Skip to main content
လာမည့္ ဇြန္လတြင္မွ နည္းျပေလာကသို႔ ျပန္လည္၀င္ေရာက္လာမည္ဟု အယ္လီဂရီ ေျပာဆုိ
Ads Block

လာမည့္ ဇြန္လတြင္မွ နည္းျပေလာကသို႔ ျပန္လည္၀င္ေရာက္လာမည္ဟု အယ္လီဂရီ ေျပာဆုိ

အီတလီလူမ်ိဳးနည္းျပ မက္ဆီမီလီယာႏို အယ္လီဂရီ က ၎အေနျဖင့္ လာမည့္ ေႏြရာသီမွသာ နည္းျပေလာကသုိ႔ ျပန္လည္၀င္ေရာက္လာမည္ျဖစ္ေၾကာင္း ေျပာဆုိခဲ့သည္။ အသက္ ၅၂ ႏွစ္အရြယ္ရွိ နည္းျပ အယ္လီဂရီသည္ ၂၀၈-၁၉ ခုႏွစ္ေဘာလံုးရာသီအကုန္တြင္ ဂ်ဴဗင္တပ္ အသင္းနည္းျပရာထူးမွ ႏုတ္ထြက္ခဲ့သူျဖစ္သည္။ဂ်ဴဗင္တပ္အသင္းအား ၿပီးခဲ့သည့္ ေဘာလံုးရာသီ ၅ ရာသီဆက္တိုက္ အမွတ္ေပး ခ်န္ပီယံဆုဖလားဆြတ္ခူးႏုိင္ေစရန္ ဦးေဆာင္ေပးႏုိင္ခဲ့သူျဖစ္သည္။ အဂၤလန္ကလပ္မ်ားျဖစ္သည့္ မန္ယူႏွင့္ အာဆင္နယ္အသင္းတုိ႔သည္ မန္ေနဂ်ာသစ္ ခန္႔အပ္ရန္ ရွာေဖြေနၿပီး ပရိသတ္မ်ားကလည္း အီတလီတြင္ ေအာင္ျမင္မႈမ်ား ရယူႏိုင္ခဲ့သူ အယ္လီဂရီအား ေခၚယူရန္ သက္ဆုိင္ရာအသင္းမ်ားကို ေတာင္းဆုိလ်က္ရွိသည္။ ESPN ႏွင့္ျပဳလုပ္ခဲ့သည့္ အင္တာဗ်ဴးအစီအစဥ္တြင္ နည္းျပ အယ္လီဂရီက “လာမယ့္ ဇြန္လမွာ နည္းျပေလာက ကို ျပန္လည္၀င္ေရာက္ျဖစ္မွာပါ။ ၾကားကာလကိုေတာ့ ခြင့္ကာလလို႔ပဲ ေခၚရမလားမသိဘူး။ ဂ်ဴဗင္တပ္အသင္းနဲ႔ လမ္းခြဲဖို႔ ဆံုးျဖတ္ၿပီးတဲ့ေနာက္ပိုင္းမွာ နည္းျပေလာကကေန တစ္ႏွစ္အနားယူဖို႔ကိုလည္း ဆံုးျဖတ္ခဲ့တာပါ။ ကၽြန္ေတာ္က ကစားသမားအျဖစ္ ၁၈ ႏွစ္၊ နည္းျပအျဖစ္ ၁၆ ႏွစ္ လုပ္ကိုင္ခဲ့ၿပီးပါၿပီ။ ေဘာလံုးေလာကမွာ ၃၄ ႏွစ္ၾကာ က်င္လည္ခဲ့ၿပီး အခုလို တစ္ႏွစ္အနားယူရတာကို ေပ်ာ္ရႊင္မိပါတယ္”ဟု ေျပာဆုိခဲ့သည္။ ဆက္လက္၍ အယ္လီဂရီ က အားလပ္ရက္မ်ားအတြင္း အဂၤလိပ္ ဘာသာစကားကုိ ေလ့လာေနေၾကာင္း၊ အဂၤလိပ္ဘာသာစကား ကၽြမ္းက်င္ေရးကို အေထာက္အကူျပဳေစရန္အတြက္ အဂၤလိပ္႐ုပ္ရွင္ဇာတ္ကားမ်ားကိုလည္း ၾကည့္႐ႈေနေၾကာင္း ဆက္လက္ ေျပာဆိုခဲ့သည္။ “ကၽြန္ေတာ္က အဂၤလိပ္စာသင္ခန္းစာေတြကို ေလ့လာေနပါတယ္။ ကၽြန္ေတာ္အေနနဲ႔ အေျပာပို္္င္းကိုေတာ့ အေတာ္ေလး ပိုင္ႏုိင္ေနပါၿပီ။ နားေထာင္တဲ့အပိုင္းကေတာ့ ပိုမိုခက္ခဲေနတာ ေတြ႕ရတယ္။ တကယ္လို႔ ကၽြန္ေတာ္က တစ္စံုတစ္ဦးနဲ႔ အဂၤလိပ္လိုေျပာမယ္ဆုိရင္ အဲဒီလူက ကၽြန္ေတာ့္ကို ကူညီတဲ့အေနနဲ႔ ခပ္ျဖည္းျဖည္းေျပာမယ္ဆိုရင္ေတာ့ သူေျပာတာကို ကၽြန္ေတာ္ နားလည္ပါတယ္။ အခုလည္း အဂၤလိပ္ဘာသာ စကား နားလည္ဖို႔အတြက္ အဂၤလိပ္႐ုပ္ရွင္ဇာတ္ကားေတြ ၾကည့္႐ႈေနတယ္”ဟု ေျပာဆုိခဲ့သည္။ နည္းျပ အယ္လီဂရီသည္ ဆာစူအိုလုိ၊ ကယ္ဂလီယာရီ၊ ေအစီမီလန္ စသည့္ အသင္းမ်ားကိုလည္း တာ၀န္ယူခဲ့ဖူးသူျဖစ္ၿပီး ေအစီမီလန္အသင္းကို ၂၀၁၀-၁၁ ခုႏွစ္ရာသီတြင္ စီးရီးေအခ်န္ပီယံဆု ဆြတ္ခူးႏုိင္ေစရန္ ဦးေဆာင္ေပႏုိင္ခဲ့သည္။

- အကုန္သိ သတင္းဌာန

Unicode Version

 

အီတလီလူမျိုးနည်းပြ မက်ဆီမီလီယာနို အယ်လီဂရီ က ၎င်းအနေဖြင့် လာမည့် နွေရာသီမှသာ နည်းပြလောကသို့ ပြန်လည်ဝင်ရောက်လာမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အသက် ၅၂ နှစ်အရွယ်ရှိ နည်းပြ အယ်လီဂရီသည် ၂၀၈-၁၉ ခုနှစ်ဘောလုံးရာသီအကုန်တွင် ဂျူဗင်တပ် အသင်းနည်းပြရာထူးမှ နုတ်ထွက်ခဲ့သူဖြစ်သည်။ဂျူဗင်တပ်အသင်းအား ပြီးခဲ့သည့် ဘောလုံးရာသီ ၅ ရာသီဆက်တိုက် အမှတ်ပေး ချန်ပီယံဆုဖလားဆွတ်ခူးနိုင်စေရန် ဦးဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။ အင်္ဂလန်ကလပ်များဖြစ်သည့် မန်ယူနှင့် အာဆင်နယ်အသင်းတို့သည် မန်နေဂျာသစ် ခန့်အပ်ရန် ရှာဖွေနေပြီး ပရိသတ်များကလည်း အီတလီတွင် အောင်မြင်မှုများ ရယူနိုင်ခဲ့သူ အယ်လီဂရီအား ခေါ်ယူရန် သက်ဆိုင်ရာအသင်းများကို တောင်းဆိုလျက်ရှိသည်။ ESPN နှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးအစီအစဉ်တွင် နည်းပြ အယ်လီဂရီက “လာမယ့် ဇွန်လမှာ နည်းပြလောက ကို ပြန်လည်ဝင်ရောက်ဖြစ်မှာပါ။ ကြားကာလကိုတော့ ခွင့်ကာလလို့ပဲ ခေါ်ရမလားမသိဘူး။ ဂျူဗင်တပ်အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ပြီးတဲ့နောက်ပိုင်းမှာ နည်းပြလောကကနေ တစ်နှစ်အနားယူဖို့ကိုလည်း ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော်က ကစားသမားအဖြစ် ၁၈ နှစ်၊ နည်းပြအဖြစ် ၁၆ နှစ် လုပ်ကိုင်ခဲ့ပြီးပါပြီ။ ဘောလုံးလောကမှာ ၃၄ နှစ်ကြာ ကျင်လည်ခဲ့ပြီး အခုလို တစ်နှစ်အနားယူရတာကို ပျော်ရွှင်မိပါတယ်”ဟု ပြောဆိုခဲ့သည်။ ဆက်လက်၍ အယ်လီဂရီ က အားလပ်ရက်များအတွင်း အင်္ဂလိပ် ဘာသာစကားကို လေ့လာနေကြောင်း၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ရေးကို အထောက်အကူပြုစေရန်အတွက် အင်္ဂလိပ်ရုပ်ရှင်ဇာတ်ကားများကိုလည်း ကြည့်ရှုနေကြောင်း ဆက်လက် ပြောဆိုခဲ့သည်။ “ကျွန်တော်က အင်္ဂလိပ်စာသင်ခန်းစာတွေကို လေ့လာနေပါတယ်။ ကျွန်တော်အနေနဲ့ အပြောပို်င်းကိုတော့ အတော်လေး ပိုင်နိုင်နေပါပြီ။ နားထောင်တဲ့အပိုင်းကတော့ ပိုမိုခက်ခဲနေတာ တွေ့ရတယ်။ တကယ်လို့ ကျွန်တော်က တစ်စုံတစ်ဦးနဲ့ အင်္ဂလိပ်လိုပြောမယ်ဆိုရင် အဲဒီလူက ကျွန်တော့်ကို ကူညီတဲ့အနေနဲ့ ခပ်ဖြည်းဖြည်းပြောမယ်ဆိုရင်တော့ သူပြောတာကို ကျွန်တော် နားလည်ပါတယ်။ အခုလည်း အင်္ဂလိပ်ဘာသာ စကား နားလည်ဖို့အတွက် အင်္ဂလိပ်ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ရှုနေတယ်”ဟု ပြောဆိုခဲ့သည်။ နည်းပြ အယ်လီဂရီသည် ဆာစူအိုလို၊ ကယ်ဂလီယာရီ၊ အေစီမီလန် စသည့် အသင်းများကိုလည်း တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး အေစီမီလန်အသင်းကို ၂၀၁၀-၁၁ ခုနှစ်ရာသီတွင် စီးရီးအေချန်ပီယံဆု ဆွတ်ခူးနိုင်စေရန် ဦးဆောင်ပေနိုင်ခဲ့သည်။

- အကုန်သိ သတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။