေၾကာင္း လူမႈကြန္ရက္မွာ တင္ခဲ့ၾကပါတယ္။ 
ဒါေပမဲ့လည္း တရားရုံးခ်ဳပ္ ေရွ႕ေနတစ္ဦးကေတာ့ ဒါဟာ ေသြးေအး လူသတ္မႈတစ္ခုျဖစ္တယ္လုိ ့ မွတ္ခ်က္ျပဳခဲ့သလုိ ႏုိင္ငံတကာ လြတ္ၿငိမ္းအဖြဲ႕ AI ကလည္း တရားလက္လြတ္သတ္ျဖတ္မႈျဖစ္တယ္လုိ ့ စြပ္စြဲကာ ျဖစ္စဥ္ကုိ စုံစမ္းစစ္ေဆးဖုိ ့ ေျပာဆုိခဲ့ပါတယ္။ ယခုျဖစ္စဥ္မွာ ႀကီးၾကပ္ခဲ့တဲ့ ရဲအရာရွိတစ္ဦးဟာ ယခင္က အလားတူ ျဖစ္စဥ္ႏွစ္ခုမွာ ပါ၀င္ခဲ့ဖူးသူျဖစ္ၿပီး တစ္ခုက ၂၀၀၈ ခုႏွစ္မွာ ျဖစ္ပြားခဲ့တဲ့ အက္ဆစ္ပက္တုိက္ခုိက္မႈမွာ သံသယရွိသူ သုံးဦးကုိ ေတာတြင္းတစ္ေနရာမွ ပစ္သတ္ခဲ့မႈျဖစ္ေၾကာင္း Indian Express Daily က စေနေန ့မွာ ေရးသားခဲ့ပါတယ္။ 
ယခု ပစ္သတ္ခံခဲ့ရတဲ့ မုဒိမ္းသမား ေလးဦးရဲ႕ အေလာင္းေတြကုိ တနလၤာေန ့ ညေနပုိင္းအထိ ဘာမွမလုပ္ေသးဘဲထားကာ အေလာင္းခြဲစိတ္စစ္ေဆးမႈကုိ ဗီဒီယုိမွတ္တမ္းတင္ထားဖုိ ့ တီလန္ဂါနာျပည္နယ္ တရားရုံးခ်ဳပ္က ေသာၾကာေန ့မွာ အမိန္႕ထုတ္ထားပါတယ္။ 
အမ်ဳိးသား လူ႕အခြင့္အေရး ေကာ္မရွင္မွ အဖြဲ႕တစ္ဖြဲ႕ဟာ စေနေန ့အေႏွာင္းပုိင္းက အခင္းျဖစ္ေနရာကုိ သြားေရာက္စစ္ေဆးခဲ့ပါတယ္။ ယခုျဖစ္ရပ္ေၾကာင့္ လူ႕အသုိင္းကုိ တလြဲအသိအျမင္မ်ဳိးေပးမိသလုိ ျဖစ္ေစမွာကုိ စုိးရိမ္ပူပန္ေၾကာင္း ေကာ္မရွင္က ေျပာဆုိပါတယ္။ ဖမ္းခံထားရသူေတြမွာ အျပစ္ရွိရင္ တရားရုံးက ဥပေဒေတြနဲ႕အညီ စီရင္ဆုံးျဖတ္ခ်က္အရ သူတုိ ့ေတြ ျပစ္ဒဏ္ခံရမွာ ျဖစ္ပါေၾကာင္း ေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။

- ကုိလင္း( အကုန္သိ သတင္းဌာန ) Ref : CNA

Unicode Version

 

အိန္ဒိယနိုင်ငံမှာ ရဲတပ်ဖွဲ့က ပစ်သတ်လိုက်ရတယ်ဆိုတဲ့ စွပ်စွဲခံ မုဒိမ်းသမား လေးဦး ကိစ္စနဲ့ပတ်သက်လို့ အိန္ဒိယရဲ့ ထိပ်ဆုံး လူ့အခွင့်အရေးအဖွဲ့က စုံစမ်းစစ်ဆေးမှု စလုပ်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက တိမွေးကု ဆရာဝန်အမျိုးသမီးကို ယင်းအမျိုးသားလေးဦးက မုဒိမ်းကျင့် သတ်ဖြတ်ကာ အလောင်းကို မီးရှို့ပစ်ခဲ့ကြတာပါ။ ယင်း ဖြစ်စဉ်ပေါ် လူထုရဲ့ ဒေါသ ပြေပျောက်စေဖို့ သံသယတရားခံ လေးဦးကို ရဲတွေက ပစ်သတ်လိုက်တာဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် အခုလို စုံစမ်းစစ်ဆေးလာရတာဖြစ်ပါတယ်။ 
ရဲစခန်းမှာ ဖမ်းဆီးထားခဲ့တဲ့ ယင်း သံသယတရားခံ လေးဦးကို သောကြာနေ့ မနက်ပိုင်းက အခင်းဖြစ်ခဲ့တဲ့နေရာကို ခေါ်ဆောင်သွားပြီး အမှုဖြစ်စဉ်ကို ပြန်လည်ပြသစေခဲ့ကြောင်း၊ ယင်း အချိန်မှာ ၎င်းတို့တွေက ရဲတွေဆီက သေနတ်တွေလုယူဖို့ ကြိုးစားခဲ့တာကြောင့် ပစ်ခတ်ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။ ယင်း မုဒိမ်းသမားတွေ အသတ်ခံလိုက်ရပြီဆိုတဲ့ သတင်းကြောင့် လူရာပေါင်းများစွာ အခင်းဖြစ်နေရာကို လာရောက်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်တွေကို ပန်းကြဲဂုဏ်ပြုခဲ့ကြသလို နိုင်ငံရေးသမားတွေ၊ ဆယ်လီတွေနဲ့ နာမည်ကျော်အာကစားသမားတွေကပါ ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်အတွက် ဂုဏ်ပြုကြောင်း လူမှုကွန်ရက်မှာ တင်ခဲ့ကြပါတယ်။ 
ဒါပေမဲ့လည်း တရားရုံးချုပ် ရှေ့နေတစ်ဦးကတော့ ဒါဟာ သွေးအေး လူသတ်မှုတစ်ခုဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့သလို နိုင်ငံတကာ လွတ်ငြိမ်းအဖွဲ့ AI ကလည်း တရားလက်လွတ်သတ်ဖြတ်မှုဖြစ်တယ်လို့ စွပ်စွဲကာ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ ပြောဆိုခဲ့ပါတယ်။ ယခုဖြစ်စဉ်မှာ ကြီးကြပ်ခဲ့တဲ့ ရဲအရာရှိတစ်ဦးဟာ ယခင်က အလားတူ ဖြစ်စဉ်နှစ်ခုမှာ ပါဝင်ခဲ့ဖူးသူဖြစ်ပြီး တစ်ခုက ၂၀၀၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အက်ဆစ်ပက်တိုက်ခိုက်မှုမှာ သံသယရှိသူ သုံးဦးကို တောတွင်းတစ်နေရာမှ ပစ်သတ်ခဲ့မှုဖြစ်ကြောင်း Indian Express Daily က စနေနေ့မှာ ရေးသားခဲ့ပါတယ်။ 
ယခု ပစ်သတ်ခံခဲ့ရတဲ့ မုဒိမ်းသမား လေးဦးရဲ့ အလောင်းတွေကို တနင်္လာနေ့ ညနေပိုင်းအထိ ဘာမှမလုပ်သေးဘဲထားကာ အလောင်းခွဲစိတ်စစ်ဆေးမှုကို ဗီဒီယိုမှတ်တမ်းတင်ထားဖို့ တီလန်ဂါနာပြည်နယ် တရားရုံးချုပ်က သောကြာနေ့မှာ အမိန့်ထုတ်ထားပါတယ်။ 
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့တစ်ဖွဲ့ဟာ စနေနေ့အနှောင်းပိုင်းက အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ ယခုဖြစ်ရပ်ကြောင့် လူ့အသိုင်းကို တလွဲအသိအမြင်မျိုးပေးမိသလို ဖြစ်စေမှာကို စိုးရိမ်ပူပန်ကြောင်း ကော်မရှင်က ပြောဆိုပါတယ်။ ဖမ်းခံထားရသူတွေမှာ အပြစ်ရှိရင် တရားရုံးက ဥပဒေတွေနဲ့အညီ စီရင်ဆုံးဖြတ်ချက်အရ သူတို့တွေ ပြစ်ဒဏ်ခံရမှာ ဖြစ်ပါကြောင်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

- ကိုလင်း( အကုန်သိ သတင်းဌာန )  | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။