Skip to main content
အင္ဒိုနီးရွားတြင္ က်ားကိုက္မူေၾကာင့္ ေကာ္ဖီစိုက္ေတာင္သူတစ္ဦး ေသဆံုး
Ads Block

အင္ဒိုနီးရွားတြင္ က်ားကိုက္မူေၾကာင့္ ေကာ္ဖီစိုက္ေတာင္သူတစ္ဦး ေသဆံုး


    
ဒီဇင္ဘာလ ၆ ရက္က အင္ဒိုနီးရွားနိုင္ငံ ပါဂရာလန္ၿမိဳ႕အနီးမွာ ေကာ္ဖီစိုက္ေတာင္သူတစ္ဦး က်ားကိုက္ခံရေၾကာင္း ေတြ႕ရွိရပါတယ္လို႔ ေဒသဆိုင္ရာ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ႔ပါတယ္။ 
ဒါေၾကာင္႔ ပါဂရာလန္အစိုးရက ေဒသခံေနထိုင္သူေတြကို ေတာအုပ္ထဲမသြားၾကဖိို႔  သတိေပးထားပါတယ္။ ေပ်ာက္ဆံုးသြားေသာ ေကာ္ဖီစိုက္ေတာင္သူဟာ တစ္ညလံုး ယာေစာင္႔တဲမွာ ယာေစာင္႔ေနရာမွ အိမ္ျပန္မလာခဲ႔တာေၾကာင္႔ မိသားစုက လိုက္လံရွာေဖြခဲ႔ရာ က်ားကိုက္ခံထားရတဲ႔ အေလာင္းကို ရွာေဖြေတြ႕ရွိခဲ႔ျခင္း ျဖစ္တယ္လို႕ ေဒသဆိုင္ရာ ရဲအရာရွိက AFP သတင္းဌာနကို ေျပာခဲ႔ပါတယ္။ စူမားတ်ားမွာပဲ အရင္လက အင္ဒိုနီးရွား ကမာၻလွည္႔ ခရီးသြားတစ္ေယာက္ကို ျပင္းထန္တဲ႔ က်ားကိုက္ ဒဏ္ရာေတြနဲ႔ ေတြ႕ခဲ႔ရတယ္လို႕ ရဲအရာရွိက ေျပာခဲ႔ပါတယ္။ အသက္ ၅၇ ႏွစ္ရွိၿပီျဖစ္တဲ႔ ေကာ္ဖီစိုက္ ေတာင္သူဟာ မေသဆံုးခင္ က်ားနဲ႕ လံုးေထြးသတ္ခဲ႔တယ္လို႔ ေဒသဆိုင္ရာ က ေျပာပါတယ္။ 
စူမားၾတားေတာင္ပိုင္းမွာ ဒီႏွစ္အတြင္း က်ားကိုက္ခံရမူ ၅ ႀကိမ္ ျဖစ္ခဲ႔ၿပီး ၂ ႀကိမ္မွာ ပြဲခ်င္းၿပီး ေသဆံုးခဲ႔တယ္လို႔ ေဒသဆိုင္ရာ တာ၀န္ရွိသူက ေျပာပါတယ္။ ေတာရိုင္းတိရစာၦန္ ကာကြယ္ေစာင္႔ေရွာက္ေရး အဖြဲ႕က အေရွ႕ေတာင္အာရွ ကၽြန္းဆြယ္ေတြမွာ မိုးရာသီ သစ္ေတာေတြကို စားသံုးဆီ ထုတ္လုပ္ရန္အတြက္ ခုတ္ပစ္ၾကေသာေၾကာင္႔ သစ္ေတာျပဳန္းတီးလာၿပီး ေတာတြင္းတိရစာၦန္ေတြဟာ လူေတြေနထိုင္ရာ ေဒသကို ေရႊ႕ေျပာင္း ေရာက္ရွိလာျခင္းျဖစ္မယ္လို႔ ယူဆခဲ႔ၾကပါတယ္။ အရင္ႏွစ္ မတ္လတုန္းကလည္း စူမားၾတားမွာ ေတာင္ယာသမားတစ္ေယာက္ က်ားကိုက္ခံခဲ႔ရပါတယ္။ 

- ခိုင္ခိုင္ ( အကုန္သိ သတင္းဌာန )   | Ref : cnannelnewsasia.com

Unicode Version


    
ဒီဇင်ဘာလ ၆ ရက်က အင်ဒိုနီးရှားနိုင်ငံ ပါဂရာလန်မြို့အနီးမှာ ကော်ဖီစိုက်တောင်သူတစ်ဦး ကျားကိုက်ခံရကြောင်း တွေ့ရှိရပါတယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ 
ဒါကြောင့် ပါဂရာလန်အစိုးရက ဒေသခံနေထိုင်သူတွေကို တောအုပ်ထဲမသွားကြဖို့  သတိပေးထားပါတယ်။ ပျောက်ဆုံးသွားသော ကော်ဖီစိုက်တောင်သူဟာ တစ်ညလုံး ယာစောင့်တဲမှာ ယာစောင့်နေရာမှ အိမ်ပြန်မလာခဲ့တာကြောင့် မိသားစုက လိုက်လံရှာဖွေခဲ့ရာ ကျားကိုက်ခံထားရတဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်တယ်လို့ ဒေသဆိုင်ရာ ရဲအရာရှိက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ စူမားတျားမှာပဲ အရင်လက အင်ဒိုနီးရှား ကမ္ဘာလှည့် ခရီးသွားတစ်ယောက်ကို ပြင်းထန်တဲ့ ကျားကိုက် ဒဏ်ရာတွေနဲ့ တွေ့ခဲ့ရတယ်လို့ ရဲအရာရှိက ပြောခဲ့ပါတယ်။ အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ ကော်ဖီစိုက် တောင်သူဟာ မသေဆုံးခင် ကျားနဲ့ လုံးထွေးသတ်ခဲ့တယ်လို့ ဒေသဆိုင်ရာ က ပြောပါတယ်။ 
စူမားတြားတောင်ပိုင်းမှာ ဒီနှစ်အတွင်း ကျားကိုက်ခံရမူ ၅ ကြိမ် ဖြစ်ခဲ့ပြီး ၂ ကြိမ်မှာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်။ တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က အရှေ့တောင်အာရှ ကျွန်းဆွယ်တွေမှာ မိုးရာသီ သစ်တောတွေကို စားသုံးဆီ ထုတ်လုပ်ရန်အတွက် ခုတ်ပစ်ကြသောကြောင့် သစ်တောပြုန်းတီးလာပြီး တောတွင်းတိရစ္ဆာန်တွေဟာ လူတွေနေထိုင်ရာ ဒေသကို ရွှေ့ပြောင်း ရောက်ရှိလာခြင်းဖြစ်မယ်လို့ ယူဆခဲ့ကြပါတယ်။ အရင်နှစ် မတ်လတုန်းကလည်း စူမားတြားမှာ တောင်ယာသမားတစ်ယောက် ကျားကိုက်ခံခဲ့ရပါတယ်။ 

- ခိုင်ခိုင် ( အကုန်သိ သတင်းဌာန ) | Ref : cnannelnewsasia.com

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။