Skip to main content
ဂမ္ဘီယာ ေရႊ႕ေျပာင္းအေျခခ် စက္ေလွတစ္စီး ေမာ္ရီေတးနီးယားကမ္းလြန္မွာ တိမ္းေမွာက္နစ္ျမဳပ္ခဲ့ၿပီး လူ ၆၂ ဦး ေသဆုံး 
Ads Block

ဂမ္ဘီယာ ေရႊ႕ေျပာင္းအေျခခ် စက္ေလွတစ္စီး ေမာ္ရီေတးနီးယားကမ္းလြန္မွာ တိမ္းေမွာက္နစ္ျမဳပ္ခဲ့ၿပီး လူ ၆၂ ဦး ေသဆုံး 

 

ေရႊ႕ေျပာင္းအေျခခ်သူ ဒါဇင္မ်ားစြာတင္ေဆာင္ကာ ဂမ္ဘီယာႏုိင္ငံကေန ထြက္ခြာလာတဲ့ စက္ေလွတစ္စီးဟာ အေနာက္အာဖရိကႏုိင္ငံ ေမာ္ရီေတးနီးယား ကမ္းလြန္မွာ တိမ္းေမွာက္နစ္ျမဳပ္ခဲ့တာေၾကာင့္ ကေလးငယ္ေတြ အပါအ၀င္ လူ ၆၂ ဦး ထက္မနည္းေသဆုံးခဲ့ရေၾကာင္း ကုလသမဂၢ ေရႊ႕ေျပာင္း၀င္ေရာက္သူမ်ားဆုိင္ရာ ေအဂ်င္စီက ေျပာဆုိတယ္လုိ ့ ေသာၾကာေန ့ အယ္ဂ်ာဇီးယားသတင္းတစ္ပုဒ္မွာ ေဖာ္ျပပါတယ္။ 
အေနာက္အာဖရိကေဒသကေန ဥေရာပကုိ သြားေရာက္တဲ့ အႏၱရာယ္ထူေျပာေရလမ္းေၾကာင္းဟာ အလုပ္အကုိင္ အခြင့္အလမ္းေတြရွာေဖြလုိတဲ့ ေရႊ႕ေျပာင္းေတြအတြက္ တစ္ခ်ိန္က အေရးပါေသာ လမ္းေၾကာင္းတစ္ခုျဖစ္ခဲ့တာပါ။ ယခုျဖစ္ရပ္ဟာ ယင္းကဲ့သုိ ့ ေရႊ႕ေျပာင္းေတြရဲ႕ ေရယာဥ္ေတြ ေလ်ာ့ပါးသြားေရးအတြက္ စပိန္ႏုိင္ငံက ေရျပင္ကင္းလွည့္ေစာင့္ၾကပ္မႈေတြလုပ္လာခဲ့တဲ့ ၂၀၀၀ ျပည့္ႏွစ္ေနာက္ပုိင္းမွာ အေသအေပ်ာက္အမ်ားဆုံး ျဖစ္ရပ္ေတြထဲက တစ္ခုျဖစ္ခဲ့ပါတယ္။ 
လူ ၁၅၀ နီးပါး တင္ေဆာင္လာတဲ့ စက္ေလွဟာ ဆီကုန္သြားခဲ့ၿပီးေနာက္ ပင္လယ္ျပင္မွာ ရက္မ်ားစြာ ေမ်ာေနခဲ့ၿပီး ေမာ္ရီေတးနီးယားႏုိင္ငံအနီး ခ်ဥ္းကပ္လာစဥ္ တိမ္းေမွာက္သြားခဲ့တာျဖစ္ပါတယ္။ စက္ေလွေပၚပါသူေတြအနက္ ၈၃ ဦး ကမ္းေျခကုိ ကူးလာႏုိင္ခဲ့ၿပီး ေမာ္ရီေတးနီးယား အာဏာပုိင္ေတြက ကူညီေစာင့္ေရွာက္ထားတယ္လုိ ့ ေရႊ႕ေျပာင္း၀င္ေရာက္သူမ်ားဆုိင္ရာ ႏုိင္ငံတကာအဖြဲ႕အစည္း IOM က ေျပာဆုိပါတယ္။ အသက္ရွင္လြတ္ေျမာက္လာသူေတြရဲ႕ အေျပာအရ စက္ေလွဟာ ဂမ္ဘီယာႏုိင္ငံကေန ႏုိ၀င္ဘာ ၂၇ ရက္ကတည္းက ထြက္လာတာျဖစ္ေၾကာင္း သိရၿပီး ယင္း စက္ေလွဟာ ပင္လယ္ခရီးသြားဖုိ ့မသင့္ေတာ္သလုိ လူ အဆမတန္တင္ေဆာင္ထားခဲ့ေၾကာင္း IOM တာ၀န္ရွိသူ လီယုိနတ္ ဒြဳိင္လီက ေျပာဆုိပါတယ္။ 
ယခုျဖစ္စဥ္အတြင္း ဒဏ္ရာရခဲ့သူေတြကုိေတာ့ ေမာ္ရီေတးနီးယားႏုိင္ငံေတာင္ပုိင္း Nouadhibou  ၿမိဳ႕ေဆးရုံမွာ ကုသေပးထားေၾကာင္း သိရပါတယ္။ 
ယခုျဖစ္စဥ္နဲ႕ ပတ္သက္ၿပီး သက္ဆုိင္ရာ ဂမ္ဘီယာႏုိင္ငံ အာဏာပုိင္ေတြက လတ္တေလာမွာ တစ္စုံတရာ ထုတ္ျပန္ေျပာဆုိျခင္း မရွိေသးပါဘူး။ အေနာက္အာဖရိက ႏုိင္ငံငယ္ေလးျဖစ္တဲ့ ဂမ္ဘီယာမွ ေရႊ႕ေျပာင္းအေျခသူေတြဟာ ဥေရာပကုိ သြားေရာက္ႏုိင္ေရး ေမွ်ာ္လင့္ခ်က္နဲ႕ အခုလုိ အႏၱရာယ္မ်ားတဲ့ ပင္လယ္ေရေၾကာင္းခရီးကုိ အသုံးျပဳေနၾကတယ္လုိ ့ ဆုိပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန ) |  Ref : အယ္ဂ်ာဇီးယား 

Unicode Version

 

ရွှေ့ပြောင်းအခြေချသူ ဒါဇင်များစွာတင်ဆောင်ကာ ဂမ်ဘီယာနိုင်ငံကနေ ထွက်ခွာလာတဲ့ စက်လှေတစ်စီးဟာ အနောက်အာဖရိကနိုင်ငံ မော်ရီတေးနီးယား ကမ်းလွန်မှာ တိမ်းမှောက်နစ်မြုပ်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် လူ ၆၂ ဦး ထက်မနည်းသေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂ ရွှေ့ပြောင်းဝင်ရောက်သူများဆိုင်ရာ အေဂျင်စီက ပြောဆိုတယ်လို့ သောကြာနေ့ အယ်ဂျာဇီးယားသတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။ 
အနောက်အာဖရိကဒေသကနေ ဥရောပကို သွားရောက်တဲ့ အန္တရာယ်ထူပြောရေလမ်းကြောင်းဟာ အလုပ်အကိုင် အခွင့်အလမ်းတွေရှာဖွေလိုတဲ့ ရွှေ့ပြောင်းတွေအတွက် တစ်ချိန်က အရေးပါသော လမ်းကြောင်းတစ်ခုဖြစ်ခဲ့တာပါ။ ယခုဖြစ်ရပ်ဟာ ယင်းကဲ့သို့ ရွှေ့ပြောင်းတွေရဲ့ ရေယာဉ်တွေ လျော့ပါးသွားရေးအတွက် စပိန်နိုင်ငံက ရေပြင်ကင်းလှည့်စောင့်ကြပ်မှုတွေလုပ်လာခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ အသေအပျောက်အများဆုံး ဖြစ်ရပ်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ 
လူ ၁၅၀ နီးပါး တင်ဆောင်လာတဲ့ စက်လှေဟာ ဆီကုန်သွားခဲ့ပြီးနောက် ပင်လယ်ပြင်မှာ ရက်များစွာ မျောနေခဲ့ပြီး မော်ရီတေးနီးယားနိုင်ငံအနီး ချဉ်းကပ်လာစဉ် တိမ်းမှောက်သွားခဲ့တာဖြစ်ပါတယ်။ စက်လှေပေါ်ပါသူတွေအနက် ၈၃ ဦး ကမ်းခြေကို ကူးလာနိုင်ခဲ့ပြီး မော်ရီတေးနီးယား အာဏာပိုင်တွေက ကူညီစောင့်ရှောက်ထားတယ်လို့ ရွှေ့ပြောင်းဝင်ရောက်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM က ပြောဆိုပါတယ်။ အသက်ရှင်လွတ်မြောက်လာသူတွေရဲ့ အပြောအရ စက်လှေဟာ ဂမ်ဘီယာနိုင်ငံကနေ နိုဝင်ဘာ ၂၇ ရက်ကတည်းက ထွက်လာတာဖြစ်ကြောင်း သိရပြီး ယင်း စက်လှေဟာ ပင်လယ်ခရီးသွားဖို့မသင့်တော်သလို လူ အဆမတန်တင်ဆောင်ထားခဲ့ကြောင်း IOM တာဝန်ရှိသူ လီယိုနတ် ဒွိုင်လီက ပြောဆိုပါတယ်။ 
ယခုဖြစ်စဉ်အတွင်း ဒဏ်ရာရခဲ့သူတွေကိုတော့ မော်ရီတေးနီးယားနိုင်ငံတောင်ပိုင်း Nouadhibou  မြို့ဆေးရုံမှာ ကုသပေးထားကြောင်း သိရပါတယ်။ 
ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဂမ်ဘီယာနိုင်ငံ အာဏာပိုင်တွေက လတ်တလောမှာ တစ်စုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။ အနောက်အာဖရိက နိုင်ငံငယ်လေးဖြစ်တဲ့ ဂမ်ဘီယာမှ ရွှေ့ပြောင်းအခြေသူတွေဟာ ဥရောပကို သွားရောက်နိုင်ရေး မျှော်လင့်ချက်နဲ့ အခုလို အန္တရာယ်များတဲ့ ပင်လယ်ရေကြောင်းခရီးကို အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : အယ်ဂျာဇီးယား 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။