Skip to main content
အီတလီသတင္းစာတစ္ေစာင္အား လူကာကူႏွင့္ စေမာလင္းတို႔ ျပစ္တင္ေ၀ဖန္
Ads Block

အီတလီသတင္းစာတစ္ေစာင္အား လူကာကူႏွင့္ စေမာလင္းတို႔ ျပစ္တင္ေ၀ဖန္

အင္တာမီလန္တိုက္စစ္မွဴး လူကာကူႏွင့္ ႐ုိမာအသင္းဗဟိုခံစစ္မွဴး ခရစ္စေမာလင္းတို႔သည္ အီတလီသတင္းစာ Correire dello Sport အား လူမႈေရးစာမ်က္ႏွာမွတဆင့္ ျပစ္တင္ေရးသားမႈ ျပဳလုပ္ခဲ့ေၾကာင္း သတင္းမ်ားတြင္ ေရးသားေဖာ္ျပထားသည္။ Correire dello Sport သတင္းစာသည္ ယေန႔ညတြင္ အင္တာမီလန္အသင္းက ႐ိုမာအသင္းအား အိမ္ကြင္း၌ လက္ခံကစားရမည့္ စီးရီးေအ ပြဲစဥ္အတြက္ ပြဲႀကိဳေဖာ္ျပရာတြင္ BLACK FIRDAY ဟု ေခါင္းစဥ္တပ္ကာ ေရးသား ေဖာ္ျပခဲ့ျခင္းေၾကာင့္ ဘယ္ဂ်ီယံကစားသမား လူကာကူႏွင့္ အဂၤလန္ကစားသမား စေမာလင္းတုိ႔က ျပစ္တင္ ေရးသားမႈျပဳလုပ္ ခဲ့ျခင္းျဖစ္သည္။ ထုိသုိ႔ေဖာ္ျပမႈေၾကာင့္ အင္တာမီလန္အသင္းႏွင့္ ႐ိုမာအသင္းတုိ႔သည္လည္း Corriere dello Sport သတင္းစာအား အသင္းႏွင့္ဆက္သြယ္ခြင့္ပိတ္ပင္ထားသည္ဟု ဆုိသည္။ ယခုႏွစ္ေဘာလံုးရာသီအေစာပိုင္းကလည္း ကယ္ဂလီယာရီအသင္း ပရိသတ္မ်ားသည္ ေမ်ာက္ေအာ္ သံမ်ား ျပဳလုပ္ကာ တိုက္စစ္မွဴး လူကာကူအေပၚ လူမ်ိဳးေရးခြဲျခားမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။ ဗဟိုခံစစ္မွဴး စေမာလင္းက “ကၽြန္ေတာ္က အေရးပါတဲ့ပြဲအေၾကာင္းကုိပဲ အာ႐ံုစိုက္ထားခ်င္ခဲ့တာပါ။ မနက္ပိုင္းမွာေတာ့ လြဲမွားၿပီး ကိုယ္ခ်င္းစာနာစိတ္ကင္းမဲ့တဲ့ အေၾကာင္းအရာတစ္ခုကို ကၽြန္ေတာ္ သတိျပဳမိခဲ့ပါတယ္။ အခုလို ေခါင္းစဥ္တပ္ေဖာ္ျပမႈမွာ ပါ၀င္ခဲ့တဲ့ အယ္ဒီတာေတြအေနနဲ႔ ဒီကိစၥကို တာ၀န္ယူလိမ့္မယ္လို႔ ကၽြန္ေတာ္ ေမွ်ာ္လင့္ပါတယ္”ဟု ေရးသားခဲ့သည္။  လူကာကူကလည္း “Correire dello Sport သတင္းစာက တာ၀န္ရွိသူေတြဟာ အသင္းႀကီး ႏွစ္သင္းရဲ႕ ဆံုေတြ႕မႈအေပၚ အာ႐ံုစုိက္ရမယ့္အစား ကၽြန္ေတာ္ အၿမဲတမ္း ျမင္ေတြ႕ေနက်ျဖစ္တဲ့ မိုက္မဲတဲ့ ေခါင္းစဥ္တပ္မႈမ်ိဳး ျပဳလုပ္ခဲ့တယ္။ သူတုိ႔ဟာ ဆန္စီ႐ိုကြင္းမွာ အသင္းႀကီး ႏွစ္သင္းဆံုေတြ႕မယ့္ပြဲအေပၚ အာ႐ံု မစိုက္ဘဲ လူမ်ိဳးေရးခြဲျခားမႈနဲ႔ မေကာင္းတဲ့ အေတြးအျမင္ေဆာင္တဲ့ လုပ္ရပ္ကိုသာ အာ႐ံုစုိက္ခဲ့ပါတယ္။ အသိပညာရွိဖို႔က အေရးႀကီးတယ္။ Correire dello Sport သတင္းစာကလူေတြအေနနဲ႔ သူတို႔ရဲ႕ “ အလုပ္ကို အခုထက္ ပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္ဖုိ႔ လိုတယ္”ဟု ေရးသားခဲ့သည္။ ၿပီးခဲ့သည့္ ေႏြရာသီအတြင္းတြင္ လူကာကူသည္ မန္ယူမွ အင္တာမီလန္သို႔ ေျပာင္းေရႊ႕ေၾကး ယူ႐ို သန္း ၉၀ ျဖင့္ ေျပာင္းေရႊ႕ခဲ့သူျဖစ္ကာ စေမာလင္းသည္ ႐ိုမာအသင္းသို႔ တစ္ရာသီ အငွားစာခ်ဳပ္ျဖင့္ ေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး လူကာကူႏွင့္ စေမာလင္းတုိ႔သည္ စီးရီးေအၿပိဳင္ပြဲတြင္ ေျခစြမ္းျပ ကစားေနသူမ်ားျဖစ္သည္။ ယခုႏွစ္ စီးရီးေအၿပိဳင္ပြဲ၏ ပြဲစဥ္ ၁၄ ကစားၿပီးခ်ိန္တြင္ အင္တာမီလန္အသင္း သည္ ရမွတ္ ၃၇ မွတ္ျဖင့္ အမွတ္ေပးဇယားကို ဦးေဆာင္ေနကာ ႐ိုမာအသင္းသည္ ရမွတ္ ၂၈ မွတ္ျဖင့္ အဆင့္ ၅ ေနရာတြင္ ရပ္တည္ေနသည္။ Correire dello Sport သတင္းစာကမူ BLACK FRIDAY ေခါင္းစဥ္ႏွင့္ပတ္သက္၍ လူမ်ိဳးေရးခြဲျခင္းမဟုတ္ေၾကာင္း၊ မိမိတို႔သတင္းစာသည္ လြတ္လပ္ခြင့္ႏွင့္ တန္းတူ ညီမွ်ခြင့္အတြက္ တိုက္ပြဲ၀င္ေနသည့္ သတင္းစာျဖစ္ေၾကာင္း ကာကြယ္ေျပာဆုိမႈျပဳလုပ္ခဲ့သည္။

- အကုန္သိ သတင္းဌာန

Unicode Version

 

အင်တာမီလန်တိုက်စစ်မှူး လူကာကူနှင့် ရိုမာအသင်းဗဟိုခံစစ်မှူး ခရစ်စမောလင်းတို့သည် အီတလီသတင်းစာ Correire dello Sport အား လူမှုရေးစာမျက်နှာမှတဆင့် ပြစ်တင်ရေးသားမှု ပြုလုပ်ခဲ့ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ Correire dello Sport သတင်းစာသည် ယနေ့ညတွင် အင်တာမီလန်အသင်းက ရိုမာအသင်းအား အိမ်ကွင်း၌ လက်ခံကစားရမည့် စီးရီးအေ ပွဲစဉ်အတွက် ပွဲကြိုဖော်ပြရာတွင် BLACK FIRDAY ဟု ခေါင်းစဉ်တပ်ကာ ရေးသား ဖော်ပြခဲ့ခြင်းကြောင့် ဘယ်ဂျီယံကစားသမား လူကာကူနှင့် အင်္ဂလန်ကစားသမား စမောလင်းတို့က ပြစ်တင် ရေးသားမှုပြုလုပ် ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖော်ပြမှုကြောင့် အင်တာမီလန်အသင်းနှင့် ရိုမာအသင်းတို့သည်လည်း Corriere dello Sport သတင်းစာအား အသင်းနှင့်ဆက်သွယ်ခွင့်ပိတ်ပင်ထားသည်ဟု ဆိုသည်။ ယခုနှစ်ဘောလုံးရာသီအစောပိုင်းကလည်း ကယ်ဂလီယာရီအသင်း ပရိသတ်များသည် မျောက်အော် သံများ ပြုလုပ်ကာ တိုက်စစ်မှူး လူကာကူအပေါ် လူမျိုးရေးခွဲခြားမှုများ ပြုလုပ်ခဲ့ကြသည်။ ဗဟိုခံစစ်မှူး စမောလင်းက “ကျွန်တော်က အရေးပါတဲ့ပွဲအကြောင်းကိုပဲ အာရုံစိုက်ထားချင်ခဲ့တာပါ။ မနက်ပိုင်းမှာတော့ လွဲမှားပြီး ကိုယ်ချင်းစာနာစိတ်ကင်းမဲ့တဲ့ အကြောင်းအရာတစ်ခုကို ကျွန်တော် သတိပြုမိခဲ့ပါတယ်။ အခုလို ခေါင်းစဉ်တပ်ဖော်ပြမှုမှာ ပါဝင်ခဲ့တဲ့ အယ်ဒီတာတွေအနေနဲ့ ဒီကိစ္စကို တာဝန်ယူလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”ဟု ရေးသားခဲ့သည်။  လူကာကူကလည်း “Correire dello Sport သတင်းစာက တာဝန်ရှိသူတွေဟာ အသင်းကြီး နှစ်သင်းရဲ့ ဆုံတွေ့မှုအပေါ် အာရုံစိုက်ရမယ့်အစား ကျွန်တော် အမြဲတမ်း မြင်တွေ့နေကျဖြစ်တဲ့ မိုက်မဲတဲ့ ခေါင်းစဉ်တပ်မှုမျိုး ပြုလုပ်ခဲ့တယ်။ သူတို့ဟာ ဆန်စီရိုကွင်းမှာ အသင်းကြီး နှစ်သင်းဆုံတွေ့မယ့်ပွဲအပေါ် အာရုံ မစိုက်ဘဲ လူမျိုးရေးခွဲခြားမှုနဲ့ မကောင်းတဲ့ အတွေးအမြင်ဆောင်တဲ့ လုပ်ရပ်ကိုသာ အာရုံစိုက်ခဲ့ပါတယ်။ အသိပညာရှိဖို့က အရေးကြီးတယ်။ Correire dello Sport သတင်းစာကလူတွေအနေနဲ့ သူတို့ရဲ့ “ အလုပ်ကို အခုထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့ လိုတယ်”ဟု ရေးသားခဲ့သည်။ ပြီးခဲ့သည့် နွေရာသီအတွင်းတွင် လူကာကူသည် မန်ယူမှ အင်တာမီလန်သို့ ပြောင်းရွှေ့ကြေး ယူရို သန်း ၉၀ ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ကာ စမောလင်းသည် ရိုမာအသင်းသို့ တစ်ရာသီ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လူကာကူနှင့် စမောလင်းတို့သည် စီးရီးအေပြိုင်ပွဲတွင် ခြေစွမ်းပြ ကစားနေသူများဖြစ်သည်။ ယခုနှစ် စီးရီးအေပြိုင်ပွဲ၏ ပွဲစဉ် ၁၄ ကစားပြီးချိန်တွင် အင်တာမီလန်အသင်း သည် ရမှတ် ၃၇ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေကာ ရိုမာအသင်းသည် ရမှတ် ၂၈ မှတ်ဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်နေသည်။ Correire dello Sport သတင်းစာကမူ BLACK FRIDAY ခေါင်းစဉ်နှင့်ပတ်သက်၍ လူမျိုးရေးခွဲခြင်းမဟုတ်ကြောင်း၊ မိမိတို့သတင်းစာသည် လွတ်လပ်ခွင့်နှင့် တန်းတူ ညီမျှခွင့်အတွက် တိုက်ပွဲဝင်နေသည့် သတင်းစာဖြစ်ကြောင်း ကာကွယ်ပြောဆိုမှုပြုလုပ်ခဲ့သည်။

- အကုန်သိ သတင်းဌာန

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။