Skip to main content
မကၠဆီကုိ သမၼတ အိမ္ေတာ္အနီး ပစ္ခတ္မႈျဖစ္ပြားကာ လူ ေလးဦး ေသဆုံး 
Ads Block

မကၠဆီကုိ သမၼတ အိမ္ေတာ္အနီး ပစ္ခတ္မႈျဖစ္ပြားကာ လူ ေလးဦး ေသဆုံး 

 

မကၠဆီကုိႏုိင္ငံမွာ စေနေန ့က ၿမိဳ႕ေတာ္ရဲ႕ သမုိင္း၀င္ ၿမိဳ႕လယ္ေနရာရွိ သမၼတ အိမ္ေတာ္ျဖစ္တဲ့ မကၠဆီကုိ အမ်ဳိးသားနန္းေတာ္အနီး ပစ္ခတ္မႈျဖစ္ပြားခဲ့တာေၾကာင့္ လူ ေလးဦး ေသဆုံးကာ ႏွစ္ဦး ဒဏ္ရာရခဲ့ေၾကာင္း တာ၀န္ရွိသူေတြက ေျပာဆုိပါတယ္။ 
စေနေန ့က သမၼတ အန္ဒရက္စ္ မန္ႏ်ဴရယ္လုိပက္ အုိဘရာဒုိဟာ မကၠဆီကုိစီးတီးျပင္ပကုိ သြားလာေနခဲ့တာျဖစ္ပါတယ္။  ကနဦးသတင္းေတြအရ လက္နက္ကုိင္ အမ်ဳိးသားတစ္ဦးဟာ နန္းေတာ္အနီး လမ္းငယ္တစ္ခုေပၚရွိ အေဆာက္အအုံထဲ ၀င္ေရာက္စီးနင္းခဲ့တာျဖစ္ေၾကာင္း မကၠဆီကုိစီးတီး ရဲတပ္ဖြဲ႕က ေျပာပါတယ္။ အေဆာက္အအုံထဲရွိ လူႏွစ္ဦးက သူ႕ထံ ခ်ဥ္းကပ္လာခ်ိန္မွာ အမ်ဳိးသားဟာ ပစၥတုိကုိ ဆြဲထုတ္ ပစ္ခဲ့တာျဖစ္ပါတယ္။ ရဲေတြ ေရာက္လာခ်ိန္မွာ အေဆာက္အအံု၀န္းအတြင္း ေသနတ္ဒဏ္ရာေတြနဲ႕ လဲက်ေနသူ ေလးဦးကုိ ေတြ႕ခဲ့ၿပီး ေသနတ္သမားကုိ ရင္ဆုိင္ပစ္ခတ္ခဲ့ၾကပါတယ္။ 
ေဆးအကူတပ္ဖြဲ႕က ေသနတ္သမားအေလာင္းနဲ႕ အျခား အေလာင္းႏွစ္ေလာင္းကုိ ေတြ႕ရွိခဲ့ေၾကာင္း ရဲက ေျပာပါတယ္။ ဒဏ္ရာရခဲ့သူ သုံးဦးအနက္ တစ္ဦးဟာ ေဆးရုံအပုိ ့ လမ္းမွာ ေသဆုံးသြားခဲ့ပါတယ္။ ရုပ္သံသတင္းေတြအရ အခင္းျဖစ္ေနရာကုိ ရဲတပ္ဖြဲ႕၀င္ ၁၀၀ ေက်ာ္ ခ်က္ခ်င္းဆုိသလုိ ေရာက္ရွိလာကာ လမ္းေပၚမွာ အတားအဆီးေတြ ခ်ခဲ့တာေတြ႕ရပါတယ္။ 
လြန္ခဲ့တဲ့ တစ္ႏွစ္ခန္ ့က စတင္တာ၀န္ထမ္းေဆာင္ခဲ့တဲ့ သမၼတ လုိပက္ အုိဘရာဒုိဟာ သူ႕အစုိးရအေနနဲ႕ စည္းကမ္းတင္းၾကပ္ၿပီး ဟိတ္ဟန္မႀကီးတဲ့ အစုိးရအဖြဲ႕ျဖစ္လာဖုိ ့ ကတိျပဳခဲ့ပါတယ္။ သူ႕ရဲ႕ လစာတစ္၀က္ကုိ ေလွ်ာ့ယူခဲ့တဲ့အျပင္ လွ်ဳိ႕၀ွက္ေထာက္လွမ္းေရးအဖြဲ႕အစည္း စတုိင္ ကုိယ္ရဲ႕ေတာ္ တပ္ဖြဲ႕ႀကီးအပါအ၀င္ အမ်ဳိးမ်ဳိးေသာ ပါ၀ါေထာင္ေခ်ာက္ေတြကုိ စြန္႔လႊတ္ခဲ့ပါတယ္။ 
ဒါ့အျပင္ လက္၀ဲေခါင္းေဆာင္ဟာ ခမ္းနားႀကီးက်ယ္လွတဲ့ Los Pinos သမၼတနန္းေတာ္ကုိ ယဥ္ေက်းမႈစင္တာတစ္ခုအျဖစ္ အသြင္ေျပာင္းေစခဲ့ကာ မကၠကုိစီးတီးရဲ႕ သမုိင္း၀င္ၿမိဳ႕လယ္က ရာစုႏွစ္ခ်ီသက္တမ္းရွိ အမ်ဳိးသားနန္းေတာ္ကုိ သမၼတအိမ္ေတာ္အျဖစ္ ေျပာင္းေရႊ႕အသုံးခ်ခဲ့ပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန )  | Ref : Reuters 

Unicode Version

 

မက္ကဆီကိုနိုင်ငံမှာ စနေနေ့က မြို့တော်ရဲ့ သမိုင်းဝင် မြို့လယ်နေရာရှိ သမ္မတ အိမ်တော်ဖြစ်တဲ့ မက္ကဆီကို အမျိုးသားနန်းတော်အနီး ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် လူ လေးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ 
စနေနေ့က သမ္မတ အန်ဒရက်စ် မန်နျူရယ်လိုပက် အိုဘရာဒိုဟာ မက္ကဆီကိုစီးတီးပြင်ပကို သွားလာနေခဲ့တာဖြစ်ပါတယ်။  ကနဦးသတင်းတွေအရ လက်နက်ကိုင် အမျိုးသားတစ်ဦးဟာ နန်းတော်အနီး လမ်းငယ်တစ်ခုပေါ်ရှိ အဆောက်အအုံထဲ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ကြောင်း မက္ကဆီကိုစီးတီး ရဲတပ်ဖွဲ့က ပြောပါတယ်။ အဆောက်အအုံထဲရှိ လူနှစ်ဦးက သူ့ထံ ချဉ်းကပ်လာချိန်မှာ အမျိုးသားဟာ ပစ္စတိုကို ဆွဲထုတ် ပစ်ခဲ့တာဖြစ်ပါတယ်။ ရဲတွေ ရောက်လာချိန်မှာ အဆောက်အအုံဝန်းအတွင်း သေနတ်ဒဏ်ရာတွေနဲ့ လဲကျနေသူ လေးဦးကို တွေ့ခဲ့ပြီး သေနတ်သမားကို ရင်ဆိုင်ပစ်ခတ်ခဲ့ကြပါတယ်။ 
ဆေးအကူတပ်ဖွဲ့က သေနတ်သမားအလောင်းနဲ့ အခြား အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ကြောင်း ရဲက ပြောပါတယ်။ ဒဏ်ရာရခဲ့သူ သုံးဦးအနက် တစ်ဦးဟာ ဆေးရုံအပို့ လမ်းမှာ သေဆုံးသွားခဲ့ပါတယ်။ ရုပ်သံသတင်းတွေအရ အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော် ချက်ချင်းဆိုသလို ရောက်ရှိလာကာ လမ်းပေါ်မှာ အတားအဆီးတွေ ချခဲ့တာတွေ့ရပါတယ်။ 
လွန်ခဲ့တဲ့ တစ်နှစ်ခန့်က စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတ လိုပက် အိုဘရာဒိုဟာ သူ့အစိုးရအနေနဲ့ စည်းကမ်းတင်းကြပ်ပြီး ဟိတ်ဟန်မကြီးတဲ့ အစိုးရအဖွဲ့ဖြစ်လာဖို့ ကတိပြုခဲ့ပါတယ်။ သူ့ရဲ့ လစာတစ်ဝက်ကို လျှော့ယူခဲ့တဲ့အပြင် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့အစည်း စတိုင် ကိုယ်ရဲ့တော် တပ်ဖွဲ့ကြီးအပါအဝင် အမျိုးမျိုးသော ပါဝါထောင်ချောက်တွေကို စွန့်လွှတ်ခဲ့ပါတယ်။ 
ဒါ့အပြင် လက်ဝဲခေါင်းဆောင်ဟာ ခမ်းနားကြီးကျယ်လှတဲ့ Los Pinos သမ္မတနန်းတော်ကို ယဉ်ကျေးမှုစင်တာတစ်ခုအဖြစ် အသွင်ပြောင်းစေခဲ့ကာ မက္ကကိုစီးတီးရဲ့ သမိုင်းဝင်မြို့လယ်က ရာစုနှစ်ချီသက်တမ်းရှိ အမျိုးသားနန်းတော်ကို သမ္မတအိမ်တော်အဖြစ် ပြောင်းရွှေ့အသုံးချခဲ့ပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။