Skip to main content
 ဘဂၤလားပင္လယ္ေအာ္ ကပၸလီကၽြန္းစုမ်ားအနီး ေျခလွမ္းစိတ္လာေသာ တရုတ္သေဘၤာမ်ားကို မ်က္ျခည္မျပတ္ေစာင့္ၾကည့္ခဲ့ဟု အိႏၵိယေရတပ္ဦးစီးခ်ဳပ္ ေျပာ
Ads Block

ဘဂၤလားပင္လယ္ေအာ္ ကပၸလီကၽြန္းစုမ်ားအနီး ေျခလွမ္းစိတ္လာေသာ တရုတ္သေဘၤာမ်ားကို မ်က္ျခည္မျပတ္ေစာင့္ၾကည့္ခဲ့ဟု အိႏၵိယေရတပ္ဦးစီးခ်ဳပ္ ေျပာ

အိႏၵိယသမုဒၵရာအတြင္း ၀င္ေရာက္မွဳ ပိုမိုမ်ားျပားလာေသာ တရုတ္သေဘၤာမ်ား၏ လွဳပ္ရွားမွဳ လမ္းေၾကာင္းတို႔ကို အနီးကပ္မ်က္ျခည္မျပတ္ေစာင့္ၾကည့္ခဲ့ျပီး လာမည့္ႏွစ္ အမ်ိဳးသား(ေရ) တပ္မေတာ္္စစ္ေရးေလ့က်င့္ရာ၌ ဖိတ္ၾကားမည့္ စိတ္တူကိုယ္တူ ျပည္ပႏိုင္ငံမ်ားစာရင္း၌ တရုတ္ႏိုင္ငံပါ၀င္ျခင္းမရွိေၾကာင္း အိႏၵိယေရတပ္စစ္ဦးခ်ဳပ္က ေျပာဆိုသည္ဟု ဒီဇင္ဘာ ၄ ရက္ Russia Today က ေရးသားသည္။
လြန္ခဲ့သည့္ အဂၤါေန႔တြင္ က်င္းပေသာ “ အိႏၵိယေရတပ္မေတာ္ေန႔ “ သတင္းစာရွင္းလင္းပြဲ၌ အိႏၵိယေရတပ္ စစ္ဦးခ်ဳပ္ ေရေၾကာင္းဗိုလ္ခ်ဳပ္ၾကီး ကာရမ္ဘာဆင္း က ေျပာၾကားရာ ယခု၀င္ေရာက္လာသည့္ တရုတ္သေဘၤာ မ်ားမွာ တိုင္းတာေရးသုေတသန သေဘၤာမ်ားျဖစ္ျပီး ပ်မ္းမွ် ၇ စီးမွ ၈ စီးအထိရွိေၾကာင္း၊ အိႏၵိယ၏ exclusive economic zone အထူးသီးသန္႔စီးပြားေရး ပင္လယ္ေရပိုင္နက္ ( EEZ ) အနီးထိ ခ်ဥ္းကပ္လွ်က္ သတၳဳရွာေဖြျခင္းမ်ား ျပဳလုပ္ေနျပီး တရုတ္သေဘၤာမ်ားမွာ ပင္လယ္ဓါးျပရန္ကာကြယ္ေရးကိုလည္း ေဆာင္ရြက္ေလ့ရွိေၾကာင္း အသိေပးရွင္းလင္းသည္။
ယခင္ကလည္း ခြင့္ျပဳခ်က္ၾကိဳတင္ေတာင္းခံျခင္းမရွိပဲ EEZ အနီး၀င္ေရာက္လာသည့္ တရုတ္စူးစမ္းတိုင္းတာေရး သေဘၤာအား စစ္သေဘၤာတစ္စီးေစလႊတ္ကာ ေနာက္ေယာင္ခံ ေမာင္းထုတ္ခဲ့ရေၾကာင္း၊ ၄င္းအျဖစ္အပ်က္မ်ားမွာ ကပၸလီကၽြန္းစုႏွင့္ နီကိုဘာကၽြန္းမ်ားအနီး ဘဂၤလားပင္လယ္ေအာ္အတြင္း၌ ျဖစ္ေၾကာင္း၊ က်ဴးေက်ာ္၀င္ေရာက္ လာခဲ့သည့္ တရုတ္သေဘၤာမွာ ေတာင္တရုတ္ပင္လယ္အဏၰ၀ါေဗဒအင္စတီက်ဳဒ္ပိုင္ Shiyan 1 “ ရွီယန္း-၀မ္း “ တိုင္းတာေရးသေဘၤာျဖစ္ေၾကာင္း သိရွိရသည္။
ထို႔ျပင္ လာမည့္ႏွစ္ မတ္လတြင္ က်င္းပရန္စီစဥ္ထားသည့္ အိႏၵိယေရတပ္မေတာ္၏ Milan 2020 naval drill “ မီလန္၂၀၂၀ ေရတပ္စစ္ေရးေလ့က်င့္ပြဲ “ တြင္ တရုတ္ႏိုင္ငံအား ဖိတ္ၾကားမည္မဟုတ္ေၾကာင္း၊ ဖိတ္ၾကားမည့္ အျခား ႏိုင္ငံမ်ားမွာ ( ၄၁ ) ႏိုင္ငံရွိရာ အေမရိကန္၊ ရုရွား၊ ျပင္သစ္၊ ၾသစေတးလ်၊ ဂ်ပန္ႏွင့္ ဖိလစ္ပိုင္တို႔ ပါ၀င္ေၾကာင္း၊ အိႏၵိယက စိတ္တူသေဘာတူအျဖစ္ သတ္မွတ္ထားသည့္ ႏိုင္ငံမ်ားႏွင့္သာ အျပန္အလွန္ ကူးလူးဆက္ဆံမည္ျဖစ္ျပီး ဥပေဒႏွင့္အညီ လြတ္လပ္စြာေရေၾကာင္းသြားလာေရး၊ ပင္လယ္ျပင္ေဘးအႏၱရာယ္ကင္းေရးႏွင့္ လံုျခံဳေရးဆိုင္ရာ ဘံုအက်ိဳးစီးပြားမ်ားကို မွ်ေ၀ၾကရန္ အိႏၵိယက စိတ္ပါ၀င္စားေၾကာင္း ေရေၾကာင္း ဗိုလ္ခ်ဳပ္ၾကီးက ေျပာၾကားသည္။
ထိုစဥ္အေတာအတြင္း တရုတ္ႏိုင္ငံကလည္း လာမည့္ ဇန္န၀ါရီလတြင္ အိႏၵိယ၏ ယွဥ္ျပိဳင္ဘက္ ရန္သူေတာ္ ပါကစၥတန္ႏွင့္ ႏွစ္ႏိုင္ငံေရတပ္ခ်င္း ပူးတြဲစစ္ေရးေလ့က်င့္ၾကမည္ဟု တရုတ္ကာကြယ္ေရး၀န္ၾကီး႒ာန ေျပာေရးဆိုခြင့္ ရွိသူက အတည္ျပဳသည္။ သို႔ေသာ္ အဆိုပါစစ္ေရးေလ့က်င့္မွဳသည္ မည္သည့္ႏိုင္ငံအင္အား စုကိုမွ် ရည္ညႊန္းျခင္း မရွိပဲ၊ မဟာဗ်ဴဟာေျမာက္မိတ္ဖက္ႏိုင္ငံႏွင့္ ပင္လယ္ေရေၾကာင္းဆိုင္ရာအသိုင္းအ၀ိုင္း၏ အနာဂတ္အလားအလာ မ်ား မွ်ေ၀ျခင္းသာျဖစ္ေၾကာင္း အေလးအနက္ေျပာၾကားသည္။

-- Htay Oung (အကုန္သိ သတင္းဌာန)

Unicode Version

 

အိန္ဒိယသမုဒ္ဒရာအတွင်း ဝင်ရောက်မှု ပိုမိုများပြားလာသော တရုတ်သင်္ဘောများ၏ လှုပ်ရှားမှု လမ်းကြောင်းတို့ကို အနီးကပ်မျက်ခြည်မပြတ်စောင့်ကြည့်ခဲ့ပြီး လာမည့်နှစ် အမျိုးသား(ရေ) တပ်မတော်စစ်ရေးလေ့ကျင့်ရာ၌ ဖိတ်ကြားမည့် စိတ်တူကိုယ်တူ ပြည်ပနိုင်ငံများစာရင်း၌ တရုတ်နိုင်ငံပါဝင်ခြင်းမရှိကြောင်း အိန္ဒိယရေတပ်စစ်ဦးချုပ်က ပြောဆိုသည်ဟု ဒီဇင်ဘာ ၄ ရက် Russia Today က ရေးသားသည်။
လွန်ခဲ့သည့် အင်္ဂါနေ့တွင် ကျင်းပသော “ အိန္ဒိယရေတပ်မတော်နေ့ “ သတင်းစာရှင်းလင်းပွဲ၌ အိန္ဒိယရေတပ် စစ်ဦးချုပ် ရေကြောင်းဗိုလ်ချုပ်ကြီး ကာရမ်ဘာဆင်း က ပြောကြားရာ ယခုဝင်ရောက်လာသည့် တရုတ်သင်္ဘော များမှာ တိုင်းတာရေးသုတေသန သင်္ဘောများဖြစ်ပြီး ပျမ်းမျှ ၇ စီးမှ ၈ စီးအထိရှိကြောင်း၊ အိန္ဒိယ၏ exclusive economic zone အထူးသီးသန့်စီးပွားရေး ပင်လယ်ရေပိုင်နက် ( EEZ ) အနီးထိ ချဉ်းကပ်လျှက် သတ္ထုရှာဖွေခြင်းများ ပြုလုပ်နေပြီး တရုတ်သင်္ဘောများမှာ ပင်လယ်ဓါးပြရန်ကာကွယ်ရေးကိုလည်း ဆောင်ရွက်လေ့ရှိကြောင်း အသိပေးရှင်းလင်းသည်။
ယခင်ကလည်း ခွင့်ပြုချက်ကြိုတင်တောင်းခံခြင်းမရှိပဲ EEZ အနီးဝင်ရောက်လာသည့် တရုတ်စူးစမ်းတိုင်းတာရေး သင်္ဘောအား စစ်သင်္ဘောတစ်စီးစေလွှတ်ကာ နောက်ယောင်ခံ မောင်းထုတ်ခဲ့ရကြောင်း၊ ၎င်းအဖြစ်အပျက်များမှာ ကပ္ပလီကျွန်းစုနှင့် နီကိုဘာကျွန်းများအနီး ဘင်္ဂလားပင်လယ်အော်အတွင်း၌ ဖြစ်ကြောင်း၊ ကျူးကျော်ဝင်ရောက် လာခဲ့သည့် တရုတ်သင်္ဘောမှာ တောင်တရုတ်ပင်လယ်အဏ္ဏဝါဗေဒအင်စတီကျုဒ်ပိုင် Shiyan 1 “ ရှီယန်း-ဝမ်း “ တိုင်းတာရေးသင်္ဘောဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် လာမည့်နှစ် မတ်လတွင် ကျင်းပရန်စီစဉ်ထားသည့် အိန္ဒိယရေတပ်မတော်၏ Milan 2020 naval drill “ မီလန်၂၀၂၀ ရေတပ်စစ်ရေးလေ့ကျင့်ပွဲ “ တွင် တရုတ်နိုင်ငံအား ဖိတ်ကြားမည်မဟုတ်ကြောင်း၊ ဖိတ်ကြားမည့် အခြား နိုင်ငံများမှာ ( ၄၁ ) နိုင်ငံရှိရာ အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ သြစတေးလျ၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့ ပါဝင်ကြောင်း၊ အိန္ဒိယက စိတ်တူသဘောတူအဖြစ် သတ်မှတ်ထားသည့် နိုင်ငံများနှင့်သာ အပြန်အလှန် ကူးလူးဆက်ဆံမည်ဖြစ်ပြီး ဥပဒေနှင့်အညီ လွတ်လပ်စွာရေကြောင်းသွားလာရေး၊ ပင်လယ်ပြင်ဘေးအန္တရာယ်ကင်းရေးနှင့် လုံခြုံရေးဆိုင်ရာ ဘုံအကျိုးစီးပွားများကို မျှဝေကြရန် အိန္ဒိယက စိတ်ပါဝင်စားကြောင်း ရေကြောင်း ဗိုလ်ချုပ်ကြီးက ပြောကြားသည်။
ထိုစဉ်အတောအတွင်း တရုတ်နိုင်ငံကလည်း လာမည့် ဇန်နဝါရီလတွင် အိန္ဒိယ၏ ယှဉ်ပြိုင်ဘက် ရန်သူတော် ပါကစ္စတန်နှင့် နှစ်နိုင်ငံရေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်ကြမည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့် ရှိသူက အတည်ပြုသည်။ သို့သော် အဆိုပါစစ်ရေးလေ့ကျင့်မှုသည် မည်သည့်နိုင်ငံအင်အား စုကိုမျှ ရည်ညွှန်းခြင်း မရှိပဲ၊ မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံနှင့် ပင်လယ်ရေကြောင်းဆိုင်ရာအသိုင်းအဝိုင်း၏ အနာဂတ်အလားအလာ များ မျှဝေခြင်းသာဖြစ်ကြောင်း အလေးအနက်ပြောကြားသည်။

- Htay Oung (အကုန်သိ သတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။