Skip to main content
ေဒၚေအာင္ဆန္းစုၾကည္က ႏိုင္ငံသားအားလံုး၏ ကိုယ္စား ICJ တြင္ သြားေရာက္ေျဖရွင္းျခင္းျဖစ္ေၾကာင္းကို သိထားရန္ လိုအပ္ ေၾကာင္း ဦးမ်ိဳးရန္ေနာင္သိန္းေျပာ
Ads Block

ေဒၚေအာင္ဆန္းစုၾကည္က ႏိုင္ငံသားအားလံုး၏ ကိုယ္စား ICJ တြင္ သြားေရာက္ေျဖရွင္းျခင္းျဖစ္ေၾကာင္းကို သိထားရန္ လိုအပ္ ေၾကာင္း ဦးမ်ိဳးရန္ေနာင္သိန္းေျပာ

 

ICJ တရားရုံးသုိ႔ ေဒၚေအာင္ဆန္းစုၾကည္ သြားေရာက္ေျဖရွင္းျခင္းသည္ ျမန္မာႏုိင္ငံသား အားလုံး၏ ကုိယ္စားသြားေရာက္ ေျဖ ရွင္းျခင္းျဖစ္သည္ကုိ သိရွိရန္ လုိအပ္ေၾကာင္း အမ်ိဳးသား ဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီမွ ပါတီ၀င္ မ်ိဳးရန္ေနာင္သိန္းက ေျပာသည္။
ဒီဇင္ဘာအတြင္း အကုန္သိသတင္းဌာနနွင့္ သီးသန္႔ေတြ႔ဆုံေမးျမန္းစဥ္ ၎က ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“အခု ဂမ္ဘီယာဆုိတဲ့ ႏုိင္ငံက ျမန္မာႏုိင္ငံကုိ တရားစြဲတာ။ ျမန္မာလုိ႔ ေျပာရင္ ျမန္မာတစ္ႏုိင္ငံလုံးကုိ ေျပာတာ။ ပထ၀ီေျမပုံႀကီး မၾကည္နဲ႔။ ျမန္မာႏုိင္ငံလုိ႔ေျပာရင္ ျမန္မာႏုိင္ငံသား အားလုံးတရားစြဲခံရတာျဖစ္တယ္။ ေဒၚေအာင္ဆန္းစုၾကည္ သြားေရာက္ေျဖ ရွင္းမဲ့ ကိစၥသည္ ျမန္မာႏုိင္ငံသားေတြ အားလုံးကုိ ဥပမာ တပ္မေတာ္လည္းပါမယ္။ လက္နက္ကုိင္ အဖြဲ႔အစည္းေတြလည္းပါ မယ္။ အားလုံးကုိယ္စား သြားေရာက္ေျဖရွင္းတာျဖစ္တယ္။ ဂမ္ဘီယာႏုိင္ငံက အုိအုိင္စီဆီက အေထာက္အပံ့ ဘယ္ေလာက္ရ ထားသလဲ ကြ်န္ေတာ္တုိ႔ မသိဘူး။ ေနာက္တစ္ခုက ဂမ္ဘီယာက တရားေရး၀န္ႀကီး ဦးေဆာင္ၿပီး တရားစြဲတာ။ တရားစြဲတဲ့ အ ဆင့္ထိေအာင္ဘာေၾကာင့္ ျဖစ္လာတာလဲ။ ႏုိင္ငံတကာမွာ ကြ်န္ေတာ္တုိ႔ ျမန္မာႏုိင္ငံက သံခင္းတမန္ခင္းမွာ ေတာက္ေလွ်ာက္ ျငင္းပယ္လာတာက ဘူးကြယ္တဲ့ ကိစၥ။ ဒါကုိေတာ့ ဒီမွာ ျပင္ေစခ်င္တယ္” ဟု ၄င္းက ေျပာသည္။
ျမန္မာႏုိင္ငံ ရခုိင္ျပည္နယ္တြင္ လူမ်ိဳးတုန္းသတ္ျဖတ္မႈမ်ား ရိွေနသည္ဟုဆိုကာ စြပ္စြဲကာ ႏုိင္ငံေပါင္း ၅၇ ႏုိင္ငံကုိယ္စား ဂမ္ဘီ ယာႏုိင္ငံက ႏုိ၀င္ဘာလဆန္းပိုင္းက အျပည္ျပည္ဆုိင္ရာ တရားရုံး ICJ တြင္ တရားစြဲဆုိခဲ့ျခင္း ျဖစ္သည္။
“ ျပည္ေထာင္စု ျမန္မာႏုိင္ငံကုိ တရားစြဲဆုိခံရတယ္ဆုိတဲ့ အေရးဟာ အစုိးရနဲ႔ သက္ဆုိင္တဲ့ အေရးျဖစ္ရုံသာမကဘဲ ကြ်န္ေတာ္ တုိ႔ ျမန္မာႏုိင္ငံသူ ႏုိင္ငံသား အားလုံးနဲ႔ သက္ဆုိင္တဲ့ အေရးျဖစ္ပါတယ္။ ဒီလုိႏုိင္ငံေတာ္ရဲ႕ ဂုဏ္သိကၡာနဲ႔ ႏုိင္ငံသားမ်ားရဲ႕ ဂုဏ္ သိကၡာကုိ ထိပါးလာတဲ့ အေရးကုိ အမွန္တရားအတြက္၊ တရားမွ်တမႈအတြက္ ရင္ဆုိင္ေျဖရွင္းရမဲ့ တာ၀န္၀တၱရားက အစုိးရတာ ၀န္ျဖစ္သလုိ ၊ အဲဒီကိစၥကုိ သြားေရာက္ေျဖရွင္းတဲ့ အစုိးရအဖြဲ႔ ကုိယ္စားလွယ္ကုိ ေထာက္ခံဖုိ႔ကေတာ့ ႏုိင္ငံသားအားလုံးရဲ႕ တာ ၀န္ျဖစ္ေၾကာင္း အသိေပးလုိပါတယ္” ဟု စာေရးဆရာ ထင္လင္းဦးကလည္း ဒီဇင္ဘာလ ၇ ရက္ က ေနျပည္ေတာ္တြင္ ျပဳလုပ္ သည့္ ေထာက္ခံပြဲတြင္ ေျပာၾကားခဲ့သည္။
လက္ရွိတြင္ အဆိုပါ တရားစြဲဆိုထားမႈအေပၚ  ျပန္လည္ေခ်ပႏိုင္ရန္ ႏုိင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢဳိလ္မွ ႏုိင္ငံျခားေရး၀န္ႀကီး အ ေနျဖင့္ ICJ တရားရုံးသုိ႔ သြားေရာက္ေျဖရွင္းမည္ျဖစ္သည္။
အဆုိပါ တရားစြဲဆုိေသာ ကိစၥသည္ ႏုိင္ငံေရး ကိစၥရပ္မဟုတ္ဘဲ ဥပေဒ ကိစၥရပ္ျဖစ္၍ ဥပေဒပုိင္း ကြ်မ္းက်င္သူသာ သြားေရာက္ ေျဖရွင္းသင့္ေၾကာင္း ႏုိင္ငံေတာ္ သမၼတအႀကံေပးေဟာင္း ေဒါက္တာေဇာ္ဦးကလည္း ေျပာၾကားထားသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

ICJ တရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖြေရှင်းခြင်းသည် မြန်မာနိုင်ငံသား အားလုံး၏ ကိုယ်စားသွားရောက် ဖြေ ရှင်းခြင်းဖြစ်သည်ကို သိရှိရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပါတီဝင် မျိုးရန်နောင်သိန်းက ပြောသည်။
ဒီဇင်ဘာအတွင်း အကုန်သိသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အခု ဂမ်ဘီယာဆိုတဲ့ နိုင်ငံက မြန်မာနိုင်ငံကို တရားစွဲတာ။ မြန်မာလို့ ပြောရင် မြန်မာတစ်နိုင်ငံလုံးကို ပြောတာ။ ပထဝီမြေပုံကြီး မကြည်နဲ့။ မြန်မာနိုင်ငံလို့ပြောရင် မြန်မာနိုင်ငံသား အားလုံးတရားစွဲခံရတာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖြေ ရှင်းမဲ့ ကိစ္စသည် မြန်မာနိုင်ငံသားတွေ အားလုံးကို ဥပမာ တပ်မတော်လည်းပါမယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်းပါ မယ်။ အားလုံးကိုယ်စား သွားရောက်ဖြေရှင်းတာဖြစ်တယ်။ ဂမ်ဘီယာနိုင်ငံက အိုအိုင်စီဆီက အထောက်အပံ့ ဘယ်လောက်ရ ထားသလဲ ကျွန်တော်တို့ မသိဘူး။ နောက်တစ်ခုက ဂမ်ဘီယာက တရားရေးဝန်ကြီး ဦးဆောင်ပြီး တရားစွဲတာ။ တရားစွဲတဲ့ အ ဆင့်ထိအောင်ဘာကြောင့် ဖြစ်လာတာလဲ။ နိုင်ငံတကာမှာ ကျွန်တော်တို့ မြန်မာနိုင်ငံက သံခင်းတမန်ခင်းမှာ တောက်လျှောက် ငြင်းပယ်လာတာက ဘူးကွယ်တဲ့ ကိစ္စ။ ဒါကိုတော့ ဒီမှာ ပြင်စေချင်တယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လူမျိုးတုန်းသတ်ဖြတ်မှုများ ရှိနေသည်ဟုဆိုကာ စွပ်စွဲကာ နိုင်ငံပေါင်း ၅၇ နိုင်ငံကိုယ်စား ဂမ်ဘီ ယာနိုင်ငံက နိုဝင်ဘာလဆန်းပိုင်းက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
“ ပြည်ထောင်စု မြန်မာနိုင်ငံကို တရားစွဲဆိုခံရတယ်ဆိုတဲ့ အရေးဟာ အစိုးရနဲ့ သက်ဆိုင်တဲ့ အရေးဖြစ်ရုံသာမကဘဲ ကျွန်တော် တို့ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တဲ့ အရေးဖြစ်ပါတယ်။ ဒီလိုနိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာနဲ့ နိုင်ငံသားများရဲ့ ဂုဏ် သိက္ခာကို ထိပါးလာတဲ့ အရေးကို အမှန်တရားအတွက်၊ တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းရမဲ့ တာဝန်ဝတ္တရားက အစိုးရတာ ဝန်ဖြစ်သလို ၊ အဲဒီကိစ္စကို သွားရောက်ဖြေရှင်းတဲ့ အစိုးရအဖွဲ့ ကိုယ်စားလှယ်ကို ထောက်ခံဖို့ကတော့ နိုင်ငံသားအားလုံးရဲ့ တာ ဝန်ဖြစ်ကြောင်း အသိပေးလိုပါတယ်” ဟု စာရေးဆရာ ထင်လင်းဦးကလည်း ဒီဇင်ဘာလ ၇ ရက် က နေပြည်တော်တွင် ပြုလုပ် သည့် ထောက်ခံပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် အဆိုပါ တရားစွဲဆိုထားမှုအပေါ်  ပြန်လည်ချေပနိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ နိုင်ငံခြားရေးဝန်ကြီး အ နေဖြင့် ICJ တရားရုံးသို့ သွားရောက်ဖြေရှင်းမည်ဖြစ်သည်။
အဆိုပါ တရားစွဲဆိုသော ကိစ္စသည် နိုင်ငံရေး ကိစ္စရပ်မဟုတ်ဘဲ ဥပဒေ ကိစ္စရပ်ဖြစ်၍ ဥပဒေပိုင်း ကျွမ်းကျင်သူသာ သွားရောက် ဖြေရှင်းသင့်ကြောင်း နိုင်ငံတော် သမ္မတအကြံပေးဟောင်း ဒေါက်တာဇော်ဦးကလည်း ပြောကြားထားသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။