Skip to main content
စီးပြားေရး အၾကပ္ဆုိက္ေနသည့္ လက္ဘႏြန္တြင္ ေသာင္တင္ေနေသာ အလုပ္သမားမ်ားအား အခမဲ့ ေနရပ္ပုိ႔ မည့္ အစီအစဥ္ေၾကာင့္ ဖိလစ္ပုိင္ အလုပ္သမားမ်ား သံရုံးသုိ႔ စုၿပဳံေရာက္ရွိ
Ads Block

စီးပြားေရး အၾကပ္ဆုိက္ေနသည့္ လက္ဘႏြန္တြင္ ေသာင္တင္ေနေသာ အလုပ္သမားမ်ားအား အခမဲ့ ေနရပ္ပုိ႔ မည့္ အစီအစဥ္ေၾကာင့္ ဖိလစ္ပုိင္ အလုပ္သမားမ်ား သံရုံးသုိ႔ စုၿပဳံေရာက္ရွိ

ႏုိင္ငံေရး၊ စီးပြားေရး အၾကပ္ဆုိက္ေနခဲ့တဲ့ လက္ဘႏြန္ႏုိင္ငံကေန ေနရပ္ျပန္လုိသူေတြကုိ အခမဲ့ ျပန္ပုိ ့ေပးမယ္ဆုိတဲ့ ဖိလစ္ပုိင္အစုိးရရဲ႕ အစီအစဥ္ေၾကာင့္ အိမ္အကူ အမ်ဳိးသမီးလုပ္သား အမ်ားစုျဖစ္တဲ့ ဖိလစ္ပုိင္အလုပ္သမား ရာေပါင္းမ်ားစြာဟာ ၾကာသပေတးေန႕က ဖိလစ္ပုိင္သံရုံးကုိ စုၿပဳံလာေရာက္ကာ စာရင္းေပးခဲ့ၾကပါတယ္။
ေနာက္ႏွစ္ ေဖေဖာ္၀ါရီလမွာ လူအစုလုိက္ အခမဲ့ေနရပ္ျပန္ပုိ ့ေပးမယ့္ အစီအစဥ္အတြက္ စာရင္း သြင္းဖုိ ့အေရး အမ်ဳိးသမီးအမ်ားစုပါ၀င္တဲ့ ဖိလစ္ပုိင္ႏုိင္ငံသား ၁၀၀၀ ေက်ာ္ ေဘရြတ္ၿမိဳ႕ရွိ ဖိလစ္ပုိင္ သံရုံးကုိ ေရာက္ရွိလာၾကတယ္လုိ ့ သံရုံးက ထုတ္ျပန္ခဲ့ပါတယ္။
လက္ဘႏြန္ႏုိင္ငံမွာ အိမ္အကူလုပ္သား တစ္သန္းေလာက္ရွိၿပီး ယင္းတုိ ့ထဲက ေလးပုံတစ္ပုံခန္႔ ဟာ ဆုိး၀ါးတဲ့ လုပ္ငန္းခြင္ဆုိင္ရာ အေျခအေနေတြႀကဳံေနရေၾကာင္း အလုပ္သမားေတြရဲ႕ မူရင္းႏုိင္ငံ အစုိးရေတြနဲ႕ လူ႕အခြင့္အေရးအုပ္စုေတြက အႀကိမ္ႀကိမ္ ျပစ္တင္ရႈတ္ခဲ့ၾကပါတယ္။
အလုပ္ရွင္ေတြရဲ႕ အႏုိင္က်င့္ ဖိႏွိပ္မႈျဖစ္စဥ္ သတင္းေတြ အၿမဲလုိလုိ ေပၚေပါက္ေနခဲ့ၿပီး အလုပ္သမားေတြဟာ သူတုိ ့ရဲ႕ အခြင့္အေရးေတြ ရပုိင္ခြင့္မရွိျဖစ္ေနသလုိ အလုပ္ရွင္ေတြက လုပ္ခလစာနဲ႕ ခရီးသြား စာရြက္စာတမ္းအေထာက္အထားေတြကုိ သိမ္းယူထားၾကတာေၾကာင့္ အလုပ္ကထြက္ခြာလို႔ မရျဖစ္ၾကရေၾကာင္းလည္း သိရပါတယ္။ ဖိလစ္ပုိင္၊ အီသီယုိပီးယား၊ သီရိလကၤာ၊ ဘဂၤလားေဒ့ရွ္မွ အလုပ္သမား အမ်ားစု လာေရာက္လုပ္ကုိင္ေနၾကတာျဖစ္ၿပီး အခ်ဳိ႕က တစ္လကုိ ကန္ေဒၚလာ(၁၅၀) ခန္႔နဲ႕ လုပ္ကုိင္ ၾကရတာျဖစ္ပါတယ္။ အလုပ္ရွင္ေတြက လုပ္ခေပးေခ်ဖုိ ့ မတတ္ႏုိင္ေတာ့တာေၾကာင့္ အလုပ္ထုတ္ခံရသူ ေတြလည္း မ်ားစြာရွိၿပီး ျပည္ပလုပ္သားေတြဟာ ၀င္ေငြမရွိေတာ့ဘဲ လက္ဘႏြန္မွာ ေသာင္တင္ေနခဲ့ၾကပါတယ္။
အခ်ဳိ႕အလုပ္သမားေတြဟာ သိပ္မၾကာခင္အခ်ိန္ကပဲ အလုပ္လက္မဲ့ျဖစ္ခဲ့သူေတြ ျဖစ္သလုိ၊ လက္ဘႏြန္မွာ ရွိေနခ်ိန္အတြင္း ၀င္ေငြရမယ့္ အလုပ္အကုိင္အခြင့္အလမ္း မရရွိေတာ့သူေတြျဖစ္ၾကေၾကာင္း ဖိလစ္ပိုင္သံရုံးရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။ စီးပြားေရး အႀကီးအက်ယ္ က်ဆင္းသြားခဲ့မႈက အလုပ္သမားေတြအေပၚ အခြင့္အေရးခ်ဳိးေဖာက္မႈေတြ ပုိျဖစ္ေစခဲ့ေၾကာင္း အိမ္အကူအလုပ္သမားမ်ားအေရး ေဆာင္ရြက္ေပးေနတဲ့ Kafa NGO မွ ေရွ႕ေနတစ္ဦးက ေျပာဆုိပါတယ္။
လက္ဘႏြန္ႏုိင္ငံမွာ အက်င့္ပ်က္ ျခစားမႈ အဆုံးသတ္ဖုိ ့နဲ႕ လက္ရွိႏုိင္ငံေရး ဦးေဆာင္ေနသူေတြ အားလုံး ဖယ္ရွားေပးေရး ေတာင္းဆုိတဲ့ မႀကဳံစဖူး ဆႏၵျပလႈပ္ရွားမႈႀကီးျဖစ္ေနတာ သီတင္း ခုနစ္ပတ္ၾကာခဲ့ၿပီျဖစ္ပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန )  | Ref : Reuters

Unicode Version

 

နိုင်ငံရေး၊ စီးပွားရေး အကြပ်ဆိုက်နေခဲ့တဲ့ လက်ဘနွန်နိုင်ငံကနေ နေရပ်ပြန်လိုသူတွေကို အခမဲ့ ပြန်ပို့ပေးမယ်ဆိုတဲ့ ဖိလစ်ပိုင်အစိုးရရဲ့ အစီအစဉ်ကြောင့် အိမ်အကူ အမျိုးသမီးလုပ်သား အများစုဖြစ်တဲ့ ဖိလစ်ပိုင်အလုပ်သမား ရာပေါင်းများစွာဟာ ကြာသပတေးနေ့က ဖိလစ်ပိုင်သံရုံးကို စုပြုံလာရောက်ကာ စာရင်းပေးခဲ့ကြပါတယ်။
နောက်နှစ် ဖေဖော်ဝါရီလမှာ လူအစုလိုက် အခမဲ့နေရပ်ပြန်ပို့ပေးမယ့် အစီအစဉ်အတွက် စာရင်း သွင်းဖို့အရေး အမျိုးသမီးအများစုပါဝင်တဲ့ ဖိလစ်ပိုင်နိုင်ငံသား ၁၀၀၀ ကျော် ဘေရွတ်မြို့ရှိ ဖိလစ်ပိုင် သံရုံးကို ရောက်ရှိလာကြတယ်လို့ သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။
လက်ဘနွန်နိုင်ငံမှာ အိမ်အကူလုပ်သား တစ်သန်းလောက်ရှိပြီး ယင်းတို့ထဲက လေးပုံတစ်ပုံခန့် ဟာ ဆိုးဝါးတဲ့ လုပ်ငန်းခွင်ဆိုင်ရာ အခြေအနေတွေကြုံနေရကြောင်း အလုပ်သမားတွေရဲ့ မူရင်းနိုင်ငံ အစိုးရတွေနဲ့ လူ့အခွင့်အရေးအုပ်စုတွေက အကြိမ်ကြိမ် ပြစ်တင်ရှုတ်ခဲ့ကြပါတယ်။
အလုပ်ရှင်တွေရဲ့ အနိုင်ကျင့် ဖိနှိပ်မှုဖြစ်စဉ် သတင်းတွေ အမြဲလိုလို ပေါ်ပေါက်နေခဲ့ပြီး အလုပ်သမားတွေဟာ သူတို့ရဲ့ အခွင့်အရေးတွေ ရပိုင်ခွင့်မရှိဖြစ်နေသလို အလုပ်ရှင်တွေက လုပ်ခလစာနဲ့ ခရီးသွား စာရွက်စာတမ်းအထောက်အထားတွေကို သိမ်းယူထားကြတာကြောင့် အလုပ်ကထွက်ခွာလို့ မရဖြစ်ကြရကြောင်းလည်း သိရပါတယ်။ ဖိလစ်ပိုင်၊ အီသီယိုပီးယား၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်မှ အလုပ်သမား အများစု လာရောက်လုပ်ကိုင်နေကြတာဖြစ်ပြီး အချို့က တစ်လကို ကန်ဒေါ်လာ(၁၅၀) ခန့်နဲ့ လုပ်ကိုင် ကြရတာဖြစ်ပါတယ်။ အလုပ်ရှင်တွေက လုပ်ခပေးချေဖို့ မတတ်နိုင်တော့တာကြောင့် အလုပ်ထုတ်ခံရသူ တွေလည်း များစွာရှိပြီး ပြည်ပလုပ်သားတွေဟာ ဝင်ငွေမရှိတော့ဘဲ လက်ဘနွန်မှာ သောင်တင်နေခဲ့ကြပါတယ်။
အချို့အလုပ်သမားတွေဟာ သိပ်မကြာခင်အချိန်ကပဲ အလုပ်လက်မဲ့ဖြစ်ခဲ့သူတွေ ဖြစ်သလို၊ လက်ဘနွန်မှာ ရှိနေချိန်အတွင်း ဝင်ငွေရမယ့် အလုပ်အကိုင်အခွင့်အလမ်း မရရှိတော့သူတွေဖြစ်ကြကြောင်း ဖိလစ်ပိုင်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ စီးပွားရေး အကြီးအကျယ် ကျဆင်းသွားခဲ့မှုက အလုပ်သမားတွေအပေါ် အခွင့်အရေးချိုးဖောက်မှုတွေ ပိုဖြစ်စေခဲ့ကြောင်း အိမ်အကူအလုပ်သမားများအရေး ဆောင်ရွက်ပေးနေတဲ့ Kafa NGO မှ ရှေ့နေတစ်ဦးက ပြောဆိုပါတယ်။
လက်ဘနွန်နိုင်ငံမှာ အကျင့်ပျက် ခြစားမှု အဆုံးသတ်ဖို့နဲ့ လက်ရှိနိုင်ငံရေး ဦးဆောင်နေသူတွေ အားလုံး ဖယ်ရှားပေးရေး တောင်းဆိုတဲ့ မကြုံစဖူး ဆန္ဒပြလှုပ်ရှားမှုကြီးဖြစ်နေတာ သီတင်း ခုနစ်ပတ်ကြာခဲ့ပြီဖြစ်ပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : Reuters

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။