Skip to main content
ရုရွားနိုင္ငံေျမာက္ပုိုင္း ေက်းရြာတစ္ရြာသုိ ့ ပိုလာ၀က္၀ံမ်ား က်ဴးေက်ာ္၀င္ေရာက္ 
Ads Block

ရုရွားနိုင္ငံေျမာက္ပုိုင္း ေက်းရြာတစ္ရြာသုိ ့ ပိုလာ၀က္၀ံမ်ား က်ဴးေက်ာ္၀င္ေရာက္ 

 

ရုရွားႏုိင္ငံ ေျမာက္ဖ်ားစြန္း ေခ်ာက္ကုိကာျပည္နယ္ ရိုင္ေကပိုင္းေက်းရြာမွာ ပိုလာ၀က္၀ံေတြ က်ဴးေက်ာ္၀င္ေရာက္လာတာေၾကာင္႔ ေဒသခံေတြဟာ လုပ္ငန္းေဆာင္တာေတြ ရပ္ဆုိင္းထားရကာ စာသင္ေက်ာင္းေတြ ယာယီပိတ္ထားၾကရၿပီး ၀က္၀ံေတြ ရန္ကုိ သတိျပဳေစာင့္ၾကည့္ေနရေၾကာင္း သိရပါတယ္။ 
ရာသီဥတုေျပာင္းလဲပူေႏြးလာျပီး ေရခဲေတြအရည္ေပ်ာ္လာတာေၾကာင္႔ ပိုလာ၀က္၀ံေတြဟာ ပင္လယ္ဘက္မွာအစာရွာရခက္ခဲလာျပီး ရြာကို ေျပာင္းေရႊ႕ အစာလာရွာၾကျခင္းျဖစ္ႏုိင္ေၾကာင္း ေတာရိုင္းတိရိစာၦန္ ထိန္းသိမ္းေစာင္႔ေရွာက္သူေတြက ေျပာခဲ႔ပါတယ္။ ယခုအခါ ပိုလာ၀က္၀ံေတြေရာက္ရွိလာျခင္းဟာ မ်ားျပားလာတာေၾကာင္႔ ရိုင္ေကပိုင္းရြာမွာ ေနထိုင္သူေတြ ေဘးလြတ္ရာကို ေရႊ႕ေျပာင္းေနထိုင္သင္႔ေၾကာင္း တာ၀န္ရွိသူမ်ားက အႀကံျပဳခဲ့ပါတယ္။ 
ရိုင္ေကပိုင္းေက်းရြာကို ေရာက္ရွိလာတဲ႔ ၀က္၀ံေတြဟာ စုစုေပါင္း ၅၆ ေကာင္ေလာက္ရွိျပီး အေကာင္ႀကီးနဲ႔ သားေပါက္အရြယ္ေတြ အကုန္လံုးဟာ အမေတြျဖစ္ေၾကာင္း ရိုင္ေကပိုင္းေက်းရြာရဲ႕ ရြာသူၾကီး တက္ရနာမင္နမ္ကိုက ေျပာခဲ႔ပါတယ္။ ပိုလာ၀က္၀ံေတြဟာ သာမာန္အားျဖင္႔ ရိုင္ေကပိုင္းေက်းရြာရဲ႕ ၂.၂ ကီလိုမီတာအကြာမွာရွိတဲ႔ Cape Schmidt မွာ ေနထိုင္က်က္စားၾကျခင္း ျဖစ္ျပီး တကယ္လို႔သာ သူတုိ ့ေတြေနထုိင္ဖုိ ့ သင့္ေလ်ာ္တဲ့ ေရခဲျပင္မ်ဳိး က်န္ရွိေနမယ္ဆုိရင္ေတာ့ ပိုလာ၀က္၀ံေတြဟာ ပင္လယ္ထဲကိုသြားၿပီး ပင္လယ္ဖ်ံနဲ႔ အျခား ေရသတၱ၀ါေတြကို အမဲလိုက္ၾကမွာျဖစ္ပါတယ္။ ယခုလို ေရခဲဖို႔ကိုေစာင္႔ေနရတဲ႔ ကာလမွာေတာ႔ သူတို႔ဟာ  ရြာဘက္ကို အစာရွာဖုိ ့ထြက္လာၾကျခင္းျဖစ္ႏုိင္ေၾကာင္း ေတာရိုင္းတိရိစာၦန္ ကာကြယ္ေစာင္႔ေရွာက္ေရး အရာရွိက ေျပာခဲ႔ပါတယ္။   
ပိုလာ၀က္၀ံေတြ လူေနေဒသသုိ ့ ၀င္ေရာက္လာျခင္းတဲ့ အႀကိမ္ေရဟာ ခပ္စိတ္စိတ္ျဖစ္လာသလုိ အေကာင္ေရ မ်ားလာေၾကာင္း လြန္ခဲ႔တဲ႔ ၅ ႏွစ္ကဆုိရင္ ရြာနားကုိ ကပ္လာတဲ့ ပိုလာ၀က္၀ံ ၅ ေကာင္ေလာက္သာရွိခဲ့တာျဖစ္ေၾကာင္း  ပညာရွင္တစ္ဦးျဖစ္တဲ့ အနာတုိလီ ေကာ့ခ်္ေန႔ဗ္က Tass သတင္းဌာနကို ေျပာၾကားခဲ႔ပါတယ္။ “ ရိုင္ေကပိုင္ရြာဟာ ဒီေနရာမွာ ဆက္ရွိမေနသင္႔ေတာ႔ပါဘူး၊ ကၽြန္ေတာ္တို႔ ဒီျပႆနာကို အေကာင္းဆံုးေျဖရွင္းသြားပါမယ္၊ ေနာက္သံုးေလးငါးနွစ္ဆိုရင္ ဒီေနရာမွာ ဘာေတြျဖစ္လာမလဲ ဘယ္သူမွ အတိအက် မေျပာႏိုင္ပါဘူး”လို႔ ၄င္းက ေျပာၾကားခဲ႔ပါတယ္။

- ခိုင္ခိုင္ ( အကုန္သိ သတင္းဌာန )  | Ref : BBC 

Unicode Version

 

ရုရှားနိုင်ငံ မြောက်ဖျားစွန်း ချောက်ကိုကာပြည်နယ် ရိုင်ကေပိုင်းကျေးရွာမှာ ပိုလာဝက်ဝံတွေ ကျူးကျော်ဝင်ရောက်လာတာကြောင့် ဒေသခံတွေဟာ လုပ်ငန်းဆောင်တာတွေ ရပ်ဆိုင်းထားရကာ စာသင်ကျောင်းတွေ ယာယီပိတ်ထားကြရပြီး ဝက်ဝံတွေ ရန်ကို သတိပြုစောင့်ကြည့်နေရကြောင်း သိရပါတယ်။ 
ရာသီဥတုပြောင်းလဲပူနွေးလာပြီး ရေခဲတွေအရည်ပျော်လာတာကြောင့် ပိုလာဝက်ဝံတွေဟာ ပင်လယ်ဘက်မှာအစာရှာရခက်ခဲလာပြီး ရွာကို ပြောင်းရွှေ့ အစာလာရှာကြခြင်းဖြစ်နိုင်ကြောင်း တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်သူတွေက ပြောခဲ့ပါတယ်။ ယခုအခါ ပိုလာဝက်ဝံတွေရောက်ရှိလာခြင်းဟာ များပြားလာတာကြောင့် ရိုင်ကေပိုင်းရွာမှာ နေထိုင်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်သင့်ကြောင်း တာဝန်ရှိသူများက အကြံပြုခဲ့ပါတယ်။ 
ရိုင်ကေပိုင်းကျေးရွာကို ရောက်ရှိလာတဲ့ ဝက်ဝံတွေဟာ စုစုပေါင်း ၅၆ ကောင်လောက်ရှိပြီး အကောင်ကြီးနဲ့ သားပေါက်အရွယ်တွေ အကုန်လုံးဟာ အမတွေဖြစ်ကြောင်း ရိုင်ကေပိုင်းကျေးရွာရဲ့ ရွာသူကြီး တက်ရနာမင်နမ်ကိုက ပြောခဲ့ပါတယ်။ ပိုလာဝက်ဝံတွေဟာ သာမာန်အားဖြင့် ရိုင်ကေပိုင်းကျေးရွာရဲ့ ၂.၂ ကီလိုမီတာအကွာမှာရှိတဲ့ Cape Schmidt မှာ နေထိုင်ကျက်စားကြခြင်း ဖြစ်ပြီး တကယ်လို့သာ သူတို့တွေနေထိုင်ဖို့ သင့်လျော်တဲ့ ရေခဲပြင်မျိုး ကျန်ရှိနေမယ်ဆိုရင်တော့ ပိုလာဝက်ဝံတွေဟာ ပင်လယ်ထဲကိုသွားပြီး ပင်လယ်ဖျံနဲ့ အခြား ရေသတ္တဝါတွေကို အမဲလိုက်ကြမှာဖြစ်ပါတယ်။ ယခုလို ရေခဲဖို့ကိုစောင့်နေရတဲ့ ကာလမှာတော့ သူတို့ဟာ  ရွာဘက်ကို အစာရှာဖို့ထွက်လာကြခြင်းဖြစ်နိုင်ကြောင်း တောရိုင်းတိရိစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အရာရှိက ပြောခဲ့ပါတယ်။   
ပိုလာဝက်ဝံတွေ လူနေဒေသသို့ ဝင်ရောက်လာခြင်းတဲ့ အကြိမ်ရေဟာ ခပ်စိတ်စိတ်ဖြစ်လာသလို အကောင်ရေ များလာကြောင်း လွန်ခဲ့တဲ့ ၅ နှစ်ကဆိုရင် ရွာနားကို ကပ်လာတဲ့ ပိုလာဝက်ဝံ ၅ ကောင်လောက်သာရှိခဲ့တာဖြစ်ကြောင်း  ပညာရှင်တစ်ဦးဖြစ်တဲ့ အနာတိုလီ ကော့ချ်နေ့ဗ်က Tass သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ “ ရိုင်ကေပိုင်ရွာဟာ ဒီနေရာမှာ ဆက်ရှိမနေသင့်တော့ပါဘူး၊ ကျွန်တော်တို့ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းသွားပါမယ်၊ နောက်သုံးလေးငါးနှစ်ဆိုရင် ဒီနေရာမှာ ဘာတွေဖြစ်လာမလဲ ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး”လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

- ခိုင်ခိုင် ( အကုန်သိ သတင်းဌာန )  | Ref : BBC 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။