Skip to main content
ယခင္က အခြန္ေရွာင္သူမ်ားကို ဒဏ္ရိုက္ရာမွ ၂၅ ဘီလ်ံအထိရရွိေသာ္လည္း အခြန္ေဆာင္သူမ်ားလာသည့္အတြက္ ေလ်ာ့နည္း လာဟုဆုိ
Ads Block

ယခင္က အခြန္ေရွာင္သူမ်ားကို ဒဏ္ရိုက္ရာမွ ၂၅ ဘီလ်ံအထိရရွိေသာ္လည္း အခြန္ေဆာင္သူမ်ားလာသည့္အတြက္ ေလ်ာ့နည္း လာဟုဆုိ

ယခင္က အခြန္ေရွာင္သည့္ ကိစၥရပ္မ်ားအတြက္ တစ္နွစ္လွ်င္ ဒဏ္ေၾကး ၂၅ ဘီလ်ံအထိရရွိခဲ့ေသာ္လည္း ယခုေနာက္ပုိင္းတြင္ အခြန္ထမ္းႀကီးမ်ား အခြန္ေဆာင္လာေသာေၾကာင့္ ဒဏ္ေၾကးေငြ ရရိွမႈေလ်ာ့နည္းလာေၾကာင္း ျပည္တြင္းအခြန္မ်ား ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမင္းထြဋ္က ေျပာသည္။
အခြန္ေဆာင္သည့္ ကိစၥရပ္မ်ားနွင့္ စပ္လ်ဥ္း၍ အကုန္သိသတင္းဌာနက ဒီဇင္ဘာ ၆ ရက္ ဆက္သြယ္ေမးျမန္းရာတြင္ ျပည္တြင္း အခြန္မ်ားဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမင္းထြဋ္က ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“မင္းသား၊ မင္းသမီးေတြကုိ အခုေလာေလာဆယ္မွာေတာ့ အခြန္ေရွာင္လုိ႔ အေရးယူတာမရွိေသးဘူး။ ဒဏ္ရုိက္တာေတာ့ ရွိ တယ္။ တရားစြဲတယ္ ဘာညာေတာ့ မရွိေသးဘူး။ ကုမၸဏီေတြ က်န္တဲ့လူေတြကေတာ့ အေရးယူတာ ေတာက္ေလွ်ာက္ အေရး ယူတယ္။ တစ္နွစ္ကုိ ဒဏ္ရုိက္တာ ဘယ္ေလာက္ေလာက္ရုိက္လဲဆုိလုိ႔ရွိရင္ ၂၅ ဘီလ်ံေလာက္ ပုံမွန္ရုိက္တယ္။ အခုေနာက္ ပုိင္းမွာေတာ့ နည္းနည္းေလး ဒဏ္ရုိက္တာ ေလ်ာ့လာတယ္။ အခြန္ထမ္းႀကီးေတြက လုိက္နာေဆာင္ရြက္တာ အားေကာင္းလာ တယ္။ ဟုိတုန္းကေတာ့ ၂၅၊ ၃၀ ဘီလ်ံေလာက္ တစ္နွစ္၊ တစ္ႏွစ္ကုိ ပုံမွန္ဒဏ္ရုိက္တယ္။ အခုေနာက္ပုိင္းမွာေတာ့ အခြန္ထမ္း ကုိယ္တုိင္ အခြန္စည္းၾကပ္တဲ့ စနစ္ကုိေျပာင္းလာေတာ့ အခြန္ထမ္းႀကီးေတြကေတာ့ လုိက္နာေဆာင္ရြက္တာ အားေကာင္းလာ တယ္။ အခုဆုိရင္ အသက္ေမြး၀မ္းေက်ာင္းပညာနဲ႔ ၀င္ေငြရွာတဲ့လူ အဲဒီလူေတြက အခြန္လုိက္နာတာေတာ့ အားနည္းတာေပါ့”ဟု ၄င္းက ေျပာသည္။
ျပည္တြင္းခြန္မ်ားဦးစီးဌာနမွ ဒီဇင္ဘာ ၅ ရက္က ထုတ္ျပန္သည့္ ေၾကညာခ်က္တြင္ အသက္ေမြး၀မ္းေက်ာင္း ပညာလုပ္ငန္းမွ ၀င္ ေငြရရွိသူမ်ားသုိ႔ အသိေပးႏႈိးေဆာ္ျခင္းဟူ၍ အခြန္ေဆာင္ရန္ အက်ဳံး၀င္သည့္ ပုဂၢဳိလ္မ်ားဟူေသာ စကားရပ္တြင္ အႏုပညာရွင္၊ ဆရာ၀န္၊ အင္ဂ်င္နီ ယာ၊ ဗိသုကာ ပညာရွင္၊ သူနာျပဳ၊ ဆရာမ၊ ေရွ႕ေန၊ စာေရးဆရာ၊ ပန္းခ်ီဆရာ၊ စာေရးစစ္ စသည့္တုိ႔ပါ၀င္ၿပီး အက်ဳံး၀င္သည့္ ၀င္ ေငြမ်ား စကားရပ္တြင္ မိမိကြ်မ္းက်င္သည့္ လုပ္ငန္းကုိ ၀န္ေဆာင္ခရယူ၍ ေဆာင္ရြက္ေပးသည့္ လုပ္ငန္းဟူ ၍ ေဖာ္ျပပါရွိသည္။

- မင္းသီဟန္ ( အကုန္သိသတင္းဌာန )

Unicode Version

 

ယခင်က အခွန်ရှောင်သည့် ကိစ္စရပ်များအတွက် တစ်နှစ်လျှင် ဒဏ်ကြေး ၂၅ ဘီလျံအထိရရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အခွန်ထမ်းကြီးများ အခွန်ဆောင်လာသောကြောင့် ဒဏ်ကြေးငွေ ရရှိမှုလျော့နည်းလာကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။
အခွန်ဆောင်သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကုန်သိသတင်းဌာနက ဒီဇင်ဘာ ၆ ရက် ဆက်သွယ်မေးမြန်းရာတွင် ပြည်တွင်း အခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“မင်းသား၊ မင်းသမီးတွေကို အခုလောလောဆယ်မှာတော့ အခွန်ရှောင်လို့ အရေးယူတာမရှိသေးဘူး။ ဒဏ်ရိုက်တာတော့ ရှိ တယ်။ တရားစွဲတယ် ဘာညာတော့ မရှိသေးဘူး။ ကုမ္ပဏီတွေ ကျန်တဲ့လူတွေကတော့ အရေးယူတာ တောက်လျှောက် အရေး ယူတယ်။ တစ်နှစ်ကို ဒဏ်ရိုက်တာ ဘယ်လောက်လောက်ရိုက်လဲဆိုလို့ရှိရင် ၂၅ ဘီလျံလောက် ပုံမှန်ရိုက်တယ်။ အခုနောက် ပိုင်းမှာတော့ နည်းနည်းလေး ဒဏ်ရိုက်တာ လျော့လာတယ်။ အခွန်ထမ်းကြီးတွေက လိုက်နာဆောင်ရွက်တာ အားကောင်းလာ တယ်။ ဟိုတုန်းကတော့ ၂၅၊ ၃၀ ဘီလျံလောက် တစ်နှစ်၊ တစ်နှစ်ကို ပုံမှန်ဒဏ်ရိုက်တယ်။ အခုနောက်ပိုင်းမှာတော့ အခွန်ထမ်း ကိုယ်တိုင် အခွန်စည်းကြပ်တဲ့ စနစ်ကိုပြောင်းလာတော့ အခွန်ထမ်းကြီးတွေကတော့ လိုက်နာဆောင်ရွက်တာ အားကောင်းလာ တယ်။ အခုဆိုရင် အသက်မွေးဝမ်းကျောင်းပညာနဲ့ ဝင်ငွေရှာတဲ့လူ အဲဒီလူတွေက အခွန်လိုက်နာတာတော့ အားနည်းတာပေါ့”ဟု ၎င်းက ပြောသည်။
ပြည်တွင်းခွန်များဦးစီးဌာနမှ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းမှ ဝင် ငွေရရှိသူများသို့ အသိပေးနှိုးဆော်ခြင်းဟူ၍ အခွန်ဆောင်ရန် အကျုံးဝင်သည့် ပုဂ္ဂိုလ်များဟူသော စကားရပ်တွင် အနုပညာရှင်၊ ဆရာဝန်၊ အင်ဂျင်နီ ယာ၊ ဗိသုကာ ပညာရှင်၊ သူနာပြု၊ ဆရာမ၊ ရှေ့နေ၊ စာရေးဆရာ၊ ပန်းချီဆရာ၊ စာရေးစစ် စသည့်တို့ပါဝင်ပြီး အကျုံးဝင်သည့် ဝင် ငွေများ စကားရပ်တွင် မိမိကျွမ်းကျင်သည့် လုပ်ငန်းကို ဝန်ဆောင်ခရယူ၍ ဆောင်ရွက်ပေးသည့် လုပ်ငန်းဟူ ၍ ဖော်ပြပါရှိသည်။

- မင်းသီဟန် ( အကုန်သိသတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။