Skip to main content
ထိုင်းနိုင်ငံမှာ ဆွေမျိုးနီးစပ်တော်သူက မူးယစ်ဆေးဝါးထုတ် ခိုးယူခဲ့ခြင်းကြောင့် မီးရှို့သတ်ရန် ကြိုးစားခဲ့သော မိသားစုကို ဖမ်းဝရမ်းထုတ်ခဲ့
Ads Block
ထိုင်းနိုင်ငံမှာ ဆွေမျိုးနီးစပ်တော်သူက မူးယစ်ဆေးဝါးထုတ် ခိုးယူခဲ့ခြင်းကြောင့် မီးရှို့သတ်ရန် ကြိုးစားခဲ့သော မိသားစုကို ဖမ်းဝရမ်းထုတ်ခဲ့
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မာလေချမ်ပရာမမ် (၅၀ နှစ်) ကို ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်မူ၊ မီးရှို့သတ်ရန်ကြိုးစားမူတို့ကြောင့် ဆိုလေဂျီစ၀က်(၄၁ နှစ်)၊ ၄င်းရဲ့ ဇနီး ဂျန်တီရာဘင်စဟို(၃၆ နှစ်)၊ ဆွေမျိုးတော်စပ်သူ ရုန်ဂတ်ချမ်ပရာမန်(၂၆ နှစ်) နဲ့ ပတ်တရာပွန်ပတ်ချရက် (၂၉ နှစ်)တို့ကို ထိုင်းနိုင်ငံ ဆောင်ကလာလ် ပြည်နယ်တရားရုံးက ကြာသပတေးနေ့ညနေမှာ ဖမ်းဝရမ်း ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။
Unicode Version
ထိုင်းနိုင်ငံ ဘန်ခမ်းမြို့မှာ မက်သာဖီတမင်း မူးယစ်ဆေးဝါး ၃၀၀ ဂရမ် ခိုးယူခဲ့ခြင်းကြောင့်  ဆွေမျိုးတော်စပ်သူ အမျိုးသမီးအား ဓာတ်ဆီလောင်း မီးရှို့သတ်ရန်ကြိုးစားခဲ့သော မိသားစုတစ်စုကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်း ထုတ်ထားပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မာလေချမ်ပရာမမ် (၅၀ နှစ်) ကို ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်မူ၊ မီးရှို့သတ်ရန်ကြိုးစားမူတို့ကြောင့် ဆိုလေဂျီစဝက်(၄၁ နှစ်)၊ ၎င်းရဲ့ ဇနီး ဂျန်တီရာဘင်စဟို(၃၆ နှစ်)၊ ဆွေမျိုးတော်စပ်သူ ရုန်ဂတ်ချမ်ပရာမန်(၂၆ နှစ်) နဲ့ ပတ်တရာပွန်ပတ်ချရက် (၂၉ နှစ်)တို့ကို ထိုင်းနိုင်ငံ ဆောင်ကလာလ် ပြည်နယ်တရားရုံးက ကြာသပတေးနေ့ညနေမှာ ဖမ်းဝရမ်း ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။
ဖမ်းဝရမ်းထုတ်ထားတဲ့မိသားစုဟာ  မီသာဖက်တမင်း ၃၀၀ ဂရမ်ကို မစ္စမာလေ က ဘမ်ကလန်ခရိုက်မှာ ခိုးယူဖွတ်ထားတယ်လို့ ယုံကြည်ခဲ့ပြီး တနင်္ဂနွေနေ့က  ၎င်းမိသားစုဟာ မစ္စမာလေကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခြိမ်းခြောက်ကာ  တစ်ကိုယ်လုံးကို ဓတ်ဆီလောင်းပြီး မူးယစ်ဆေးဝါးထုတ် ဖွက်ထားတဲ့နေရာကို မေးခဲ့ပါတယ်။ မစ္စမာလေက မူးယစ်ဆေးဝါးထုတ်ကို  ရေဖျော်ပစ်လိုက်ပြီလို့ ပြောသောကြောင့်  မီးရှို့သတ်ခဲ့ခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ဒဏ်ရာတွေ ပြင်းထန်စွာ ရရှိနေတဲ့ သူမကို မြွေရေခွံအထုတ်တစ်ခုထဲထည့်ပြီး သူမအိမ်မှ ၁ ကီလိုမီတာ အကွာမှာ လွှင့်ပစ်ခဲ့ကြပါတယ်။ အာရုံတက်ချိန်လောက်မှာ သူမကို လူတစ်ယောက်က တွေ့ရှိခဲ့ပြီး ထက်ရိုင်ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း မစ္စမာလေက ပြောကြားခဲ့ပါတယ်။
မစ္စမာလေဟာ ပစ္စည်းအဟောင်းတွေကို ဝယ်ယူရောင်းချခြင်းဖြင့် အသက်မွေးကြောင်းပြုနေသူ ဖြစ်ပြီး သူမရဲ့ အမျိုးသားကတော့ မူးယစ်ဆေး တရားမဝင်ရောင်းဝယ်ခြင်းကြောင့် ဖမ်းဆီးအရေးယူခြင်း ခံထား ရပါတယ်။
- ခိုင်ခိုင် ( အကုန်သိ သတင်းဌာန)  | Ref : bangkokpost.com
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။