Skip to main content
နယူးေဒလီမွာ လက္ကုိင္အိတ္ထုတ္လုပ္တဲ့ စက္ရုံတစ္ရုံ မီးေလာင္မႈျဖစ္ပြားခဲ့ကာ လူ ၄၃ ဦး ေသဆုံး 
Ads Block

နယူးေဒလီမွာ လက္ကုိင္အိတ္ထုတ္လုပ္တဲ့ စက္ရုံတစ္ရုံ မီးေလာင္မႈျဖစ္ပြားခဲ့ကာ လူ ၄၃ ဦး ေသဆုံး 

 

အိႏၵိယႏုိင္ငံ ၿမိဳ႕ေတာ္ နယူးေဒလီမွာ တနဂၤေႏြေန ့(ဒီဇင္ဘာ ၈) က ၆ ထပ္ စက္ရုံတစ္ရုံ မီးေလာင္မႈ ျဖစ္ပြားခဲ့တာေၾကာင့္ အနည္းဆုံး လူ ၄၃ ဦး ေသဆုံးခဲ့ေၾကာင္း အစုိးရတာ၀န္ရွိသူေတြက ေျပာဆုိပါတယ္။ ယင္း စက္ရုံမွာ အလုပ္သမားမ်ားစြာ အိပ္ေနခဲ့တာလုိ ့လည္း သိရပါတယ္။ 
 ယင္း စက္ရုံဟာ လက္ကုိင္အိတ္ေတြ ထုတ္လုပ္တဲ့ စက္ရုံျဖစ္ၿပီး စက္ရုံတြင္းမွာ ကုန္ၾကမ္းပစၥည္းမ်ားစြာ သုိေလွာင္ထားတာျဖစ္လုိ ့ မီးဟာ လ်င္ျမန္စြာ ကူးစက္ေလာင္ကၽြမ္းခဲ့တယ္လုိ ့ ေဒသတြင္း မီဒီယာေတြက ဆုိပါတယ္။ ဒါေပမဲ့ မီးေလာင္မႈျဖစ္ရတဲ့ အေၾကာင္းရင္းကုိေတာ့ လတ္တေလာမွာ မသိရေသးပါဘူး။ အခုထိေတာ့ လူ ၅၀ ေက်ာ္အထိ ကယ္ဆယ္ေပးထားရကာ အမ်ားစုက မီးခုိးမႊန္ေ၀ဒနာခံစားခဲ့ၾကရေၾကာင္း ေဒလီမီးသတ္ဌာန အရာရွိတစ္ဦးက သတင္းေထာက္ေတြကုိ ေျပာဆုိခဲ့ပါတယ္။ 
မီးေလာင္မႈကုိ မီးသတ္ကား အစီး ၃၀ နီးပါး လာေရာက္ၿငိမ္းသတ္ခဲ့ကာ ဒဏ္ရာရသူေတြကုိ အနီးက ေဆးရုံ ေလးခုသုိ ့ ပုိ ့ေဆာင္ ကုသေပးထားပါတယ္။ ယခု စက္ရုံဟာ လူေနအိမ္ အေဆာက္အအုံေတြ ျပြတ္သိပ္က်ပ္ေနတဲ့ ရပ္ကြက္တစ္ခုမွာ ဖြင့္လွစ္ထားတာပါတယ္။ 
အလ်င္စလုိ လုပ္ရမယ့္ကိစၥေတြကုိ ျဖစ္ႏုိင္သမွ် ျမန္ျမန္ ေထာက္ပံ့ကူညီေပးဖုိ ့ တာ၀န္ရွိသူေတြကုိ ညႊန္ၾကားထားေၾကာင္း အိႏၵိယ ျပည္ထဲေရး၀န္ႀကီး အမစ္ရွာရွ္က ေျပာဆုိပါတယ္။ မီးၿငိမ္းသြားခဲ့ၿပီျဖစ္ၿပီး အမ်ဳိးသား သဘာ၀ေဘး တုန္ ့ျပန္ေရးတပ္ဖြဲ႕ရဲ႕ အဖြဲ႕တစ္ခုက စက္ရုံထဲမွာ ပိတ္မိေနခဲ့သူေတြ ရွိလုိရွိျငား လုိက္လံရွာေဖြမႈေတြ လုပ္ေနတယ္လုိ ့ ရဲအရာရွိတစ္ဦးက ေျပာဆုိပါတယ္။ 
ေဒလီျပည္နယ္အစုိးရအဖြဲ႕က  မီးေလာင္မႈျဖစ္စဥ္ကုိ စုံစမ္းစစ္ေဆးမႈလုပ္သြားမွာျဖစ္ၿပီး မီးေလာင္မႈအတြက္ တာ၀န္ရွိတဲ့သူေတြကုိ အေရးယူေဆာင္ရြက္မွာျဖစ္ေၾကာင္း စားနပ္ရိကၡာနဲ႕ လူထုအေျချပဳ ေထာက္ပံ့ေရး၀န္ႀကီး အီမရန္ ဟူစိန္က သတင္းေထာက္ေတြကုိ ေျပာဆုိခဲ့ပါတယ္။

-ကုိလင္း(အကုန္သိ သတင္းဌာန) | Ref : Reuters 

Unicode Version

 

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာ တနင်္ဂနွေနေ့(ဒီဇင်ဘာ ၈) က ၆ ထပ် စက်ရုံတစ်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောဆိုပါတယ်။ ယင်း စက်ရုံမှာ အလုပ်သမားများစွာ အိပ်နေခဲ့တာလို့လည်း သိရပါတယ်။ 
 ယင်း စက်ရုံဟာ လက်ကိုင်အိတ်တွေ ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး စက်ရုံတွင်းမှာ ကုန်ကြမ်းပစ္စည်းများစွာ သိုလှောင်ထားတာဖြစ်လို့ မီးဟာ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဆိုပါတယ်။ ဒါပေမဲ့ မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ လတ်တလောမှာ မသိရသေးပါဘူး။ အခုထိတော့ လူ ၅၀ ကျော်အထိ ကယ်ဆယ်ပေးထားရကာ အများစုက မီးခိုးမွှန်ဝေဒနာခံစားခဲ့ကြရကြောင်း ဒေလီမီးသတ်ဌာန အရာရှိတစ်ဦးက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ 
မီးလောင်မှုကို မီးသတ်ကား အစီး ၃၀ နီးပါး လာရောက်ငြိမ်းသတ်ခဲ့ကာ ဒဏ်ရာရသူတွေကို အနီးက ဆေးရုံ လေးခုသို့ ပို့ဆောင် ကုသပေးထားပါတယ်။ ယခု စက်ရုံဟာ လူနေအိမ် အဆောက်အအုံတွေ ပြွတ်သိပ်ကျပ်နေတဲ့ ရပ်ကွက်တစ်ခုမှာ ဖွင့်လှစ်ထားတာပါတယ်။ 
အလျင်စလို လုပ်ရမယ့်ကိစ္စတွေကို ဖြစ်နိုင်သမျှ မြန်မြန် ထောက်ပံ့ကူညီပေးဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားထားကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီး အမစ်ရှာရှ်က ပြောဆိုပါတယ်။ မီးငြိမ်းသွားခဲ့ပြီဖြစ်ပြီး အမျိုးသား သဘာဝဘေး တုန့်ပြန်ရေးတပ်ဖွဲ့ရဲ့ အဖွဲ့တစ်ခုက စက်ရုံထဲမှာ ပိတ်မိနေခဲ့သူတွေ ရှိလိုရှိငြား လိုက်လံရှာဖွေမှုတွေ လုပ်နေတယ်လို့ ရဲအရာရှိတစ်ဦးက ပြောဆိုပါတယ်။ 
ဒေလီပြည်နယ်အစိုးရအဖွဲ့က  မီးလောင်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုလုပ်သွားမှာဖြစ်ပြီး မီးလောင်မှုအတွက် တာဝန်ရှိတဲ့သူတွေကို အရေးယူဆောင်ရွက်မှာဖြစ်ကြောင်း စားနပ်ရိက္ခာနဲ့ လူထုအခြေပြု ထောက်ပံ့ရေးဝန်ကြီး အီမရန် ဟူစိန်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

-ကိုလင်း(အကုန်သိ သတင်းဌာန) | Ref : Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။