Skip to main content
ကုမ္ပဏီဆားဗစ်စင်တာကို အကြိမ်ရေ ၂၄၀၀၀ ဆက်တိုက် ဖုန်းခေါ်ခဲ့သော အမျိုးသား ဖမ်းဆီးခံရ
Ads Block

ကုမ္ပဏီဆားဗစ်စင်တာကို အကြိမ်ရေ ၂၄၀၀၀ ဆက်တိုက် ဖုန်းခေါ်ခဲ့သော အမျိုးသား ဖမ်းဆီးခံရ



Unicode Version

 

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အသက် ၇၁ နှစ် အရွယ် အာကီတိုရှီအိုကမိုတို အမည်ရှိ အမျိုးသား တစ်ယောက်ဟာ KDDI ကုမ္ပဏီရဲ့ ဖုန်းအော်ပရေတာကို အကြိမ်ရေ ၂၄၀၀၀ ဆက်တိုက် ဖုန်းခေါ်ဆို ခဲ့တာကြောင့် ဖမ်းဆီးအရေးယူခြင်း ခံရပါတယ်။
မစ္စတာအိုကမိုတို ဟာ KDDI ဆားဗစ်စင်တာက ဝန်ထမ်းတွေကို ဖုန်းခေါ်ဆိုပြီး အနှောင့်အယှက် ပေးခဲ့တဲ့အပြင် ဖုန်းမကိုင်ရင်လဲ ဆက်တိုက် မကိုင်မချင်းဖုန်းခေါ်ခဲ့တယ်လို့  တိုကျိုရဲတပ်ဖွဲ့က ပြောပါတယ်။ အိုကမိုတိုရဲ့ အကြိမ်ထောင်နဲ့ချီ ဆက်တိုက် ဖုန်းခေါ်ခြင်းကြောင့် ဆားဗစ်စင်တာဟာ တခြားဖောက်သည်တွေနဲ့ မချိတ်ဆက်နိုင်တော့ဘူးလို့ KDDI ကုမ္ပဏီက ပြောပါတယ်။
ဒါကြောင့် အိုကမိုတိုအား လုပ်ငန်းရဲ့ ပုံမှန်လည်ပတ်ရာမှာ အနှာင့်အယှက် ဖြစ်စေမူနဲ့ ဖမ်းဆီးအရေးယူခံရခြင်း ဖြစ်ပါတယ်လို့ ရဲတပ်ဖွဲ့က AFPသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

- ခိုင်ခိုင် ( အကုန်သိ သတင်းဌာန )  | Ref : bbc.com

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။