Skip to main content
အမ်ဳိးသမီးေတြ လုပ္ငန္းခြင္မွာ ေဒါက္ဖိနပ္စီးရမယ့္ စည္းကမ္းခ်က္ကုိ ကန္႔ကြက္ခဲ့တဲ့ ဂ်ပန္အမ်ဳိးသမီးက လုပ္ငန္းခြင္ မ်က္မွန္မတပ္ရ သတ္မွတ္ခ်က္ကုိပါ ထပ္မံကန္႔ကြက္
Ads Block

အမ်ဳိးသမီးေတြ လုပ္ငန္းခြင္မွာ ေဒါက္ဖိနပ္စီးရမယ့္ စည္းကမ္းခ်က္ကုိ ကန္႔ကြက္ခဲ့တဲ့ ဂ်ပန္အမ်ဳိးသမီးက လုပ္ငန္းခြင္ မ်က္မွန္မတပ္ရ သတ္မွတ္ခ်က္ကုိပါ ထပ္မံကန္႔ကြက္

 

ဂ်ပန္အမ်ိဳးသမီးမ်ား လုပ္ငန္းခြင္မွာ ေဒါက္ဖိနပ္မျဖစ္မေနစီးရမယ္ဆုိတဲ့ စည္းမ်ဥ္းဥပေဒကို ဆန္႔က်င္တုိက္ပြဲ၀င္ခဲ့တဲ့ ဂ်ပန္အမ်ိဳးသမီးတစ္ဦးဟာ အမ်ဳိးသမီးေတြ လုပ္ငန္းခြင္ မ်က္မွန္မတပ္ရတဲ့ တားျမစ္ခ်က္အေပၚ ဆက္လက္ဆန္႔က်င္လာခဲ့ပါတယ္။
သရုပ္ေဆာင္နဲ႕ အလြတ္တန္းစာေရးဆရာမျဖစ္သူ ယူမီအစ္ရွီကာ၀ါ ဟာ လုပ္ငန္းခြင္မွာ အမ်ဳိးသမီးေတြ ေဒါက္ဖိနပ္ စီးကိုစီးရမယ္ဆုိတဲ့ သတ္မွတ္ခ်က္ကို ကန္ ့ကြက္ခဲ့ကာ အမ်ိဳးသမီးေတြအေပၚ စည္းကမ္းေတြ တင္းက်ပ္တဲ့ ဂ်ပန္နိုင္ငံ ရံုးလုပ္ငန္းဆိုင္ရာ ယဥ္ေက်းမႈအေပၚ ဆန္႕က်င္ တုိက္ပြဲ၀င္သူအျဖစ္ လူသိမ်ားလာ ခဲ့ပါတယ္။
တစ္ဖက္သတ္ စည္းကမ္းတင္းက်ပ္မႈေတြ ေလွ်ာ့ခ်ေပးေရးအတြက္ အစ္ရွီကာ၀ါရဲ႕ ေနာက္ဆံုးေမတၱာ ရပ္ခံစာကို အဂၤါေန႔မွာ အလုပ္သမား၀န္ၾကီးဌာနက  လက္ခံရရွိခဲ့ျပီး ယင္းအေပၚေထာက္ခံတဲ့ လက္မွတ္ေပါင္း ၃၁၀၀၀ ေက်ာ္ ရရွိခဲ႔ပါတယ္။ ဒီျပႆနာရဲ႕ အေၾကာင္းအရင္းကေတာ႔ ကုမၸဏီေတြက ၀န္ထမ္းအမ်ိဳးသမီးေတြ အေပၚ တင္းက်ပ္တဲ့စည္းကမ္းေတြျဖစ္တဲ့ ရံုးခ်ိန္မွာ ေဒါက္ဖိနပ္မျဖစ္မေနစီးရျခင္း၊ မိတ္ကပ္မျဖစ္မေန လိမ္းရျခင္းစတဲ့ အခ်က္ေတြေၾကာင္႔ပဲ ျဖစ္ပါတယ္လို႔ ၃၂ ႏွစ္အရြယ္အမ်ိဳးသမီးက  သတင္းေထာက္ေတြကို ေျပာဆုိခဲ႔ပါတယ္။ ဒီလို ရံုးပုိင္းဆိုင္ရာ စည္းကမ္းေတြကို ျပန္လည္ သုံးသပ္သင္႔ပါတယ္လို႔ သူက ထပ္ေလာင္း ေျပာၾကားခဲ႔ပါတယ္။
ဆန္႔က်င္ေရး အဖြဲ႕၀င္ေတြဟာ အလုပ္မွာ ေဒါက္ဖိနပ္စီးရျခင္း ဥပေဒကို ျပန္လည္ျပင္ဆင္ေပးပါရန္ အစိုးရကို ဇြန္လက ေမတၱာရပ္ခံခဲ႔ပါတယ္။ ဒါေပမဲ့လည္း အစိုးရရဲ႕အာရံုစိုက္မူ နည္းပါးခဲ့ကာ ေအာက္တိုဘာလ က ထြက္ရွိခဲ႔တဲ႔ အစိုးရ စည္းမ်ဥ္ပုိင္းဆုိင္ရာ မူၾကမ္းမွာ ေဒါက္ျမင့္ဖိနပ္ကိစၥနဲ႕ ပတ္သက္ၿပီး မေဖာ္ျပခဲ႔တာ ေၾကာင့္ အံ့အားသင့္ရေၾကာင္း အစ္ရွီကာ၀ါ က ေျပာဆုိခဲ့ပါတယ္။

- ခိုင္ခိုင္ (အကုန္သိ သတင္းဌာန)  | Ref : CNA

Unicode Version

 

ဂျပန်အမျိုးသမီးများ လုပ်ငန်းခွင်မှာ ဒေါက်ဖိနပ်မဖြစ်မနေစီးရမယ်ဆိုတဲ့ စည်းမျဉ်းဥပဒေကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့ ဂျပန်အမျိုးသမီးတစ်ဦးဟာ အမျိုးသမီးတွေ လုပ်ငန်းခွင် မျက်မှန်မတပ်ရတဲ့ တားမြစ်ချက်အပေါ် ဆက်လက်ဆန့်ကျင်လာခဲ့ပါတယ်။
သရုပ်ဆောင်နဲ့ အလွတ်တန်းစာရေးဆရာမဖြစ်သူ ယူမီအစ်ရှီကာဝါ ဟာ လုပ်ငန်းခွင်မှာ အမျိုးသမီးတွေ ဒေါက်ဖိနပ် စီးကိုစီးရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ကန့်ကွက်ခဲ့ကာ အမျိုးသမီးတွေအပေါ် စည်းကမ်းတွေ တင်းကျပ်တဲ့ ဂျပန်နိုင်ငံ ရုံးလုပ်ငန်းဆိုင်ရာ ယဉ်ကျေးမှုအပေါ် ဆန့်ကျင် တိုက်ပွဲဝင်သူအဖြစ် လူသိများလာ ခဲ့ပါတယ်။
တစ်ဖက်သတ် စည်းကမ်းတင်းကျပ်မှုတွေ လျှော့ချပေးရေးအတွက် အစ်ရှီကာဝါရဲ့ နောက်ဆုံးမေတ္တာ ရပ်ခံစာကို အင်္ဂါနေ့မှာ အလုပ်သမားဝန်ကြီးဌာနက  လက်ခံရရှိခဲ့ပြီး ယင်းအပေါ်ထောက်ခံတဲ့ လက်မှတ်ပေါင်း ၃၁၀၀၀ ကျော် ရရှိခဲ့ပါတယ်။ ဒီပြဿနာရဲ့ အကြောင်းအရင်းကတော့ ကုမ္ပဏီတွေက ဝန်ထမ်းအမျိုးသမီးတွေ အပေါ် တင်းကျပ်တဲ့စည်းကမ်းတွေဖြစ်တဲ့ ရုံးချိန်မှာ ဒေါက်ဖိနပ်မဖြစ်မနေစီးရခြင်း၊ မိတ်ကပ်မဖြစ်မနေ လိမ်းရခြင်းစတဲ့ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်လို့ ၃၂ နှစ်အရွယ်အမျိုးသမီးက  သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ဒီလို ရုံးပိုင်းဆိုင်ရာ စည်းကမ်းတွေကို ပြန်လည် သုံးသပ်သင့်ပါတယ်လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဆန့်ကျင်ရေး အဖွဲ့ဝင်တွေဟာ အလုပ်မှာ ဒေါက်ဖိနပ်စီးရခြင်း ဥပဒေကို ပြန်လည်ပြင်ဆင်ပေးပါရန် အစိုးရကို ဇွန်လက မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါပေမဲ့လည်း အစိုးရရဲ့အာရုံစိုက်မူ နည်းပါးခဲ့ကာ အောက်တိုဘာလ က ထွက်ရှိခဲ့တဲ့ အစိုးရ စည်းမျဉ်ပိုင်းဆိုင်ရာ မူကြမ်းမှာ ဒေါက်မြင့်ဖိနပ်ကိစ္စနဲ့ ပတ်သက်ပြီး မဖော်ပြခဲ့တာ ကြောင့် အံ့အားသင့်ရကြောင်း အစ်ရှီကာဝါ က ပြောဆိုခဲ့ပါတယ်။

- ခိုင်ခိုင် (အကုန်သိ သတင်းဌာန)  | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။