Skip to main content
အေမရိကန္စစ္အေျခစိုက္စခန္း လူ ၄ ဦး ေသဆံုးရေသာ ေသနတ္ပစ္ခတ္မွဳတြင္ က်ဴးလြန္သူမွာ ေဆာ္ဒီပညာေတာ္သင္ စစ္ဖက္အရာရွိတစ္ဦးျဖစ္ေန
Ads Block

အေမရိကန္စစ္အေျခစိုက္စခန္း လူ ၄ ဦး ေသဆံုးရေသာ ေသနတ္ပစ္ခတ္မွဳတြင္ က်ဴးလြန္သူမွာ ေဆာ္ဒီပညာေတာ္သင္ စစ္ဖက္အရာရွိတစ္ဦးျဖစ္ေန

 

အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္ ပင္ဆာကိုလာ ေရတပ္မေတာ္ေလတပ္ဖြဲ႔အေျခစိုက္စခန္းတြင္ ေသနတ္ပစ္ခတ္မွဳျဖစ္ပြားရာ၌ က်ဴးလြန္သူမွာ ေဆာ္ဒီအာေရးဗ်မွ ပညာေတာ္သင္ စစ္ဖက္အရာရွိတစ္ဦးျဖစ္ျပီး ေသနတ္သမားအပါအ၀င္ လူ ၄ ဦးေသဆံုးသည္ဟု CBS News က ယေန႔ေရးသားသည္။
ေသာၾကာေန႔ နံနက္ပိုင္း ေသနတ္ျဖင့္ ပစ္ခတ္သူမွာ ေဆာ္ဒီေလတပ္မေတာ္မွ အရာရွိတစ္ဦးျဖစ္ျပီး ေဆာ္ဒီစစ္ဖက္ ဆိုင္ရာျပည္ပေလ့က်င့္ေရး အစီအစဥ္အရ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ကတည္းကပင္ အေမရိကန္ေလတပ္၌ သင္တန္းတက္ေရာက္ေနသူျဖစ္သည္။ ၂၀၂၀ခုႏွစ္ ၾသဂုတ္လတြင္ သင္တန္းျပီးဆံုးမည့္ အယ္လ္ရွာရာနီသည္ ပင္ဆာကိုလာ ေရတပ္မေတာ္ ေလတပ္ဖြဲ႔တြင္ အဂၤလိပ္စာ၊ အေျခခံေလေၾကာင္းပညာရပ္၊ ကနဦးေလယာဥ္ေမာင္း သင္တန္းမ်ားတြင္ သင္ယူလွ်က္ရွိေၾကာင္း ပင္တာဂြန္စစ္႒ာနခ်ဳပ္က အတည္ျပဳသည္။
အခင္းျဖစ္ပြားရာတြင္ လူ ၃ ဦး ေသဆံုးျပီး ေသနတ္သမား ဆာအိဒ္အယ္လ္ ရွာရာနီကိုယ္တိုင္မွာလည္း နယ္ေျမခံ FBI တပ္ဖြဲ႔၀င္မ်ားႏွင့္ အျပန္အလွန္ပစ္ခတ္ရာ၌ ေသနတ္ထိမွန္ေသဆံုးသည္။ နယ္ေျမခံ ရဲတပ္ဖြဲ႔၀င္ ၂ ဦးအပါအ၀င္ ေလတပ္စခန္းလံုျခံဳေရးအရာရွိ ၈ ဦး ျပင္းထန္စြာ ဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိရသည္။
အြန္လိုင္းအစြန္းေရာက္အုပ္စုတို႔၏ လွဳပ္ရွားမွဳမ်ားကို ေစာင့္ၾကည့္ေထာက္လွမ္းသူ SITE အမည္ရွိ ပုဂၢလိက အဖြဲ႔အစည္းကမူ ဆာအိဒ္အယ္လ္ ရွာရာနီ သည္ ျပစ္မွဳက်ဴးလြန္ျခင္း မတိုင္မီ အေမရိကန္ျပည္ေထာင္စု၏ ပင္လယ္ရပ္ျခားဆိုင္ရာ မူ၀ါဒအေပၚ မေက်နပ္ေၾကာင္း အင္တာနက္၌ ေရးသားလႊင့္တင္ခဲ့သည္ဟု ေျပာဆိုသည္။ Twitter တြင္ ေၾကညာခ်က္သ႑ာန္ ေရးသားလႊင့္တင္သူသည္ အေမရိကန္ေရတပ္မေတာ္ ေလတပ္ဖြဲ႔မွ ေဆာ္ဒီ အရာရွိတစ္ဦးျဖစ္ေၾကာင္း အတည္ျပဳႏိုင္ျပီး အမည္ကို ဆက္လက္ေဖာ္ထုတ္ဆဲတြင္ ယခု ေသနတ္ပစ္ခတ္မွဳျဖစ္ပြား ခဲ့ရသည္ဟု ဆိုသည္။
အေမရိကန္၏ ဒရုန္းေလယာဥ္မ်ားအသံုးျပဳစစ္ဆင္ျခင္း၊ အၾကမ္းဖက္အယူအဆရွိသူ သံသယျဖင့္ က်ဴးဘားႏိုင္ငံ ဂြမ္တာနာမို အက်ဥ္းစခန္းတြင္ ႏွစ္ကာလ အကန္႔အသတ္မရွိ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားျခင္း ခံရသူမ်ားအေၾကာင္းကို ေဖာ္ျပလွ်က္ အေမရိကန္သည္ မြတ္စလင္မ်ားယုတ္ေလွ်ာ့သြားေအာင္ ျပဳမူလွ်က္ရွိေၾကာင္း ဆာအိဒ္ အယ္လ္ရွာရာနီ က ေရးသားခဲ့သည္ဟု ဆိုသည္။
အေမရိကန္ျဖစ္သည္ဟု သင့္ကိုဆန္႔က်င္ျခင္းမဟုတ္၊ လြတ္လပ္ေသာ သင့္အား ကၽြႏု္ပ္မုန္းတီးျခင္းမရွိဟု အစခ်ီလွ်က္ ေရးသားထားေသာ အဆိုပါစာတြင္ မြတ္စလင္မ်ားကိုသာမဟုတ္ပဲ လူသားအားလံုးအေပၚ ေန႔စဥ္ႏွင့္အမွ် ရာဇ၀တ္မွဳက်ဴးလြန္ေနျခင္းႏွင့္ ေငြေၾကးေထာက္ပ႔ံေနျခင္းတို႔အတြက္ေၾကာင့္ သင့္အား မုန္းတီး ရျခင္းျဖစ္သည္။ အေမရိကန္သည္ ျပိဳင္ဖက္ကင္းေသာ ကာကြယ္ေရးစရိတ္ျဖင့္ လံုျခံဳေရးအာရံုမွားမ်ားတည္ေဆာက္ ေနေသာ္လည္း ကၽြႏု္ပ္တို႔ေျမေပၚမွ သင္တို႔ စစ္တပ္မ်ား မရုပ္သိမ္းမခ်င္း သင္တို႔တြင္ လံုျခံဳေဘးကင္းလိမ့္မည္ မဟုတ္ေၾကာင္း ေဖာ္ျပထားသည္။

- အကုန္သိ သတင္းဌာန

Unicode Version

 

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ပင်ဆာကိုလာ ရေတပ်မတော်လေတပ်ဖွဲ့အခြေစိုက်စခန်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ၌ ကျူးလွန်သူမှာ ဆော်ဒီအာရေးဗျမှ ပညာတော်သင် စစ်ဖက်အရာရှိတစ်ဦးဖြစ်ပြီး သေနတ်သမားအပါအဝင် လူ ၄ ဦးသေဆုံးသည်ဟု CBS News က ယနေ့ရေးသားသည်။
သောကြာနေ့ နံနက်ပိုင်း သေနတ်ဖြင့် ပစ်ခတ်သူမှာ ဆော်ဒီလေတပ်မတော်မှ အရာရှိတစ်ဦးဖြစ်ပြီး ဆော်ဒီစစ်ဖက် ဆိုင်ရာပြည်ပလေ့ကျင့်ရေး အစီအစဉ်အရ ၂၀၁၇ ခုနှစ် သြဂုတ်လ ကတည်းကပင် အမေရိကန်လေတပ်၌ သင်တန်းတက်ရောက်နေသူဖြစ်သည်။ ၂၀၂၀ခုနှစ် သြဂုတ်လတွင် သင်တန်းပြီးဆုံးမည့် အယ်လ်ရှာရာနီသည် ပင်ဆာကိုလာ ရေတပ်မတော် လေတပ်ဖွဲ့တွင် အင်္ဂလိပ်စာ၊ အခြေခံလေကြောင်းပညာရပ်၊ ကနဦးလေယာဉ်မောင်း သင်တန်းများတွင် သင်ယူလျှက်ရှိကြောင်း ပင်တာဂွန်စစ်ဋ္ဌာနချုပ်က အတည်ပြုသည်။
အခင်းဖြစ်ပွားရာတွင် လူ ၃ ဦး သေဆုံးပြီး သေနတ်သမား ဆာအိဒ်အယ်လ် ရှာရာနီကိုယ်တိုင်မှာလည်း နယ်မြေခံ FBI တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်ရာ၌ သေနတ်ထိမှန်သေဆုံးသည်။ နယ်မြေခံ ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် လေတပ်စခန်းလုံခြုံရေးအရာရှိ ၈ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အွန်လိုင်းအစွန်းရောက်အုပ်စုတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်ထောက်လှမ်းသူ SITE အမည်ရှိ ပုဂ္ဂလိက အဖွဲ့အစည်းကမူ ဆာအိဒ်အယ်လ် ရှာရာနီ သည် ပြစ်မှုကျူးလွန်ခြင်း မတိုင်မီ အမေရိကန်ပြည်ထောင်စု၏ ပင်လယ်ရပ်ခြားဆိုင်ရာ မူဝါဒအပေါ် မကျေနပ်ကြောင်း အင်တာနက်၌ ရေးသားလွှင့်တင်ခဲ့သည်ဟု ပြောဆိုသည်။ Twitter တွင် ကြေညာချက်သဏ္ဍာန် ရေးသားလွှင့်တင်သူသည် အမေရိကန်ရေတပ်မတော် လေတပ်ဖွဲ့မှ ဆော်ဒီ အရာရှိတစ်ဦးဖြစ်ကြောင်း အတည်ပြုနိုင်ပြီး အမည်ကို ဆက်လက်ဖော်ထုတ်ဆဲတွင် ယခု သေနတ်ပစ်ခတ်မှုဖြစ်ပွား ခဲ့ရသည်ဟု ဆိုသည်။
အမေရိကန်၏ ဒရုန်းလေယာဉ်များအသုံးပြုစစ်ဆင်ခြင်း၊ အကြမ်းဖက်အယူအဆရှိသူ သံသယဖြင့် ကျူးဘားနိုင်ငံ ဂွမ်တာနာမို အကျဉ်းစခန်းတွင် နှစ်ကာလ အကန့်အသတ်မရှိ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံရသူများအကြောင်းကို ဖော်ပြလျှက် အမေရိကန်သည် မွတ်စလင်များယုတ်လျှော့သွားအောင် ပြုမူလျှက်ရှိကြောင်း ဆာအိဒ် အယ်လ်ရှာရာနီ က ရေးသားခဲ့သည်ဟု ဆိုသည်။
အမေရိကန်ဖြစ်သည်ဟု သင့်ကိုဆန့်ကျင်ခြင်းမဟုတ်၊ လွတ်လပ်သော သင့်အား ကျွနု်ပ်မုန်းတီးခြင်းမရှိဟု အစချီလျှက် ရေးသားထားသော အဆိုပါစာတွင် မွတ်စလင်များကိုသာမဟုတ်ပဲ လူသားအားလုံးအပေါ် နေ့စဉ်နှင့်အမျှ ရာဇဝတ်မှုကျူးလွန်နေခြင်းနှင့် ငွေကြေးထောက်ပံ့နေခြင်းတို့အတွက်ကြောင့် သင့်အား မုန်းတီး ရခြင်းဖြစ်သည်။ အမေရိကန်သည် ပြိုင်ဖက်ကင်းသော ကာကွယ်ရေးစရိတ်ဖြင့် လုံခြုံရေးအာရုံမှားများတည်ဆောက် နေသော်လည်း ကျွနု်ပ်တို့မြေပေါ်မှ သင်တို့ စစ်တပ်များ မရုပ်သိမ်းမချင်း သင်တို့တွင် လုံခြုံဘေးကင်းလိမ့်မည် မဟုတ်ကြောင်း ဖော်ပြထားသည်။

- အကုန်သိ သတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။