Skip to main content
မုဒိမ္းမႈနဲ႕ တရားရင္ဆုိင္ေနတဲ့ အိႏၵိယအမ်ဳိးသမီး မီးရႈိ႕တုိက္ခုိက္ခံရတဲ့ ဒဏ္ရာနဲ႕ ေဆးရုံမွာ ေသဆုံးသြားခဲ့
Ads Block

မုဒိမ္းမႈနဲ႕ တရားရင္ဆုိင္ေနတဲ့ အိႏၵိယအမ်ဳိးသမီး မီးရႈိ႕တုိက္ခုိက္ခံရတဲ့ ဒဏ္ရာနဲ႕ ေဆးရုံမွာ ေသဆုံးသြားခဲ့

 

မုဒိမ္းျပဳက်င့္ခံရမႈနဲ႕ တရားရင္ဆုိင္ေနတဲ့ အိႏၵိယအမ်ဳိးသမီးတစ္ဦးဟာ စြပ္စြဲခံ မုဒိမ္းသမားေတြအပါအ၀င္ အမ်ဳိးသားတစ္စုရဲ႕ မီးရႈိ႕တုိက္ခုိက္ခံခဲ့ရၿပီး ယခုအခါမွာေတာ့ အသက္ ၂၃ ႏွစ္ အရြယ္ သူမဟာ နယူးေဒလီေဆးရုံမွာ ေသဆုံးသြားခဲ့ၿပီျဖစ္ပါတယ္။ ယခုျဖစ္ရပ္နဲ႕ ပတ္သက္ၿပီး အတုိက္အခံေခါင္းေဆာင္ေတြရဲ႕ ဆန္ ့က်င္ကန္ ့ကြက္မႈေတြ ေပၚေပါက္ခဲ့ၿပီး အစုိးရဟာ အမ်ဳိးသမီးေတြအေပၚ အၾကမ္းဖက္မႈျဖစ္စဥ္ေတြကုိ ကာကြယ္တားဆီးႏုိင္ခဲ့ျခင္းမရွိဘူးလုိ ့ ၄င္းတုိ ့က အျပစ္ဆုိခဲ့ပါတယ္။ 
သူမ မုဒိမ္းက်င့္ခံခဲ့ရတဲ့ အမႈအတြက္ ၿပီးခဲ့တဲ့ ၾကာသာပေတးေန ့က ဥတာပရာဒက္ရွ္ျပည္နယ္ အန္နာအုိခရိုင္ ရုံးခ်ိန္းသုိ ့ တက္ေရာက္ဖုိ ့ ရထားဘူတာကုိ သြားေနစဥ္ လမ္းမွာ သူမ ကုိယ္ေပၚ ေရနံဆီေတြေလာင္းခ်ကာ မီးရႈိ႕ခံခဲ့ရတာျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။ သူမရရွိခဲ့တဲ့ ဒဏ္ရာေတြအတြက္ နယူးေဒလီမွာ ေဆးကုသေပးဖုိ ့ အခင္းျဖစ္ၿပီး ေနာက္တစ္ေန ့မွာ ေလယာဥ္နဲ႕ ပုိ ့ေဆာင္ေပးခဲ့ပါတယ္။ ယင္းတုိက္ခုိက္မႈဟာ သီတင္းႏွစ္ပတ္အတြင္းမွာ အမ်ဳိးသမီးေတြအေပၚ ၾကမ္းတမ္းရက္စက္တဲ့ ဒုတိယေျမာက္ အၾကမ္းဖက္ျဖစ္စဥ္ျဖစ္ခဲ့ၿပီး အိႏၵိယ လူထု ေဒါသအမ်က္ထြက္ခဲ့ပါတယ္။ 
အမ်ဳိးသမီးဟာ ႏွလုံးနဲ႕ဆုိင္တဲ့ ေရာဂါေ၀ဒနာခံစားရၿပီးေနာက္ ေသဆုံးခဲ့ရေၾကာင္း နယူးေဒလီ Safdarjung ေဆးရုံမွ ဆရာ၀န္ ရွာလက္ကူမားက ေျပာဆုိပါတယ္။ သူမရဲ႕ ခႏၶာကုိယ္ ၉၅ ရာခုိင္ႏႈန္းေလာက္အထိ မီးေလာင္ခံခဲ့ရျခင္းျဖစ္ေၾကာင္း၊ ေလျပြန္ဟာ မီးေလာင္ခံရကာ အဆုတ္ထဲမွာ မီးခုိးအဆိပ္ေငြ႕၊ အပူေငြ႕ေတြနဲ႕ ျပည့္ေနေၾကာင္း ၄င္းက ေျပာဆုိခဲ့ပါတယ္။ 
 ရဲမွတ္တမ္းေတြအရ သူမဟာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ ၁၂ ရက္က မုဒိမ္းက်င့္ခံခဲ့ရေၾကာင္း ၿပီးခဲ့တဲ့ မတ္လက သူမဟာ အန္နာအုိ ရဲစခန္းမွာ အမႈဖြင့္တုိင္ၾကားခဲ့တာျဖစ္ပါတယ္။ ေဒသခံ အမ်ဳိးသားႏွစ္ဦးကုိ က်ဴးလြန္သူေတြအျဖစ္ အမ်ဳိးသမီးက အမႈဖြင့္တုိင္ၾကားခဲ့ၿပီး တစ္ဦးကုိေတာ့ ရဲက ဖမ္းႏုိင္ခဲ့ကာ အျခားတစ္ဦးကေတာ့ ထြက္ေျပးတိမ္းေရွာင္ေနခဲ့တာပါ။ အဖမ္းခံခဲ့ရသူဟာ ေနာက္ပုိင္းမွာ အာမခံနဲ႕ ျပန္လြတ္ထားခဲ့ပါတယ္။ 
ၾကာသာပေတးေန ့ကေတာ့ ယင္း မုဒိမ္းသမား ႏွစ္ဦးအပါအ၀င္ အမ်ဳိးသား ငါးဦးက အမ်ဳိးသမီးကုိ ၀ုိင္းဖမ္းခ်ဳပ္ကာ ရုိက္ႏွက္၊ ဓါးနဲ႕ထုိး မီးရႈိ႕ခဲ့ၾကတာျဖစ္ေၾကာင္း ေဒသတြင္း မီဒီယာေတြက ေရးသားခဲ့ပါတယ္။ သူမဟာ မီးေလာင္ခ်က္သားနဲ႕ တစ္ကီလုိမီတာေလာက္အထိ လမ္းေလွ်ာက္ကာ အကူအညီေတာင္းခဲ့ၿပီး ေနာက္ပုိင္းမွာ သူမကုိယ္တုိင္ ရဲကုိ ဖုန္းဆက္အကူအညီေတာင္းႏုိင္ခဲ့ေၾကာင္း Aaj Taj ရုပ္သံက ေဖာ္ျပပါတယ္။ က်ဴးလြန္သူ ငါးဦးစလုံးကုိ ဖမ္းမိထားကာ ခ်ဳပ္ရက္ ၁၄ ရက္ရထားေၾကာင္း အန္နာအုိ ရဲစခန္းမွ ရဲဲအရာရွိတစ္ဦးက ေျပာဆုိပါတယ္။ 

- ကုိလင္း  ( အကုန္သိ သတင္းဌာန ) | Ref : ဘန္ေကာက္ပုိ ့စ္ 


Unicode Version

 

မုဒိမ်းပြုကျင့်ခံရမှုနဲ့ တရားရင်ဆိုင်နေတဲ့ အိန္ဒိယအမျိုးသမီးတစ်ဦးဟာ စွပ်စွဲခံ မုဒိမ်းသမားတွေအပါအဝင် အမျိုးသားတစ်စုရဲ့ မီးရှို့တိုက်ခိုက်ခံခဲ့ရပြီး ယခုအခါမှာတော့ အသက် ၂၃ နှစ် အရွယ် သူမဟာ နယူးဒေလီဆေးရုံမှာ သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး အတိုက်အခံခေါင်းဆောင်တွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ ပေါ်ပေါက်ခဲ့ပြီး အစိုးရဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဖြစ်စဉ်တွေကို ကာကွယ်တားဆီးနိုင်ခဲ့ခြင်းမရှိဘူးလို့ ၎င်းတို့က အပြစ်ဆိုခဲ့ပါတယ်။ 
သူမ မုဒိမ်းကျင့်ခံခဲ့ရတဲ့ အမှုအတွက် ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ဥတာပရာဒက်ရှ်ပြည်နယ် အန်နာအိုခရိုင် ရုံးချိန်းသို့ တက်ရောက်ဖို့ ရထားဘူတာကို သွားနေစဉ် လမ်းမှာ သူမ ကိုယ်ပေါ် ရေနံဆီတွေလောင်းချကာ မီးရှို့ခံခဲ့ရတာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ သူမရရှိခဲ့တဲ့ ဒဏ်ရာတွေအတွက် နယူးဒေလီမှာ ဆေးကုသပေးဖို့ အခင်းဖြစ်ပြီး နောက်တစ်နေ့မှာ လေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။ ယင်းတိုက်ခိုက်မှုဟာ သီတင်းနှစ်ပတ်အတွင်းမှာ အမျိုးသမီးတွေအပေါ် ကြမ်းတမ်းရက်စက်တဲ့ ဒုတိယမြောက် အကြမ်းဖက်ဖြစ်စဉ်ဖြစ်ခဲ့ပြီး အိန္ဒိယ လူထု ဒေါသအမျက်ထွက်ခဲ့ပါတယ်။ 
အမျိုးသမီးဟာ နှလုံးနဲ့ဆိုင်တဲ့ ရောဂါဝေဒနာခံစားရပြီးနောက် သေဆုံးခဲ့ရကြောင်း နယူးဒေလီ Safdarjung ဆေးရုံမှ ဆရာဝန် ရှာလက်ကူမားက ပြောဆိုပါတယ်။ သူမရဲ့ ခန္ဓာကိုယ် ၉၅ ရာခိုင်နှုန်းလောက်အထိ မီးလောင်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ လေပြွန်ဟာ မီးလောင်ခံရကာ အဆုတ်ထဲမှာ မီးခိုးအဆိပ်ငွေ့၊ အပူငွေ့တွေနဲ့ ပြည့်နေကြောင်း ၎င်းက ပြောဆိုခဲ့ပါတယ်။ 
 ရဲမှတ်တမ်းတွေအရ သူမဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က မုဒိမ်းကျင့်ခံခဲ့ရကြောင်း ပြီးခဲ့တဲ့ မတ်လက သူမဟာ အန်နာအို ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ဒေသခံ အမျိုးသားနှစ်ဦးကို ကျူးလွန်သူတွေအဖြစ် အမျိုးသမီးက အမှုဖွင့်တိုင်ကြားခဲ့ပြီး တစ်ဦးကိုတော့ ရဲက ဖမ်းနိုင်ခဲ့ကာ အခြားတစ်ဦးကတော့ ထွက်ပြေးတိမ်းရှောင်နေခဲ့တာပါ။ အဖမ်းခံခဲ့ရသူဟာ နောက်ပိုင်းမှာ အာမခံနဲ့ ပြန်လွတ်ထားခဲ့ပါတယ်။ 
ကြာသာပတေးနေ့ကတော့ ယင်း မုဒိမ်းသမား နှစ်ဦးအပါအဝင် အမျိုးသား ငါးဦးက အမျိုးသမီးကို ဝိုင်းဖမ်းချုပ်ကာ ရိုက်နှက်၊ ဓါးနဲ့ထိုး မီးရှို့ခဲ့ကြတာဖြစ်ကြောင်း ဒေသတွင်း မီဒီယာတွေက ရေးသားခဲ့ပါတယ်။ သူမဟာ မီးလောင်ချက်သားနဲ့ တစ်ကီလိုမီတာလောက်အထိ လမ်းလျှောက်ကာ အကူအညီတောင်းခဲ့ပြီး နောက်ပိုင်းမှာ သူမကိုယ်တိုင် ရဲကို ဖုန်းဆက်အကူအညီတောင်းနိုင်ခဲ့ကြောင်း Aaj Taj ရုပ်သံက ဖော်ပြပါတယ်။ ကျူးလွန်သူ ငါးဦးစလုံးကို ဖမ်းမိထားကာ ချုပ်ရက် ၁၄ ရက်ရထားကြောင်း အန်နာအို ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောဆိုပါတယ်။ 

- ကိုလင်း  ( အကုန်သိ သတင်းဌာန ) | Ref : ဘန်ကောက်ပို့စ် 


 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။